အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, April 15, 2016

ကမ္ဘာ့အကြီးဆုံး လိင်တံ ပိုင်ရှင်က သူ့ရဲ့ လိင်တံကို ချိန်တွယ်ပြခဲ့




ကမ္ဘာ့ အကြီးဆုံး လိင်တံ ပိုင်ရှင် လို့ အခိုင်အမာ ဆိုထားတဲ့ အမျိုးသားဟာ သူ့ရဲ့  လိင်တံဟာ အစစ်အမှန် ဖြစ်ကြောင်း သက်သေပြဖို့ သူ့ရဲ့ လိင်တံကို အလေးချိန် ချိန်တွယ် ကြည့်ခဲ့ တယ်လို့ သိရ ပါတယ်။

ရောဘတ်တို အက်စ်ကွီဗယ်လ် ကာဘရီရာ က သူ့မှာ ၁၈.၉ လက်မ ရှည်လျားတဲ့ လိင်တံ ရှိကြောင်းကို အခိုင်အမာ ဆိုခဲ့ပြီး သူ့ရဲ့ လိင်တံကို တိုင်းတာ ချိန်တွယ်ပြခဲ့ပါတယ်။

အသက် ၅၂ နှစ်အရွယ် ကာဘရီရာဟာ သူ့ရဲ့ ဖွားဖက်တော်ကို ခြေအိတ် တစ်ခုထဲ ထည့်သွင်းပြီး ချိန်တွယ်ကြည့် ခဲ့ရာမှာ အလေးချိန် ၂.၂ ပေါင် လေးလံ တယ် ဆိုတာကို တွေ့ရှိခဲ့ ပါတယ်။ ၂.၂ ပေါင်ဆိုတာ ၁ ကီလို နီးပါး အလေးချိန် ရှိပါတယ်။

ရောဘတ်တို ရဲ့  ဖွားဖက်တော်ဟာ တွဲလောင်းကျနေတဲ့အခါမှာ သူရဲ့  ဒူးခေါင်းအောက်အထိ ကျနေပြီး သူဟာ သူ့ရဲ့  ဖွားဖက်တော်ကို ကမ္ဘာ့ ဂင်းနစ်စံချိန် မှာ ထည့်သွင်း ပါဝင်စေချင် နေတာဖြစ်ပါတယ်။

ဒါပေမယ့် မက္ကဆီကန် နိုင်ငံသား ရောဘတ်တို အတွက် တိကျသေချာတဲ့ အဖြေ မထွက်လာသေးပါဘူး။

သူဟာ သူ့ကိုယ်သူ မသန်စွမ်းတစ်ယောက်အဖြစ်လည်း မှတ်ပုံတင် ထားရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ ဖွားဖက်တော်ဟာ သူ့လမ်းလျှောက်တဲ့ အခါမှာ အနှောင့် အယှက် ဖြစ်လာစေတဲ့ အတွက် သူ့အနေနဲ့ အလုပ်တစ်ခုခုကို လုပ်ဖို့လည်း အဆင်မပြေဖြစ်ခဲ့တယ်လို့ သိရပါတယ်။

မက္ကဆီကို နိုင်ငံ အရှေ့ မြောက်ပိုင်း မှာရှိတဲ့ ကိုအာဟွီလာ ပြည်နယ် ၊ ဆယ်လ်တီလို မြို့  မှာနေထိုင်တဲ့ ရောဘတ်တို ကာဘရီရာဟာ သူ့ရဲ့ လိင်တံအပေါ် သံသယရှိနေသူတွေ အတွက်လည်း ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုတွေ လုပ်ခဲ့ပြီး X-ray ဓါတ်မှန်လည်း ရိုက်ပြ ခဲ့ပါတယ်။

ဆရာဝန်တွေကတော့ ဓါတ်မှန်အရ သူ့ရဲ့ လိင်တံဟာ ကမ္ဘာ့စံချိန်ဝင်နေ တယ်လို့ အတည်ပြုပြောပြ ခဲ့ပါတယ်။ ဆရာဝန်တွေပြောတာတော့ သူ့ရဲ့  အဓိက လိင်တံ အစိတ်အပိုင်းတွေဟာ ၆ လက်မကျော်ခန့် ရှည်လျားပြီး ကျန်တဲ့ အစိတ်အပိုင်းတွေဟာ အရေပြားအပိုတွေဖြစ်တယ်လို့ သိရပါတယ်။

ကံမကောင်းစွာနဲ့ပဲ ရောဘတ်တို ကာဘရီရာဟာ အမျိုးသမီး ကိစ္စတွေမှာတော့ ကံမကောင်း ခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတိုင်းဟာ သူနဲ့ ချစ်တင်းနှောဖို့ ကြောက်ရွံ့ နေကြလို့ပါ။

သူဟာ ၂၀၁၁ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုကနေ ဆယ်တီလို ကို ပြောင်းရွှေ့ လာခဲ့ပြီး သူ့အစ်ကိုတွေ ပေးထားတဲ့ အခန်းတစ်ခန်း မှာ တစ်ယောက်တည်း နေထိုင်ပါတယ်။

သူ့မှာသူငယ်ချင်းလည်း တစ်ယောက်မှ မရှိသလို လူတွေကလည်း သူ့ကို ရှိန်နေကြတယ်လို့ ဆိုထားပါတယ်။

Man With a 19-Inch Penis... First Video



Roberto Esquivel Cabrera just got an offer that could earn him a fortune ... all because he has a 19-inch penis.

Ref : TMZ

Originally published at - http://viral58.blogspot.com.au/2015/09/this-man-has-largest-manhood-in-world.html

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...