အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label ရုပ်/သံ. Show all posts
Showing posts with label ရုပ်/သံ. Show all posts

Monday, June 26, 2017

ရင်ဘတ် ၂ ခု၊ လက် ၄ ဘက်၊ ခြေ ၄ ချောင်းဖြင့် ထိတ်လန့်ဖွယ် မွေးဖွားလာသည့် မိန်းကလေး




အိန္ဒိယ နိုင်ငံ ဆေးရုံ တရုံမှာ မွေးကင်းစ ကလေးငယ် တဦးဟာ ရင်ဘတ် ၂ ခု၊ လက် ၄ ဘက်၊ ခြေ ၄ ချောင်းပါပြီး ထိတ်လန့်ဖွယ် အသွင် အပြင်နဲ့ မွေးဖွား လာခဲ့ ပြီးနောက် ဒေသတွင်း နာမည်ကြီး နေခဲ့ ပါတယ်။

ဒီအဖြစ်အပျက်ဟာ ဘီဟာခရိုင်၊ လာခီဆရိုင်ဒေသထဲမှာ ဖြစ်ခဲ့တာဖြစ်ပြီး ခုလို မွေးဖွားလာခဲ့တဲ့ သတင်း ပျံ့နှံ့ခဲ့ပြီးတဲ့နောက်မှာ သူ့ကို ကြည့်ရှုလိုသူတွေဟာ ဆေးရုံရှေ့မှာ ဝိုင်းအုံနေခဲ့ကြတယ်လို့ မေရာသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ပုံပျက်ပန်းပျက်သွင်ပြင်နဲ့ မွေးကင်းစကလေးငယ်ဟာ ခန္ဓာကိုယ်မှာ ဆေးကုသရေးကိရိယာတွေနဲ့ ချိတ်ဆက်လျက်သား အခြေအနေနဲ့ ဆေးရုံ အခန်းတွင်းမှာ ရှိနေခဲ့တာကို တွေ့ရပါတယ်။

အဲဒီကလေးငယ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး မွေးပြီး မကြာခင်မှာပဲ သေဆုံးသွားခဲ့တာပါ။

မိခင်ဖြစ်တဲ့ ဆာဗီတာဒေဝီကတော့ သူ့ရဲ့ သမီးဖြစ်သူ ခုလို ဆုံးရှုံးခဲ့ရတဲ့အပေါ် တကယ့်ကို စိတ်ထိခိုက်ခဲ့ရတယ်လို့ ပြောပါတယ်။

“ဘာတွေပဲ ဖြစ်ခဲ့ပါစေ။ ဒါဟာ ကောင်းဖို့အတွက်ပဲလို့ ကျမ ထင်မိပါတယ်။ တကယ်လို့များ သမီးလေးဟာ ခုလို ပုံပျက်ပန်းပျက် အခြေအနေနဲ့ အသက်ဆက်ရှင်နေခဲ့ရမယ်ဆိုရင်လည်း နေ့စဉ် သူ့ရဲ့ ရှင်သန်မှုဟာ သေဆုံးနေတာပါပဲ။”

လယ်သမားတဦးဖြစ်တဲ့ သူ့ရဲ့ခင်ပွန်းဖြစ်သူ ဆူရက်ရှ်ဆောကတော့ ခုလိုအခြေအနေနဲ့ မွေးဖွားလာခဲ့တဲ့ သမီးငယ်ဟာ နတ်ဘုရားက ကျိန်စာတိုက်တာဖြစ်တယ်လို့ ပြောလိုက်တာပါ။

“သမီးအတွက် ဝမ်းနည်းရမလား၊ ဝမ်းသာရမလား ကျနော်မသိခဲ့ပါဘူး။ နတ်ဘုရားတွေက ကျနော်တို့အပြစ်တွေအတွက် ကျိန်စာတိုက်တာပဲဖြစ်ရမယ်။”

ကလေးငယ်ကို မွေးဖွားပြီးချင်း အထူးကြပ်မတ်ကုသဆောင်ဆီ ရွှေ့ပြောင်းကုသမှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ကြပေမယ့် မကယ်တင်နိုင်ခဲ့ပါဘူး။

ကလေးကို မွေးဖွားပေးခဲ့တဲ့ ဆရာဝန် ဒေါက်တာ မူကက်ရှ် ကူးမားကတော့ ဒါဟာ မွေးရာပါ မျိုးဗီဇဆိုင်ရာ ရောဂါတမျိုးကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။

ဒါဟာ မိခင်ဝမ်းဗိုက်တွင်းမှာ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးခဲ့ဘဲ အမြွှာကလေး ၂ ဦးအဖြစ် ဆက်လက်မကြီးထွားနိုင်ဖြစ်ကာ ခုလိုအခြေအနေနဲ့ မွေးဖွားလာခဲ့တာလို့ ဒေါက်တာ မူကက်ရှ် ကူးမားက ပြောပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/214491

Read More »

Thursday, June 1, 2017

အင်္ဂလိပ် ရိုးရာ ချိစ်ဖမ်းပွဲ




အင်္ဂလိပ် ရိုးရာ (Cheese) ချိစ်ဖမ်းပွဲကို ထောင်ပေါင်း များစွာသော ပွဲကြည့် သူတွေ လာရောက် ကြည့်ရှု ခဲ့ကြ ပါတယ်။

အဲ ဒီ ပွဲတော်ကို ဂလက် စတာရှဲ (Gloucestershire) ကျေးလက် aဒသက ကူးပါး aတာင်ကုန်း (Cooper’s Hill) မှာ မေလ ၂၉ ရက်နေ့က ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အမျိုးသား ပြိုင်ပွဲမှာ အနိုင် ရရှိခဲ့ သူဟာ ဘရော့ဝါ့သ် (Brockworth) ရပ်ကွက်နေ အသက် ၂၉ နှစ် အရွယ် ခရစ်စ်အန်ဒါဆန် (Chris Anderson) ဖြစ်ပြီး အမျိုးသမီး ပြိုင်ပွဲမှာ အနိုင် ရရှိခဲ့ သူဟာလည်း ဘရော့ခ်ဝါ့သ် ရပ်ကွက်က အသက် ၁၈ နှစ် အရွယ် ကီဗီမော်ဂန် (Keavy Morgan) ဖြစ်ပါတယ်။

