အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label နိုဘယ်လ်ဆု. Show all posts
Showing posts with label နိုဘယ်လ်ဆု. Show all posts

Tuesday, November 3, 2015

Facebook မှာရေပန်းစားနေတဲ့ မေမေတို့ရဲ့စစ်ပွဲများ




ပြီးခဲ့တဲ့နှစ်ပိုင်း အတွင်း Blog ရေးတဲ့ အမေတွေ တော်တော် များလာ ပါတယ်။ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အုပ်စုတွေနဲ့ ဖွဲ့စည်းထားတဲ့ လူမှုကွန်ရက်တွေလည်း ထောင်ပေါင်း များစွာ ရှိလာခဲ့ပါတယ်။

Mummy Wars – Aussie Style ဆိုတဲ့ clsed group တစ်ခုကတော့ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ Comments အထွေထွေ၊ ကြွယ်ဝလှတဲ့ ဘာသာစကားနဲ့ သဘောထားကွဲလွဲချက်တွေ၊ တစ်ခါတစ်ခါ ရန်လိုမှုတွေပါရှိတဲ့ post တွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

အသင်းဝင်ပေါင်း ၇၀၀၀ ကျော်နဲ့ဖွဲ့စည်းထားတဲ့ ဒီအဖွဲ့ဟာ ဒီ Group မှာ အနိုင်ကျင့်ခံရမှုတွေကို လျစ်လျူရှုနေကြတယ်လို့ စွပ်စွဲကြပြီး page ပိတ်ချဖို့ကို တောင်းဆိုခံခဲ့ရပါတယ်။ သူတို့ Group က ထောက်ပံ့ကူညီရေး လုပ်ဆောင်တဲ့ အဖွဲ့မဟုတ်ဘူးဆိုတာကို Page အဝင်ဝမှာထဲက ကြေညာထားပြီးသားပါ။

ဒီ page မှာတင်ထားတဲ့ ပို့စ်တွေကတော့ အိမ်တွင်း အကြမ်းဖက်ခံရတဲ့ အကြောင်းတွေကို သွယ်ဝိုက်ပြောဆိုထားချက်တွေ ပါပါတယ်။ မိခင်ပုံစံအမျိုးမျိုးနဲ့ သူတို့ရဲ့ အုပ်ထိန်းမှုပုံစံတွေအကြောင်းကို ပြင်းပြင်းထန်ထန် ဝေဖန်ထားတဲ့ Comment တွေနဲ့ နှောင့်ယှက်မှုတွေလဲ ပါဝင်ပါတယ်။

>

Mummy Wars – Aussie Style က မိခင်ဖြစ်သူတွေဟာ သိပ်ကို ပွင့်လင်းလွန်းကြပါတယ်။ ဒီ Page က ဟန်လုပ်အယောင်ပြ တတ်တဲ့သူတွေအတွက်တော့ နေရာမဟုတ်ဘူးဆိုတာ အပါအဝင် စည်းကမ်းချက်တွေကို သတိပေးပြောထားပါတယ်။

“အသိတစ်ယောက်က ကလေးမွေးလို့ သွားကြည့်တဲ့အခါ အဲ့ကလေး ရုပ်ဆိုးနေရင်၊ အရမ်းချောတာပဲ လို့ လိမ်ပြောမလား။ ရုပ်ဆိုးတာပဲလို့ ထင်တဲ့အတိုင်းပြောမလား။”

ထိုးခံထားရလို့ မျက်နှာမှာ ညိုမည်းစွဲနေတဲ့ ပုံတင်ပြီး “ဒီနေ့တော့ ဆန်းဒွစ်ခ်ျ ဘယ်လို လုပ်ရမလဲဆိုတာ သင်ယူလိုက်ရတယ်။” လို့ သွယ်ဝိုက်ပြောတာမျိုး Post တွေ အစုံပါဝင်ပါတယ်။

Ref: Daily Mail

Original link - http://knowledge.thithtoolwin.com/2015/11/facebook.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Saturday, October 24, 2015

ယာဉ်မောင်းကျောင်းကို ဝင်တိုက်တဲ့ ယာဉ်မောင်းကျောင်းသား




ဝါရှင်တန် ပြည်နယ်၊ ဘဲလဗ်မြို့မှာ ရှိတဲ့ ယာဉ်မောင်းကျောင်းကို ယာဉ်မောင်း ကျောင်းသား တစ်ဦးကနေ ဝင်တိုက် ခဲ့ပြီး ဘယ်သူမှ ဒဏ်ရာ မရခဲ့ဘူးလို့ သတင်း ရရှိပါတယ်။

ဓာတ်ပုံကိုတော့ ဝါရှင်တန်ပြည်နယ်၊ ဘဲလဗ်မြို့ ရဲတပ်ဖွဲ့ကနေ အမှုသက်သေအဖြစ်နဲ့ ရိုက်ကူးခဲ့တာပါ။

