အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label သူငယ်ချင်း. Show all posts
Showing posts with label သူငယ်ချင်း. Show all posts

Wednesday, June 15, 2016

သူငယ်ချင်းကောင်း တစ်ယောက်ကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူး (၅) ခု




၁ - စိတ်ဖိစီးမှု

ပခုံးတင်ပြီး သင်ငိုလို့ ရတဲ့ လူဆိုတာ သူငယ်ချင်းကောင်း တစ်ယောက် ဖြစ်ပါတယ်။ စိတ်တွေ ဖိစီးနေရင် သူငယ်ချင်းကောင်း တစ်ယောက်နဲ့ တွေဆုံရတာ၊ စကားပြော လိုက်ရ တာက သင့်စိတ်ကို သက်သာ စေပါတယ်။

၂ - ပိုင်ဆိုင်မှု

သူငယ်ချင်းကောင်း တစ်ယောက်ရှိတာဟာ သင့်မှာ ပိုင်ဆိုင်မှု တစ်ခုရှိတယ်လို့ ထင်စေပါတယ်။ သင်ပိုင်တဲ့ အဖွဲ့အစည်းတစ်ခု ဒါမှမဟုတ် သင်ကသက်ဆိုင်ပြီး သင့်ကိုလည်း သက်ဆိုင်ချင်တဲ့ သီးသန့် အသိုင်းအဝိုင်းလေးတစ်ခု ရှိတယ်လို့ ခံစားရစေပါတယ်။



၃ - ကျန်းမာရေး

သူငယ်ချင်းကောင်းတစ်ယောက်ရှိတာ သင့်စိတ်ကျန်းမာရေးကို တိုးတက်စေတာကြောင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။

၎ - လက်ခံမှု

သူငယ်ချင်းကောင်းတစ်ယောက်နဲ့ဆို ဘာမှ ကွယ်ဝှက်စရာမရှိပါဘူး။ ကိုယ့်အခြေအနေမှန်တိုင်း ဆက်ဆံပြီး ကိုယ့်ကိုယ်ကိုယ်လည်း ပိုလက်ခံလာပါတယ်။



၅ - စိန်ခေါ်မှု

သူငယ်ချင်းကောင်း တစ်ယောက်ရှိတဲ့ အခါ စိန်ခေါ်မှု aတွကို ပိုရင်ဆိုင်နိုင် ပါတယ်။

By : Duwun

Originally published at - http://www.duwun.com.mm/

Read More »

Related Posts

Related Posts Plugin for WordPress, Blogger...