အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, June 26, 2016

အမျိုးသား ၁၀၀,၀၀၀ ပြည့်အောင် စပ်ယှက်မည့် လိင်မာရသွန်ခရီး အတွက် ပိုလန်သူက ပြည်ပသို့ ခရီးဆန့်လို


အင်နီယာ လိုင်စကူ စကာ


အမျိုးသား ၁၀၀,၀၀၀ ဦး ပြည့်အောင် ကာမ စပ်ယှက် လိုသည့် အသက် ၂၁ နှစ် အရွယ် ပိုလန်သူက ၎င်း၏ အစီအစဉ် အတွက် ဥရောပ နိုင်ငံများ အပါအ၀င် ကမ္ဘာ တစ်ဝှန်းသို့ ခရီးဆက် လိုကြောင်း အော်စတေလီယန်တိုင်း သတင်းစာနှင့် တွေ့ဆုံစဉ် စက်တင်ဘာလ ၅ ရက်နေ့က ပြောကြား ခဲ့သည်။

အင်နီယာ လိုင်စကူ စကာ အမည်ရှိ အဆိုပါ ပိုလန်သူသည် ၎င်း၏ လိင်မာရသွန်ကို ယခုနှစ် ဇူလိုင်လတွင် ပိုလန်နိုင်ငံ၌ စတင်ခဲ့ပြီး အမျိုးသား ၂၈၄ ဦးနှင့် ကာမ စပ်ယှက်ပြီး
ဖြစ်သော်လည်း ပိုလန်နိုင်ငံတွင် မိမိ၏ လိင် အလိုဆန္ဒကို မိမိ စိတ်ကြိုက် ပြည့်ဝအောင် လုပ်ခြင်းကို ဖေါက်ပြန် သည့် အပြု အမူဟု ယူဆဆဲ ဖြစ်သဖြင့် ၎င်း၏ အစီအစဉ်
အောင်မြင်အောင် လိင်ဆက်ဆံ ဖေါ်များ သတ်မှတ် ကာလ အတွင်း စဉ်ဆက် မပြတ် ရရှိနိုင်ရန် ပြည်ပသို့ ခရီးထွက် လိုခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမျိုးသား ၁၀၀,၀၀၀ ဦးနှင့် ကာမ စပ်ယှက် ရာတွင် စုစုပေါင်း ကြာ မြင့်ချိန်ကို ၃၃,၀၀၀ နာရီနှင့် ပြီးစီးအောင် ရည်မှန်းထားပြီး အမျိုးသား တစ်ဦးနှင့် စပ်ယှက်ချိန်မှာ ၂၀ မိနစ်ခန့်ဟု လိုင်စကူ စကာက သတ်မှတ် ထားသည်။

"ကျွန်မ ပျော်ပျော် နေရတာ၊ လိင်မှု ကိစ္စနဲ့ အမျိုးသား တွေကို မြတ်နိုး တယ်။ ပိုလန်၊ ဥရောပနဲ့ တစ်ကမ္ဘာလုံးက အမျိုးသားတွေကို ဒီကိစ္စ အတွက် အလိုရှိ ပါတယ်"ဟု လိုင်စကူ စကာက ပြောသည်။

လိုင်စကူစကာက ၎င်း၏ အစီအစဉ်ကို စနေနှင့်တနင်္ဂနွေနေ့ များတွင် သာ အကောင် အထည် ဖေါ်ပြီး ထိုနှစ်ရက်တွင် အနည်းဆုံးအမျိုး သား ၁၄ ဦးနှင့် ကာမ စပ်ယှက်ကြောင်း သို့ရာတွင် ပိုလန်နိုင်ငံသူ အမျိုးသမီးတို့၏ သက်တမ်းမှာ ပျှမ်းမျှ ၈၁ နှစ် ဖြစ်သောကြောင့် ၎င်း၏ ရည်မှန်းချက် ပြည့်ရန် တစ်ပတ်လျှင် အနည်းဆုံး အမျိုးသား ၃၂ ဦးနှင့် စပ်ယှက် ရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

လိုင်စကူ စကာသည် ၎င်းအသက် ၈၁ နှစ် အထိ အသက် ရှည်နိုင်မည် ဆိုပါက နှစ် ၆၀ ခန့် နေရဦးမည်ဖြစ်၍ ၎င်း၏ ရည်မှန်းချက် ပြည့်ဝရန် တစ်နှစ်တာကာလ ၃၆၅ ရက်အတွင်း အမျိုးသား ၁,၆၆၆ ဦးနှင့် ကာမစပ်ယှက်မည်ဟု ခန့်မှန်းထားသည်။

From: သည်အော်စတေလီယန်

By : Myanmar Daily Star

Originally published at - http://www.mmdailystar.com/2014/11/blog-post_99.html

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...