ဒီ မတော်တဆမှုဟာ ပြီးခဲ့တဲ့ သောကြာနေ့ နံနက်က ဘဲလဗ်နိုင်းဝမ်းဝမ်း ယာဉ်မောင်းကျောင်း နဲ့ ဒီအိုအယ်လ် စစ်ဆေးစင်တာမှာ ဖြစ်ခဲ့တာပါ။

“ယာဉ်မောင်းသူကို ဘာမှမထိခိုက်ပါဘူး။ အဆောက်အအုံထဲကို ဝင်တိုက်ပြီး အထဲမှာရှိတဲ့ Shasta Cola စက်ကို ဝင်တိုက်သွားခဲ့တယ်။” လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ကံမကောင်းစွာဘဲ ဒီယာဉ်မောင်းကျောင်းသားဟာ စစ်ဆေးမှု မအောင်မြင်ဘူးလို့ သတ်မှတ်လိုက်ကြပါတယ်။

Ref: NBC News

Original link - http://knowledge.thithtoolwin.com/2015/10/blog-post_74.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Friday, October 9, 2015

ငြိမ်းချမ်းရေးနိုဘယ်လ်ဆု တူနီရှား အမျိုးသား နိုင်ငံရေး အကျိုးဆောင်အဖွဲ့ ရရှိ




၂၀၁၅ ခုနှစ် အတွက် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို တူနီးရှား နိုင်ငံက အမျိုးသား နိုင်ငံရေး အကျိုးဆောင် အဖွဲ့ (Tunisia National Dialogue Quartet) ကို ချီးမြှင့် လိုက်တယ်လို့ နော်ဝေနိုင်ငံ အခြေစိုက် ဆုရွေးချယ်ရေး ကော်မတီက ဒီကနေ့ ကြေညာ လိုက်ပါတယ်။

၂၀၁၁ ခုနှစ် စပယ်တော်လှန်ရေး (Jasmine Revolution) ဖြစ်ပွားချိန် တူနီးရှားနိုင်ငံမှာ ပါတီစုံနိုင်ငံရေး စနစ် ဖြစ်ထွန်းရေး အတွက် အားထုတ် ကြိုးပမ်း ခဲ့တာကြောင့် ဒီဆုကို ချီးမြှင့်တာလို့  ဆုရွေးချယ်ရေး အဖွဲ့ကဆိုပါတယ်။

၂၀၁၃ ခုနှစ်မှာ တူနီးရှားနိုင်ငံဟာ ပြည်တွင်းစစ်ဖြစ်လုဆဲဆဲ အခြေအနေ ရောက်ခဲ့ပေမယ့် ဒီအဖွဲ့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အသစ်တခုကို ဖော်ဆောင်ပေးခဲ့ပြီး ပြည်သူလူထုအတွက် အခြေခံလူ့  အခွင့်အရေးများ ရရှိနေအောင် ဆောင်ရွက်ပေးခဲ့တယ်လို့လည်း ဆုရွေးချယ်ရေးအဖွဲ့  က ပြောပါတယ်။

ဆုရတဲ့ တူနီးရှားအမျိုးသားနိုင်ငံရေး အကျိုးဆောင်အဖွဲ့မှာ တူနီးရှား အထွေထွေ အလုပ်သမားသမဂ္ဂ၊ ရှေ့နေသမဂ္ဂ၊ စက်မှု ကူးသန်းရောင်းဝယ်ရေးနဲ့ လက်မှုပညာသည်များ သမဂ္ဂနဲ့၊ တူနီးရှားလူ့အခွင့်အရေး ကာကွယ်ရေးအဖွဲ့ချုပ်ဆိုပြီး အဖွဲ့ ၄ ဖွဲ့ပါဝင်ပါတယ်။

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ၁၉၀၁ ခုနှစ်က စတင်ချီးမြှင့်ခဲ့ပြီး ပထမဆုံး ရရှိသူက နိုင်ငံတကာ ကြက်ခြေနီကော်မတီကို တည်ထောင်သူ ဟင်နရီဒူးနန့် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကတော့ အိန္ဒိယက ကလေးအခွင့်အရေးလှုပ်ရှားသူ ဆတ်တယာသီ နဲ့ ပါကစ္စတန်က အမျိုးသမီးများ ပညာသင်ကြားခွင့် လှုပ်ရှားသူ မာလာလာ တို့ကို ပူးတွဲချီးမြှင့်ခဲ့ ပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ၁၉၉၁ ခုနှစ်က ချီးမြှင့်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရရှိသူဟာ ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၁ သန်းကျော် ကို ရရှိမှာ ဖြစ်ပါတယ်။

အခုနှစ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် ပဏာမ အမည်စာရင်းထဲမှာ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်၊ ဂျာမနီဝန်ကြီးချုပ် အန်ဂလာမာဂဲလ်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ အက်ဒ၀ပ်စနိုဒင်တို့ အပါအ၀င် လူပုဂ္ဂိုလ် ၂၀၅ ဦးနဲ့ အဖွဲ့အစည်း ၆၈ ဖွဲ့ ရှိပါတယ်။

DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/115701


Read More »

Related Posts

Related Posts Plugin for WordPress, Blogger...