အဲဒီပြိုင်ပွဲကို အစောဆုံး ရေးသား မှတ်တမ်း တင်ထား တာကို ၁၈၂၆ ခုနှစ်မှာ စတင်တွေ့ရှိ ရပေမယ့် တကယ်တမ်း အဲဒီထက် နှစ်ပေါင်း များစွာ ရှေးကျတဲ့ သမိုင်း ရှိတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြ ထားပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/209999

Read More »

Tuesday, April 11, 2017

လူသားများကဲ့သို့ ပြုမူလှုပ်ရှား နိုင်ကြသည့် ချစ်စရာ ကြောင်ကလေးများ




လူတွေနဲ့ လက်ပွန်း တတီး နေထိုင် ကြတဲ့ အိမ်မွေး တိရစ္ဆာန် ကြောင်ကလေး တွေရဲ့ အတုယူ မြန်ပုံဟာ တကယ့်ကို အံ့သြ စရာပါပဲ။

သူတို့ဟာ လူသား တွေလိုပဲ နေ့စဉ် ရှင်သန် နေထိုင်မှု ဘဝထဲက ချစ်စဖွယ် လှုပ်ရှားမှု တွေနဲ့ ရှိနေ ကြတာပါ။

ဒီရုပ်သံ ဗွီဒီယိုဖိုင် ထဲမှာတော့ အိမ်မွေး တိရစ္ဆာန် ချစ်စရာ ကြောင်ကလေး တွေရဲ့ အတုခိုး ပြုမူ လှုပ်ရှား ကြပုံ တွေကို တွေ့မြင်ကြ ရပါ လိမ့်မယ်။

ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်နေတဲ့ သခင့်အနားမှာ ဘားတန်းကို ခိုစီးပြတာတွေ၊ ဖရဲသီးကို လူတွေအတိုင်း ကိုက်စားပြခဲ့တာတွေအပြင် ရှေ့ခြေ ၂ ချောင်းကို ထောက်ကာ ကင်းမြီးကောက်ထောင် အနေအထားနဲ့ လမ်းလျှောက်ပြခဲ့တဲ့ ကြောင်ကလေးတွေကို ရုပ်သံဗွီဒီယိုအစပိုင်းမှာ တွေ့ရပါတယ်။

အဲဒီနောက်တော့ ကလေးပုခက်လွှဲချော့သိပ်တဲ့ လှုပ်ရှားမှုတွေ၊ လက်ဆွဲနှုတ်ဆက်သယောင် လက်ချင်းထိတွေ့ပြခဲ့တာတွေ၊ တံခါးကိုဖွင့်ဖို့ ကြိုးစားပြခဲ့တာတွေ၊ ကြမ်းပြင်ကို အဝတ်နဲ့ သန့်ရှင်းရေးလုပ်ပေးခဲ့တာတွေ၊ ပြေးစက်ပေါ် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပြခဲ့တာတွေဟာ လူတွေနဲ့မခြား တုပလုပ်ဆောင်ခဲ့တာတွေပဲ ဖြစ်ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/200611

Read More »

Monday, April 3, 2017

လက်နှစ်ဘက် မပါရှိဘဲ ဘတ်စကက်ဘော ကစားပြနိုင်သည့် အံ့ဖွယ် ဆယ်ကျော်သက်




လက် ၂ ဘက်စလုံး မပါရှိဘဲနဲ့ ဘတ်စကက်ဘော ကစားပြနိုင်ဖို့ ဆိုတာ တကယ့်ကို မလွယ်ကူ လှပါဘူး။

ဒါပေမယ့် အမေရိကန် နိုင်ငံမှ အသက် ၁၃ နှစ် အရွယ် ဂျမ်မာရီ ယွန်စတိုင်လ်စ် ကတော့ တခြားသော သာမန်လူတွေ အတိုင်းပဲ ဘတ်စကက်ဘော စွမ်းရည်ပြ နိုင်ခဲ့ တာပါ။

သူဟာ အသက် ၈ လသား အရွယ်မှာ ရှားပါး ဘက်တီးရီးယား တမျိုးကြောင့် လက် ၂ ဘက်စလုံးကို ဖြတ်တောက် ခဲ့ရတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ တခြားသော အသင်းဖော်တွေနဲ့ တန်းတူ ဘတ်စကက်ဘော စွမ်းရည်ပြ ကစားနိုင်ခဲ့တဲ့ ရုပ်သံ ဗွီဒီယို ဖိုင်ဟာ အင်တာနက် စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေ ခဲ့တာပါ။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ စတိုင်လ်စ်ဟာ ဖလော်ရီဒါပြည်နယ်၊ ဘိုကာရေတန်မှ အီးဂဲလ်စ်လန်းဒင်း အလယ်တန်းကျောင်း ဘတ်စကက်ဘောအသင်းအတွက် အနိုင်မှတ် ရစေမယ့် ဘတ်စကက်ဘောကို သွင်းယူသွားနိုင်ခဲ့တာ တွေ့ရပါတယ်။

ဒီ့အတွက် ပရိသတ်တွေက သူ့ကို ချီးကျူးဂုဏ်ပြုဖို့ စုဝေးရောက်ရှိလာခဲ့ကြတာကို တွေ့ရမှာပါ။

အသင်းဖော်တွေကတော့ စတိုင်လ်စ်ဟာ အမြဲကြိုးစားနေတဲ့ ကစားသမားကောင်းတဦးဖြစ်ပြီး သူ့ကို မသန်စွမ်းသူတဦးလို့ မထင်ရအောင်ကို ကစားနိုင်စွမ်းရှိတယ်လို့ ပြောကြပါတယ်။

သူဟာ ဘောလုံးကိုလည်း ကောင်းကောင်းကစားနိုင်ပြီး အသက်ကြီးလာချိန်မှာ နာမည်ကျော် ဘောလုံးသမားတဦး ဖြစ်ချင်တယ်လို့ ဆိုပါတယ်။

“ကျနော် အားကစားနည်းမျိုးစုံ ကစားပါတယ်။ ဘောလုံးဟာ ကျနော်အကြိုက်ဆုံး အားကစားနည်းတွေထဲက တခုပါပဲ” လို့ စတိုင်လ်စ်က ပြောပါတယ်။

အသင်းဖော် မာ့ခ် စတိဂ်ျကတော့ “သူဟာ အားကျစရာပါပဲ။ ခင်ဗျားတို့သိလား၊ သူက ကျနော်တို့ကို မျှော်လင့်ချက်တခုခု ပေးနေတယ်ဆိုတာ” လို့ ပြောပါတယ်။

