အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label ကလေးစွန့်ပစ်မှု. Show all posts
Showing posts with label ကလေးစွန့်ပစ်မှု. Show all posts

Friday, October 16, 2015

မွေးကာစကလေး လမ်းဘေးက အမှိုက်အိတ်ထဲမှာတွေ့




မွေးကာစကလေး သေးသေးလေးကို လမ်းဘေးက အမှိုက်အိတ် အနက်ရောင် ထဲမှာ အသက်ရှင်လျက် တွေ့ခဲ့ရ ပါတယ်။ ချက်ကြိုးတောင် မဖြတ် ရသေးပါဘူး။ လမ်းဘေးက အိတ် အနက်ထဲ ကလေးကို ရှာတွေ့ခဲ့ ကြတဲ့အချိန်မှာ လူတစ်စုက ကူညီပေး ခဲ့ကြတယ်လို့ သိရပါတယ်။

လက်လေး ကားကား ကားကား လုပ်ပြီး အသက်ရှင်လျက် တွေ့ရတာကို လူတွေက အံ့သြ ခဲ့ကြပြီး ပရဟိတစိတ် ရှိတဲ့ အမျိုးသမီး တစ်ယောက်က ကောက်ချီ ခဲ့ပါတယ်။ ပန်းရောင် ဝတ်စုံနဲ့ အမျိုးသမီး တစ်ဦးက ကလေးကို အိတ်ထဲက မထုတ်ခင်မှာ သန့်ရှင်းရေး လက်အိတ် အရင်ဝတ် ခဲ့ပါသေးတယ်။ ချက်ကြိုး တန်းလန်းနဲ့ ကလေးကို ကောက်ချီလိုက်တဲ့ အခါမှာတော့ ချက်ကြိုးတင် မဟုတ်ဘဲ၊ အချင်းကပါ တွဲလျက် ရှိနေ ပါသေးတယ်။

ဒီဗီဒီယို ဖိုင်ကို ရိုက်ကူးခဲ့ တာဟာ ဘယ်နေရာမှန်းတော့ မသိပေမဲ့ ဖိလစ်ပိုင်မှာ လို့တော့ ယူဆနိုင်ပါတယ်။

၁၃ရက်နေ့တုန်းကလည်း တောင်အာဖရိက၊ ကိတ်ပ်တောင်းရဲ့ အမှိုက်တောင်းထဲမှာ မွေးကာစကလေး အလောင်းတစ်ခုကို တွေ့ရှိခဲ့ရတယ်လို့ Eyewitness News သတင်းဌာနကနေ ထုတ်ပြန်ပါတယ်။ ကောင်စီသန့်ရှင်းရေးတစ်ဦးက တွေ့ရှိခဲ့တာလို့ ရဲဌာနက ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

တရုတ်နိုင်ငံမှာဆိုရင် မိသားတစ်စု-ကလေးတစ်ယောက် မူဝါဒက ကလေးစွန့်ပစ်မှုဖြစ်လာဖို့ကို အားပေးအားမြှောက် လုပ်သလိုဖြစ်နေပါတယ်။ သားမွေးရမယ်၊ သားဆိုတာ ဘိုးဘေးတွေရဲ့ မိသားစုနာမည်ကို ဆက်ခံတာဆိုတဲ့ ရိုးရာကြောင့်လည်း သမီးမိန်းကလေးတွေဟာ စွန့်ပစ်ခံနေရပါတယ်။

ကမ္ဘာတစ်ဝှမ်း မိမိကလေးငယ်ကို စွန့်ပစ်တဲ့ မိဘအရေအတွက်ဟာ တစ်နှစ်ကို သောင်းနဲ့ချီပြီးရှိတယ်လို့ သိရပါတယ်။

Original link - http://knowledge.thithtoolwin.com/2015/10/blog-post_31.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Related Posts

Related Posts Plugin for WordPress, Blogger...