အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, October 7, 2015

ဝက်ဝံလည်စိကို တံတောင်နဲ့ တွတ်ပြီး သေဘေးက လွတ်လာတဲ့ မုဆိုး




အမေရိကန်၊ မွန်တားနာ ပြည်နယ်က မြှားပစ် မုဆိုး တစ်ယောက်ဟာ မြောက်အမေရိက ၀က်ဝံကြီး (Grizzly) တစ်ကောင်ရဲ့ ကုတ်ဖဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရရာမှ ၀က်ဝံကြီးရဲ့လည်စိကို တံတောင်နဲ့ တွတ်ပြီး အသက်ရှင်နိုင် ခဲ့တယ်လို့ သိရပါတယ်။ ၀က်ဝံလည်စိကို တံတောင်နဲ့ တွတ်ရတယ် ဆိုတဲ့ သူ့အဖွားရဲ့ နည်းပေး လမ်းပြ ခဲ့မှုကို သွား သတိရပြီး အခုလို လုပ်နိုင် ခဲ့တာပါ။

ဒီအာဂ မုဆိုးရဲ့ နာမည်ကတော့ Chase Dellwo ဖြစ်ပြီး အစ်ကိုဖြစ်သူနဲ့ ချိုတီအူမြို့ အနောက် မြောက်ပိုင်းမှာ အမဲလိုက် ခဲ့ရာကနေ ပေါင် ၄၀၀ လောက်ရှိတဲ့ Grizzly ၀က်ဝံကြီးနဲ့ မျက်နှာချင်းဆိုင် တွေ့ခဲ့တာ ဖြစ်ပါတယ်။ သမင်အုပ်ကို သူ့အစ်ကိုစောင့်နေတဲ့ နေရာစီ မောင်းဖို့ အတွက် ရေစီးကြောင်း တစ်လျှောက် လမ်းလျှောက် နေခဲ့တဲ့ အချိန်မှာပါ။

ဝက်ဝံကြီးကို သတိထား မိတော့ သူနဲ့ ၃ပေပဲ ကွာပါတော့တယ်။ Grizzly ၀က်ဝံကြီးက အိပ်နေတာဖြစ်ပြီး နှင်းတွေ၊ မိုးတွေ၊ လေတွေကြောင့် သူလာတာကို မြင်ပုံ မရဘူးလို့ ဆိုပါတယ်။ ၀က်ဝံက Dellwo ရဲ့ခြေထောက်ကို နင်းပြီး ခေါင်းကို မကိုက်ခင်မှာ ခြေလှမ်းနည်းနည်း ဆုတ်ချိန်ပဲ ရှိခဲ့တယ်လို့ သူကပြော ပါတယ်။

“သူက ကျွန်တော့်ကိုသွားခွင့်တော့ ပြုခဲ့တယ်၊ ဒါပေမဲ့ ကျွန်တော့်ကိုတော့ ဟိန်းဟောက်နေ တုန်းပဲ၊ ကြားဖူးသမျှ ထဲမှာ အကျယ်ဆုံး ဟိန်းသံပဲ။ ဟိုးအရင်တုန်းက ကျွန်တော့် အဖွားပေး ခဲ့ဖူးတဲ့ ဆောင်းပါး တစ်ပုဒ်ကိုသွား သတိရတယ်။ သားကောင်ကြီးတွေမှာ ချက်ကောင်းတွေ ရှိတယ်တဲ့။ ဒါကြောင့် သူ့လည်စိကို ကျွန်တော့် ညာတံတောင်နဲ့ တွတ်ခဲ့တာ။” လို့ သူကပြောပါတယ်။

သူ့အကြံက တကယ်ပဲ အလုပ်ဖြစ်ခဲ့ပါတယ်။ ၀က်ဝံကြီးက လှည့်ပြေး သွားခဲ့တယ်လေ။

Dellwo က သူ့အစ်ကိုဆီ ရောက်အောင်သွားခဲ့ပြီး သူ့အစ်ကိုက ဆေးရုံ လိုက်ပို့ခဲ့ပါတယ်။ Dellwo ဟာ ခေါင်းနဲ့ မျက်နှာမှာ ဒဏ်ရာတွေကို ချုပ်ခဲ့ရပြီး မျက်လုံး တစ်လုံး ဖူးယောင်ခဲ့ ပါတယ်။ သူ့ခြေထောက်က ဒဏ်ရာ ပေါက်ကတော့ တော်တော် နက်ပါတယ်။

“၀က်ဝံကြီးမှာ ဘာအပြစ်မှ မရှိဘူးဆိုတာ လူတိုင်းကို သိစေချင်တယ်။ ကျွန်တော်က သူ့ကိုကြောက်အောင် သွားလုပ်ခဲ့မိတာပါ။” လို့ သူကပြော ပါတယ်။

Original link - http://knowledge.thithtoolwin.com/2015/10/blog-post_72.html


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...