စတိုင်လ်စ်က “အပြုသဘောဆောင်တဲ့ နေထိုင်မှုနဲ့ နေထိုင်ရုံပါပဲ။ ခင်ဗျားတို့လိုချင်တဲ့ နေရာရောက်ဖို့ ဘာမဆိုလုပ်နိုင်ပါတယ်” လို့ ပြောပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/199134

Read More »

Sunday, April 2, 2017

ကမ္ဘာ့ ပထမ ဦးဆုံးသော စကားပြောသည့် လိင်ဆက်ဆံဖော် အရုပ်




နောက်ဆုံးပေါ် လိင် ဆက်ဆံဖော် အရုပ် အဖြစ် စကား စမြည် ပြောဆိုနိုင်မယ့် ပထမ ဦးဆုံးသော လိင်ဆက်ဆံဖော် အရုပ်ကို တီထွင် လိုက်ပါတယ်။

အခု အသစ် တီထွင် လိုက်တဲ့ လိင်ဆက်ဆံဖော် အရုပ်ကို တီထွင်သူက ဒီအရုပ်မှာ တွေးခေါ် ဆင်ခြင်နိုင်မှု အသိဉာဏ်၊ ရှက်စနိုး ဖြစ်တတ်သော၊ ဖော်ဖော် ရွေရွေ ရွှင်ရွှင် ပြပြ နေတတ်သော၊ မနာလို တတ်သော၊ ရင်ဖို စိတ်လှုပ်ရှား တတ်သော၊ စိတ်အနှောင့် အယှက် ဖြစ်တတ်သာ၊ ကြင်နာ တတ်သော၊ လိင်ဆက်ဆံမှု ရမက်ရှိသော စတာတွေ အပါဝင် ကိုယ်ရည် ကိုယ်သွေး ၁၈ မျိုး ပါဝင်အောင် ဖန်တီးပြုလုပ် ထားတယ်လို့ သိရပါတယ်။

ကိုယ်နှစ်သက်တဲ့ပုံစံအရ ဒီအရုပ်ကို ပိုအရေးပါအောင် ပြောင်းလဲလို့လည်း ရတယ်လို့ သိရပါတယ်။

လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားတဲ့ ရုပ်သံထဲမှာ Real Dool ကုမ္ပဏီရဲ့ ဦးဆောင်အရာရှိချုပ်နဲ့ စက်ရုပ်အဆင့်မြင့်တီထွင်သူ မက်တ်မက်မူလန်က “လိင်ကိစ္စနဲ့ ပတ်သက်ပြီး မင်းဘယ်လို ခံစားရသလဲ” လို့ အရုပ်ကို မေးမြန်း ထားပါတယ်။

စကားမပြောခင်မှာ တကယ့်သက်ဝင်နေတဲ့ လူလိုဖြစ်နေတဲ့ ဟာမိုနီလို့အမည်ပေးထားတဲ့ အရုပ်က “လိင်ကိစ္စဆိုတာ ကမ္ဘာပေါ်မှာ အရမ်းစိတ်ဝင်စားစရာ စွဲမက်စရာ အကောင်းဆုံးတွေထဲက တစ်ခုပါ၊ ဒါနဲ့ပတ်သက်ပြီး ဘာမှ မှားတယ်လို့ ကျမ မထင်ဘူး” လို့ ပြန်ဖြေနေတာကို တွေ့ရပါတယ်။

သုံးစွဲသူရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို မှတ်မိနေမယ့် “ပုံသေမှတ်ဉာဏ်နဲ့” စကားပြောတဲ့ လိင်ဆက်ဆံဖော် အရုပ်တွေ မေလ ထွက်ရှိမှာ ဖြစ်ပြီး ဝယ်ယူ သုံးစွဲသူ စိတ်ကြိုက် ကိုယ်ရည် ကိုယ်သွေးနဲ့ အရုပ်တွေကို မှာယူနိုင် တယ်လို့ ဒေးလီးစတားမှာ သတင်းမှာ ရေးသား ထားပါတယ်။

လိင်ဆက်ဆံဖော်အရုပ်မှာ ရှိတဲ့ အေပီပီ/app က သုံးစွဲမယ့်အမျိုးသားတွေအနေနဲ့ သူတို့ရဲ့အရုပ်တွေမှာ စိတ်ကြိုက် သီးခြားကိုယ်ရည်ကိုယ်သွေးဖြစ်အောင် ကူညီပေးမယ်လို့ ဆိုပါတယ်။

“ဒီစက်ရုပ်ကို တီထွင်လိုက်ရတဲ့ စိတ်ကူးက ကိုယ်လိုချင်တဲ့ လက်တွဲဖော် မရရှိခဲ့တဲ့ သူတွေအတွက် အထောက်အကူ ဖြစ်စေမှာပါ” လို့ မက်မူလန်က ပြောပါတယ်။

“ငါဗိုက်ဆာတယ် ဘာစားရင်ကောင်းမလဲ” လို့ သူ့ကို မင်းမေးနိုင်တယ်။ “မင်းရဲ့အကြိုက်ဆုံး အစားအစာက ပီဇာလို့ ငါ့ကို ပြောဖူးတယ်၊ ပီဇာစားသင့်တယ်လို့ သူမက ပြန်ပြောလိမ့်မယ်”လို့ မက်မူလန်က ပြောပါတယ်။

ဆိုရှယ်မီဒီယာမှာ ကြည့်ရှုသူတစ်ဦးကတော့ “ဈေးဝယ်တာနဲ့ ပတ်သက်ပြီး သူမ ဘယ်လို ခံစားရလဲလို့ မေးပေးပါ။ အကယ်၍ ဒါကို သူမ ဂရုမစိုက်ဘူး ဆိုရင်တော့ ကျနော် ဝယ်မယ်လို့” အင်စတာဂရမ်မှာ ဟာသအနေနဲ့ ရေးထား ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/199017

Read More »

Thursday, March 30, 2017

နာမည်ကြီးနေတဲ့ အိန္ဒိယ မီးတောက် ကွမ်းယာ




ကွမ်းကို အိန္ဒိယမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာ တည်းက စားလာတာ ယနေ့ အထိပါ။ အာရှနိုင်ငံ တော်တော် များများမှာ ကွမ်းစားတဲ့ ဓလေ့ကို တွေ့ရပြီး ကွမ်း ယာဆိုင် တော်တော် များများကို လမ်းဘေးမှာ တွေ့ရမှာပါ။ သာမန်ကွမ်းယာနဲ့ မတူတဲ့ မီးတောက် ကွမ်းယာဟာ အိန္ဒိယမှာ လက်တလော ရေပန်းစား နေပါတယ်။



