အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, November 13, 2015

ရေမြောင်းထဲကနေ အမျိုးသမီးတွေရဲ့ စကတ် အောက်ကို ဓါတ်ပုံ ခိုးရိုက်ခဲ့တဲ့ ဂျပန်လူမျိုး အဖမ်းခံရ




ဂျပန်အမျိုးသား တစ်ဦးဟာ ရေမြောင်းထဲ ဆင်းပုန်းနေပြီး လမ်းသွား လမ်းလာ အမျိုးသမီးတွေရဲ့ စကတ်အောက် ကို ဓါတ်ပုံ ခိုးရိုက်ခဲ့တဲ့ အတွက် သုံးနှစ် အတွင်း ဒုတိယ အကြိမ်အဖြစ် အဖမ်းခံ ခဲ့ရပါတယ်။

အသက် ၂၈နှစ် ရှိပြီဖြစ်တဲ့ Yasumi Hirai ဟာ စမတ်ဖုန်းကို အသုံးပြုပြီး အမျိုးသမီးတွေရဲ့ စကတ်တွေကို ဓါတ်ပုံခိုးရိုက်ဖို့ ငါးနာရီကြာ ပုန်းအောင်းနေခဲ့တာဖြစ်ပါတယ်။

အမျိုးသမီးတစ်ဦးဟာ သူရဲ့ဆံပင်တွေ မြောင်းဖုံးထဲကနေ ထောင်ထွက်နေတာကို သတိထားမိပြီးနောက် ရဲစခန်းကို အကြောင်းကြားခဲ့တာကြောင့် Hirai ကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

Hirai က ရေမြောင်းထဲကို မနက် ၃နာရီကတည်းက ဆင်းပြီး ပုန်းခိုနေခဲ့တာဖြစ်ကြောင်း ရဲတွေကို ၀န်ခံခဲ့ပါတယ်။

Hirai ရဲ့ ဖုန်းကို ရှာဖွေစစ်ဆေးတဲ့အခါမှာတော့ အမျိုးသမီးတွေရဲ့ အတွင်းခံ ဗီဒီယိုနဲ့ ဓါတ်ပုံအမြောက်အမြားကို တွေ့ရှိခဲ့ရပါသတဲ့။

သူဟာ ၂၀၁၃ ခုနှစ်ကလည်း Konan Women’s University နားမှာရှိတဲ့ ရေမြောင်းအောက်မှာ ပုန်းခို ရိုက်ကူးခဲ့တဲ့အတွက် အဖမ်းခံခဲ့ရဖူးပါတယ်။

Ref : Upi

Original link - http://knowledge.thithtoolwin.com/2015/11/blog-post_21.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...