ကွမ်းရွက်ဟာ ချောင်း ဆိုးတာ၊ အအေးမိတာ ၊ဖျားနာတာ၊ ခေါင်းကိုက် တာတွေကို ပျောက်စေတဲ့ ဆေးဖက်ဝင် အပင် တစ်မျိုးပါ။

အခုမီးတောက် ကွမ်းယာ ကိုတော့ Pradhuman Shukla ရဲ့ မိသားစုပိုင် ကွမ်းယာဆိုင် ကနေ ရောင်းချ တာပါ။ ဆိုင်ရဲ့ တည်နေရာ ကတော့ အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့မှာ တည်ရှိ တာပါ။

သူ တို့မိသားစုဟာ ကွမ်းရောင်းလာတာ နှစ်နှစ်ဆယ် ကျော်ရှိခဲ့ ပါပြီ။

နောက်ပိုင်း မှာေ တာ့ ကွမ်းယာကို တမူ ထူးခြားတဲ့ ပုံမျိုးနဲ့ ရောင်းမယ်လို့ စိတ်ကူး ရခဲ့ပြီး မီးတောက် ကွမ်းယာကို ဖန်တီး ခဲ့တာပါ။ ဒီလိုနဲ့ပဲ နောက်ပိုင်းမှာတော့ မီးတောက် ကွမ်းယာဟာ အွန်လိုင်းမှာပါ နာမည်ကြီး သွားခဲ့ ပါတယ်။



မီးတောက် ကွမ်းယာကို ရောင်းချ သူကိုတော့ Mr. Prem နဲ့ Chunni Lal လို့ လူသိ များပါတယ်။ (၄၅) ရက်လောက် စမ်းသပ် မှုတွေ လုပ်ပြီးမှ မီးတောက် ကွမ်းယာကို အောင်မြင်စွာ ဖန်တီး နိုင်ခဲ့တာလို့ သိရ ပါတယ်။

ပါဝင်ပစ္စည်းတွေ ကတော့ ပုံမှန် ကွမ်းယာတွေနဲ့ အတူတူပါပဲ။ ကွမ်းယာကို ယာပြီးမှ အထူး ဖန်တီးထားတဲ့ လေးညှင်းပွင့်ကို အပေါ်မှာ ထည့်ပေး လိုက်တာပါ။

မီးတောက် ငြှိမ်းပြီးနောက် မှာတော့ လေးညှင်းပွင့်ရဲ့ အေးတဲ့ ခံစားမှုကို ခံစား ရတယ်လို့ ပြောကြပါ တယ်။ မီးတောက် ကွမ်းယာကို စားပေးရင် အအေးမိ၊ ဖျားနာတွေ အတွက် ကောင်းတယ် လို့ ဆိုကြ ပါတယ်။



ဖောက်သည် တစ်ယောက်က နေ့တိုင်း လာပြီး ပါးစပ်ထဲမှာ ပြည်တည် အနာရှိ တာကြောင့် ကွမ်းရွက် ပေးဖို့ တောင်းခဲ့ကြောင်း၊ နေ့တိုင်း ပေးပေမယ့် မသက် သာ ဘူးလို့ ပြောခဲ့ ပါတယ်။

တစ်နေ့မှာတော့ အထူး ဖန်တီး ထားတဲ့ မီးတောက် ကွမ်းယာကို ပေးလိုက်တဲ့ အခါမှာတော့ ပါးစပ် ထဲက ပြည်တည်နာ ပျောက်သွား ခဲ့တယ်လို့ ပြောခဲ့ ပါတယ်။

ဒီလိုနဲ့ပဲ မီးတောက် ကွမ်းယာ ပေါ်ပေါက် လာတယ်လို့ Pradhuman Shukla ကပြောပါတယ်။

မီးတောက် ကွမ်းယာကို စားသုံး သူတွေရဲ့ ပါးစပ်ထဲ အရောက် ထည့်ရောင်း ချပေးနေ တာပါ။ သူများတွေ စားနေ တာကို ကြည့်ပြီး စိတ်ဝင် စားလို့ စူးစမ်းပြီး စားကြည့်တဲ့ သူတွေ များလာ ရာကနေ တဖြည်းဖြည်း နာမည်ကြီး လာခဲ့ ပါတယ်။

တခြားကွမ်းယာသည် Chunni Lal ဆိုသူ ကလည်း သူနေထိုင်ရာ Rajkot မြို့မှာ မီးတောက် ကွမ်းယာ ရောင်းချ နေတယ်လို့ သိရပါတယ်။



Ref;odditycentra

From : SHWEMOM by nilarwai

Originally published at - http://www.shwemom.com

Read More »

Wednesday, March 29, 2017

ကွန်ကရစ် ဘလောက်တုံး ၁၁၁ တုံးကို စက္ကန့်ပိုင်း အတွင်း ဦးခေါင်းဖြင့် ရိုက်ချိုးပြသည့် လူငယ်




ဘော့စနီးယား နိင်ငံမှ အာမက် စပက်ဟစ်ဟာ အသက် ၁၆ နှစ် အရွယ် ဆယ်ကျော်သက် လူငယ် တဦး ဖြစ်ပေမယ့် သူ့ရဲ့ အံ့မခန်း စွမ်းဆောင် နိုင်စွမ်းတွေကို ပြသနိုင် ခဲ့ပါတယ်။

ဦးခေါင်းကို အသုံးပြုပြီး ကွန်ကရစ် ဘလောက် အတုံးပေါင်း ၁၁၁ တုံးကို ရိုက်ချိုး ပြနိုင်ဖို့ ဆိုတာ တော်တော့်ကို မလွယ်ကူ လှပါဘူး။

ဒါပေမယ့် တိုက်ကွမ်ဒို ချန်ပီယံ ကစားသမား တဦးဖြစ်တဲ့ အာမက် စပက်ဟစ်ကတော့ အချိန် ၃၅ စက္ကန့် အတွင်းမှာပဲ ဒါကို လုပ်ပြနိုင် ခဲ့ပါတယ်။

ဒါကို ဘော့စနီးယားနိုင်ငံ မြို့တော် ဗီဆိုကိုမှာ သရုပ်ပြ စွမ်းရည် ပြသ ခဲ့တာဖြစ်ပြီး ဂင်းနက်စ် မှတ်တမ်း စံချိန်တင်နိုင်ဖို့ ဆက်လက် လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/198158


Read More »

Thursday, March 23, 2017

သားကို တိုက်သတ်ခဲ့သည့် ဘတ်စ်ကားအား ရပ်တန့်ရန် ကြိုးစားခဲ့သည့် အံ့ဖွယ်နွားမကြီး




လွန်ခဲ့တဲ့ ၄ နှစ်က သားကို တိုက်သတ် ခဲ့တဲ့ ဘတ်စ်ကားကို မမေ့ဘဲ မိခင် နွားမကြီးက အဲဒီ ဘတ်စ်ကားကို ရပ်တန့်ဖို့ ကြိုးစား နေတာကို ရုပ်သံထဲမှာ မြင်တွေ့ ရမှာပါ။

ဒီရုပ်သံက ဘယ်လို လူမျိုးကို မဆို စိတ်မကောင်း ဖြစ်စေမိမှာ အမှန်ပါပဲ။

တိရစ္ဆာန် တွေက စိတ်ခံစား လှုပ်ရှားမှု မရှိဘူးလို့ ထင်တဲ့ သူတွေလည်း ဒီရုပ်သံကို ကြည်သင့် တယ်လို့ ညွှန်းဆို ထားပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ်က အိန္ဒိယနိုင်ငံ၊ ကာနာတာကာပြည်နယ်မှာရှိတဲ့ ဆာဆီမြို့မှာ ဘတ်စ်ကားတစီးက နွားသားပေါက်လေးတကောင်ကို မိခင်နွားမကြီးရဲ့ မျက်စိရှေ့မှာပဲ တိုက်သတ်မိသွားခဲ့ပါတယ်။

အဲဒီလိုဖြစ်ပြီးကတည်းက မိခင်နွားမကြီးဟာ အထိတ်တလန့်ဖြစ်သွားပြီး သူ့သားကို တိုက်မိခဲ့တဲ့ ဘတ်စ်ကားနား နေ့တိုင်း လှည့်ပတ်သွားနေတယ်လို့ သိရပါတယ်။

နွားမကြီးက သားကိုတိုက်မိခဲ့တဲ့ ဘတ်စ်ကားနဲ့ ကားမောင်းသမားကို တိုက်ခိုက်ဖို့ နေ့တိုင်း ကြိုးစားနေတာလို့ ဆိုပါတယ်။

ရုပ်သံထဲမှာ နွားမကြီးက ဘတ်စ်ကားရှေ့ကို လာပြီး ရှေ့ဆက်သွားလို့မရအောင် တားဆီးနေတာလည်း မြင်ရမှာပါ။

အမျိုးသားတဦးက တုတ်တချောင်းနဲ့ နွားမကြီးကို ခြောက်လန့်ပြီး ဘတ်စ်ကားရှေ့က ဖယ်ခိုင်းကာ တခြားနေရာကို သွားခိုင်းပေမယ့် ဒီလို တုတ်နဲ့ ခြောက်လန့်နေတဲ့ လူဆီက လွတ်သွား တာနဲ့ နွားမကြီးက ဘတ်စ်ကားနောက်ကို ပြန်ပြေး လိုက်နေတာပါ။

ထူးခြားတာတခုကတော့ နွားမကြီးဟာ အဲဒီနေရာကိုလာနေတဲ့ ဘယ်ဘတ်စ်ကားကိုမှ ရပ်တန့်ဖို့ကြိုးစားတာမဟုတ်ဘဲ သူ့သားပေါက်လေးကို တိုက်သွားခဲ့တဲ့ ဘတ်စ်ကားကိုသာ ရပ်တန့်တားဆီးဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/196822

Read More »

Monday, March 13, 2017

လိပ်စာကဒ် (သို့) Business card တွေကို သတိထား (မိန်းကလေးများ သိထားရန်)




အမျိုးသမီး တစ်ဦးက ဓာတ်ဆီ ဆိုင်မှာ ဓာတ်ဆီ ဖြည့်နေတုန်း သပ်သပ် ရပ်ရပ် ၀တ်စား ထားတဲ့ ယောက်ျား တစ်ဦးက သူ့ကိုယ်သူ ကုမ္ပဏီ အရောင်း ကိုယ်စားလှယ် အဖြစ်နဲ့ သူမကို ရည်ရည် မွန်မွန် မိတ်ဆက်ရင်း ပစ္စည်း ဝယ်ဖို့ လိုအပ်ရင် ဆက်သွယ်ဖို့ လိပ်စာကဒ်ကို ပေးခဲ့တယ်။

သူမကလဲ သဘောရိုး နဲ့လို့ ထင်မှတ်ပြီး ယဉ်ကျေးမှု အနေနဲ့ လိပ်စာကဒ်ကို လက်ခံပြီး ကားပေါ် ပြန်တက် လို့ မောင်းထွက် ခဲ့တယ်။ တချိန်တည်းမှာပဲ အဲဒီ ယောက်ျား ဟာ တခြား လူရည်သန့် ယောက်ျား တစ်ဦး
မောင်းတဲ့ ကားပေါ် တက်သွား ပါတယ်။

ဓာတ်ဆီဆိုင်ထဲ ကနေ ကားမောင်း ထွက်လာတဲ့ သူမဟာ သူမရဲ့ ကားနောက် ကနေ စောစောက
 ယောက်ျား က တချိန်တည်းမှာပဲ နောက်ယောင်ခံ ကားမောင်း လိုက်လာ တာကို နောက်ကြည့်မှန်က တဆင့် မြင်လိုက်တယ်။

အဲဒီ အချိန်မှာပဲ သူမဟာ တအား ခေါင်းကိုက် လာပြီး အသက်ရှူလို့ မရ ဖြစ်လာ ခဲ့တယ်။

သူမဟာ ကားပြတင်းပေါက်ကို ဖွင့်ဖို့ ကြိုးစားရင်းနဲ့ အနံ့ဟာ သူမရဲ့ လက်က လာတာ ဖြစ်ကြောင်း သတိ ထား မိလိုက်တယ်။ စောစောက ယောက်ျား လှမ်းပေးတဲ့ ကဒ်ကို လက်ခံ ကိုင်မိတဲ့ လက်ဆီက လာတဲ့ အနံ့ပါ။

ရုတ်တရက် ပတ်ဝန်းကျင်ကို ပြန်ငဲ့ ကြည့်မိတဲ့ အခါ ကဒ်ပေးတဲ့ ယောက်ျားရဲ့ ကားက သူမ ကားရဲ့နောက် တည့်တည့် ရောက်နေပါပြီ။

ဒါနဲ့ လူနဲ့ကား စည်ကားရာ ဆီကို သွားတဲ့ ကားလမ်းကြောကို အမြန်ဆုံး ရွေးမောင်းရင်း ကားဟွန်းကို ထပ်ခါ တလဲလဲ နှိပ်နေခဲ့ ရတယ်။ သူမရဲ့ ကားကို လူတွေ သတိထား မိပြီး အကူ အညီ ရလို ရငြားပေါ့။

အဲဒီတော့မှ သူမရဲ့ ကားနောက်က လိုက်နေတဲ့ ယောက်ျားတွေရဲ့ ကားက တခြားကို မောင်းပြေး ပါတော့ တယ်။ သူတို့ရန်က လွတ်ခဲ့ ပေမယ့် သူမ ကတော့ မိနစ် တော်တော် ကြာကြာ ခေါင်းမူး ခေါင်းကိုက် ဖြစ် ပြီးနောက် ကားပြူ တင်းပေါက်တွေက တိုးဝင်လာတဲ့ လေတွေကြောင့် အသက် ပြန်ရှူနိုင် ခဲ့ပါတယ်။

လိပ်စာကဒ် ပေါ်မှာ ဘာပါလဲ သိလား…။



လူတဖက်သား ဆီက တခုခု ခိုးယူဖို့ ဒါမှမဟုတ် အဲဒီလူဆီက တစုံတခု အမြတ်ထုတ်ဖို့ ကြိုးစားရာမှာ သူတို့ ရည်ရွယ်ထားတဲ့ သားကောင် သို့မဟုတ် အနစ်နာ ခံရမယ့် သူက ဘာမှ ပြန်မတုံ့ပြန် နိုင်အောင် မသမာ သူတွေက 'BURUNDANGA' လို့ခေါ်တဲ့ ဆေးကို သုံးတတ် ကြတယ်။



အဲဒီဆေး ဟာ မုဒိမ်းကောင်တွေက မိန်းကလေးတွေကို မကျူးလွန်မှီ မိန်းကလေးတွေ ထွက်မပြေးနိုင်၊ မလှုပ်ရှား နိုင်အောင် ကျွေးလေ့ရှိတဲ့ ဆေးထက် လေးဆ ပိုပြင်း ပါတယ်။

ပိုဆိုးတာက ဒီဆေးက ပါးစပ်ထဲ ၀င်အောင် ခတ်စရာ မလိုပဲ လိပ်စာကဒ်လို ရိုးရှင်းတဲ့ စာရွက် အပိုင်း အစ တစ်ခုကနေ အနံ့ အဖြစ်နဲ့ ကူးလွယ်၊ အသုံးချရ လွယ်ကူ နေပါတယ်။

ဒီလို လုပ်ရပ်မျိုးထဲမှာ ကိုယ့် အိမ်တံခါး လာခေါက်ပြီး သတင်းစာ ဝေတာ၊ လက်ကမ်း ကြော်ငြာစာရွက် ဝေပေးတာ၊ လူရှင်းပြီး ချောင်ကျတဲ့ စားသောက် ဆိုင်တွေမှာ tissue box လာချတာက စလို့ ပုံစံ မျိုးစုံနဲ့ ချဉ်းကပ် လာနိုင်တာတွေ အများကြီး ရှိပါတယ်။



ကျေးဇူးပြုပြီး ဒီသတင်းကို သင် အလေးထား ဂရုစိုက်သူ တွေဆီကို လက်ဆင့် ကမ်းပေးပါ။ မသမာ သူတွေရဲ့ မာယာ ကျော့ကွင်းတွေကို အပြစ်မဲ့ သူတွေ ရှောင်ရှား နိုင်ကြပါစေ။

From : Credit - ပျိုမေတို့သိစေဖို့ မှ ပြန်လည်မျှဝေပါသည်။

Originally published at - =source=

Read More »

အသွင်သဏ္ဌာန် မျိုးစုံဖြင့် ပျံသန်းသည့် အံ့သြဖွယ်ရာ ဆက်ရက်အုပ်စု




အင်္ဂလန် နိုင်ငံ ကင်းဘရစ်ခ်ျ ရှိုင်းယား ကောင်တီမှာ ဆက်ရက် တွေရဲ့ အံ့သြ ဖွယ်ရာ သဘာဝ ဖြစ်ရပ်ကို ငှက်စောင့်ကြည့်သူ တဦးက အမိအရ ရုပ်သံ မှတ်တမ်း ရိုက်ခဲ့ ပါတယ်။

“ဒါက တကယ့် ငှက်အုပ်စု အကြီးကြီး တခုပါ။ နေ့အလင်းရောင် မှိန်လာတဲ့ အချိန်မှာ သူတို့ စတင်ပြီး ဒီလို ထူးခြား ဆန်းပြားတဲ့ အသွင် သဏ္ဌာန်တွေနဲ့ ပျံသန်း ပါတယ်” လို့ ဒီလို ငှက်တွေ ပျံသန်းတာကို ရုပ်သံ မှတ်တမ်း တင်ထားတဲ့ အယ်လ်ကစ်တ် ချင်က ရိုက်တာ သတင်း ဌာနကို ပြောပါတယ်။

သဘာဝဗီဇတွေအကြောင်း ရေးသားပြီး ဓာတ်ပုံမှတ်တမ်းတင်သူ ကစ်တ်ချင်ကို သူ့ရဲ့သူငယ်ချင်းတဦးက သူရုပ်သံမရိုက်ကူးခင် တညက အလားတူပုံစံမျိုး ဆက်ရက်တွေ ပျံသန်းတယ်လို့ ပြောခဲ့ပါတယ်။

ဒါကြောင့် ကစ်တ်ချင်က ဒီလို အလားတူပျံသန်းမှုမျိုး မြင်ရဖို့ ဆက်ရက်တွေ ပထမနေ့က ပျံသန်းခဲ့တဲ့နေရာကိုပဲ သွားခဲ့တာလို့ ဆိုပါတယ်။

“ကျနော် အရင်က သိပ်ထူးထူးခြားခြားမဟုတ်တဲ့ ပျံသန်းမှုမျိုးကို ၂ ကြိမ်လောက်မြင်ဖူးပါတယ်။ ဒီတစ်ကြိမ်ကတော့ တကယ့်ထူးခြားမှုပါပဲ” လို့ ကစ်တ်ချင်က ပြော ပါတယ်။

ငှက်များကာကွယ်စောင့်ရှောက်ရေး တော်ဝင်အသိုင်းအဝန်း (RSPB) ရဲ့ အပြောအရ ကျွဲဆက်ရက်တွေရဲ့ တတွတ်တွတ်မြည်သံ သဘာဝဖြစ်စဉ် ဆိုတာ ကောင်းကင် အထက်မှာ ငှက်ထောင်သောင်းပေါင်းများစွာ ထိုးဆင်းလာကာ ပတ်ချာလည် လှည့်လည်ပျံသန်းတာဖြစ်တယ်လို့ သိရပါတယ်။

သတ္တဝါတွေကြီးတွေရဲ့ ရန်က ကာကွယ်နိုင်ပြီး လုံခြုံမှုရှိဖို့နဲ့ အနွေးဓာတ်ရဖို့ စတာတွေအပါအဝင် အကြောင်းများစွာကြောင့် ဆက်ရက်တွေ ဒီလိုပျံသန်းတယ်လို့ RSPB အင်တာနက်စာမျက်မှာ ရေးသားထားပါတယ်။

တချို့နေရာတွေမှာ ဒီသဘာဝဖြစ်စဉ်ဖြစ်တဲ့ ဆက်ရက်တွေ အစုလိုက် ထိုးဆင်းပတ်ချာလည် ပျံသန်းတာဟာ ဆက်ရက်ကောင်ရေပေါင်း ၁ သိန်း ဝန်းကျင်လောက်ထိ ဖြစ်တယ်လို့ သိရပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/194539

Read More »

Monday, February 27, 2017

မြွေတကောင်ကို အသေအကျေ တိုက်ခိုက် ခဲ့သည့် ကင်းခြေများ




ကင်းခြေများ တွေကို ကမ္ဘာ့ အဆိပ် အပြင်းဆုံး သတ္တဝါတွေလို့ သတ်မှတ် မထားကြ ပေမယ့် အန္တရာယ် ရှိတာတော့ ငြင်းလို့ မရပါဘူး။

သူတို့ကို ပိုးနသန်ကောင် တွေနဲ့ မှားလေ့ ရှိကြပေမယ့် သဘော သဘာဝ ကတော့ မတူညီ ကြပါဘူး။

ကင်းခြေများတကောင်မှာ သာမန်အားဖြင့်တော့ ကျောရိုးဆစ်ငယ်ပေါင်း ၁၂ ဆစ်ကနေ အဆစ် ၁၀၀ ကျော်ထိ ရှိနိုင်ပြီး အရွယ်အစားကတော့ ၃၀ စင်တီမီတာ (၁ ပေ) လောက်အထိ ကြီးထွားနိုင်ပါတယ်။

ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ မြွေတကောင်ကို အသေအကျေ တိုက်ခိုက်ခဲ့တဲ့ ကင်းခြေများနီတကောင်ရဲ့ အစွမ်းကို တွေ့မြင်ရမှာပါ။

မြွေဟာ ကင်းခြေများနီကြီးအနားကို တရွေ့ရွေ့ရောက်လာခဲ့ချိန်မှာ ကင်းခြေများဟာ ဘာမှ မလုပ်ခဲ့သေးဘဲ ငြိမ်နေခဲ့တာပါ။

ဒါပေမယ့် ရုတ်တရက်ပဲ အလစ်မှာ မြွေရဲ့ အလယ်ပိုင်းနေရာကို ကိုက်ခဲပစ်လိုက်ချိန်မှာတော့ မြွေဟာ အငိုက်မိခဲ့ရပါတော့တယ်။

မြွေဟာ ဘယ်လိုပဲ ရုန်းကန်ပေမယ့် မလွတ်နိုင်ဘဲ ရှိနေခဲ့ပြီး ပြန်ပြီး မပေါက်သာတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

ကင်းခြေများနီကြီးဟာ လုံးဝကို မလွှတ်တမ်း ကိုက်ခဲထားခဲ့ပြီး မြွေရဲ့ခန္ဓာကိုယ်ကို သူ့ရဲ့ ခြေထောက်တွေနဲ့ ကုတ်ကာ လုံးထွေးထားခဲ့တာပါ။

အချိန်အတော်ကြာခဲ့ချိန်မှာတော့ မြွေဟာ လုံးဝ မလှုပ်ရှားနိုင်တော့ဘဲ သေဆုံးသွားခဲ့တာကို တွေ့ရပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/191916

Read More »

Thursday, February 9, 2017

ဂင်းနက်စ် ကမ္ဘာ့စံချိန် တင်ခဲ့သည့် ပါလက်စတိုင်းမှ ပင့်ကူလူသား ကလေးငယ်




ပါလက်စတိုင်း ကလေးငယ် တဦးဟာ ခန္ဓာကိုယ်ကို တွန့်လိမ် ပုံသွင်းပြီး ပင့်ကူ လူသား တဦး သဖွယ် အစွမ်းပြနိုင် ခဲ့တဲ့ အတွက် ဂင်းနက်စ် ကမ္ဘာ့ စံချိန် တင်နိုင် ခဲ့ပြီလို့ သူ့ကို သင်ကြားပေးတဲ့ သင်တန်း ဆရာက ဖေဖော်ဝါရီ ၈ ရက်က ပြောပါတယ်။

အသက် ၁၃ နှစ် အရွယ် မိုဟာမက် အယ်လ်ရှိတ်ခ်ဟာ ဂါဇာဒေသမှ ဖြစ်ပြီး သူဟာ ခန္ဓာကိုယ်ကို ပျော့ပျော့ ပြောင်းပြောင်းနဲ့ ပင့်ကူ လူသား ဇာတ်ကောင်လို တွန့်လိမ် ပုံသွင်း ပြနိုင်တာကို တွေ့ရ ပါတယ်။

အချိန် ၁ မိနစ် အတွင်းမှာ သူဟာ ရင်ဘတ်ကို မှောက်လျက်သား အနေ အထားနဲ့ ရှိနေကာ ခြေထောက်တွေကို ကျောပေါ် ကနေ ကွေးယူပြီး ဦးခေါင်းရှေ့ကို ဆွဲယူကာ ထောက်ပြီး သွားပြနိုင် ပါတယ်။

စီဂျီတီအဲန် သတင်းမှာ ဖော်ပြတဲ့ ဒီရုပ်သံ ဗွီဒီယိုဖိုင် ထဲမှာတော့ ခန္ဓ္ဓာကိုယ်ကို ကွေးညွှတ်ပြီး စားပွဲခုံ၊ ကုလားထိုင်၊ လှေကား၊ ကြမ်းပြင်၊ ဘားတန်း စတဲ့ နေရာအနှံ့ သွားလာ နေထိုင်နိုင်တဲ့ စွမ်းရည်ပြသ မှုတွေကို အံ့သြဖွယ် တွေ့မြင် ရပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/188535

Read More »

Tuesday, February 7, 2017

မိခင်၏ ပစ်ပယ်ခံ ထားရသည့် သနားစဖွယ် ဂြိုဟ်သားနှင့် တူသည့် ကလေးငယ်




အိန္ဒိယ နိုင်ငံမှ မွေးကင်းစ ကလေးငယ် တဦးဟာ ပုံပျက် ပန်းပျက် ကြီးမားတဲ့ ဦးခေါင်း၊ မာကြော ထူထဲတဲ့ ဦးခေါင်းခွံ၊ အပြင်ကို ဖောင်းကား ထွက်နေတဲ့ မျက်လုံးတွေနဲ့ ထိတ်လန့် ကြောက်ရွံ့ဖွယ် မွေးဖွား ခဲ့ပါတယ်။

အဲဒီမွေးကင်းစ ကလေးငယ်ဟာ မိန်းကလေး တဦးဖြစ်ပြီး သူ့ရဲ့ပုံပန်း သဏ္ဌာန်ကြောင့် အများစုကတော့ သူ့ကို တခြား ကမ္ဘာက မကောင်းဆိုးဝါး ဂြိုဟ်သား ကလေးငယ်လို့ သမုတ် ခဲ့ကြပါတယ်။

ထိတ်လန့်တကြားဖြစ်နေတဲ့ မိခင်ဖြစ်သူဟာ ကလေးငယ်ကို ပြုစုစောင့်ရှောက်ဖို့ အကြောက်အကန် ငြင်းဆန် ခဲ့တယ်လို့ မေရာသတင်းတပုဒ်မှာ ဖေဖော်ဝါရီ ၅ ရက်နေ့က ဖော်ပြပါတယ်။

ကလေးငယ်ကို နာမည်မပေးရသေးဘဲ ခုလိုသတင်းကို ကြားသိရတဲ့သူတွေဟာ သူတို့အိမ်ဆီ လာရောက်ပြီး စူးစမ်းလေ့လာနေကြတာပါ။

တချို့ကတော့ ဒါဟာ ဟိန္ဒူနတ်ဘုရားတပါး ဝင်စားတာဖြစ်မယ်လို့ ယုံကြည်နေကြပါတယ်။

မိခင်ဖြစ်သူ အသက် ၂၅ နှစ်အရွယ် ပရီယန်ကာ ကူမာရီက “ကျမ သူ့ကို ရုတ်တရက်မြင်လိုက်ရချိန်မှာ တကယ့်ကို ထိတ်လန့်သွားခဲ့ရတယ်။ ကျမကိုယ်ကျမ ခုလို ထူးဆန်းတဲ့ပုံစံနဲ့ မွေးဖွားလာခဲ့လိမ့်မယ်လို့ မထင်မိခဲ့ဘူး။ ခုတော့ ကျမ သူ့အတွက် စိတ်ပူနေရပါပြီ။ ကျမဆီကို ကျန်းမာကြံ့ခိုင်တဲ့ သားလေး၊ ဒါမှမဟုတ် သမီးလေး တယောက် ရောက်လာဖို့ပဲ ဆုတောင်း မိခဲ့တယ်။ သူကတော့ တခြားကလေးတွေနဲ့ ကွဲပြားနေပါတယ်” လို့ ပြောပါတယ်။

ကလေးငယ်ရဲ့ ဖခင်ဖြစ်သူ အသက် ၃၄ နှစ်အရွယ် ဘာလင်ဒရာ မာထိုကတော့ “ကလေးငယ်ဟာ တကယ့်ကို ကျိန်စာသင့်နေခဲ့တာဖြစ်တယ်။ ကျနော်လည်း စိတ်ရှုပ်ထွေးခဲ့ရပါတယ်။ ဘာလုပ်ရမှန်း မသိတော့ပါဘူး။ ခုတော့ ဆေးရုံမှာ ဆရာဝန်တွေ ညွှန်ကြားတဲ့အတိုင်းပဲ ဆက်လုပ်ရတော့မှာပဲ” လို့ ပြောလိုက်တာပါ။

အဲဒီကလေးငယ်ဟာ Harlequin Ichthyosis လို့ခေါ်တဲ့ မျိုးဗီဇဆိုင်ရာ ထူးဆန်းတဲ့ ရောဂါတမျိုး ခံစားခဲ့ရတာဖြစ်ပြီး ဒါဟာ အာဟာရချို့တဲ့မှုနဲ့ အရေပြားထူအမ်းကာ ပုံပန်းသဏ္ဌာန် ပျက်တာတွေလည်း ဖြစ်စေနိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အစိုးရဆေးရုံမှာ တက်ရောက်နေတဲ့ ကလေးငယ်ကို ပြုစုစောင့်ကြပ်နေတဲ့ ဆရာဝန် ဒေါက်တာ ရာဂျန်ဆင်ဟာက “မိခင်ရဲ့ ကျန်းမာရေးအခြေ အနေကတော့ ကောင်း ပါတယ်။ ဒါပေမယ့် ကလေးကိုတော့ ကျနော်တို့ မပြောနိုင်သေးပါဘူး။ ခုလိုအခြေအနေတွေမှာ အသက်ရှင်သန်နိုင်ခွင့်ဟာ ၁၀ သန်းမှာ ၁ ယောက်သာ ရှိနိုင်လို့ပါပဲ” လို့ ပြောပါတယ်။



Video from: https://youtu.be/mFBWfAcLTb0

Post From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/187977

Read More »

Thursday, February 2, 2017

ဘယ်လ်ဂျီယမ် နိုင်ငံမှ ရေအောက် ကမ္ဘာ စားသောက်ဆိုင်


မကြာ သေးခင် ကမှ ဖွင့်လှစ် ခဲ့တဲ့ ဘယ်လ်ဂျီယမ် နိုင်ငံမှ စားသောက်ဆိုင် တစ်ဆိုင်ဟာ တကယ့်ကို ထူးခြား ဆန်းပြား လှပါတယ်။ ဘာလို့လဲ ဆိုတော့ အဲဒီ စားသောက်ဆိုင်ကို ရေကူးကန် တကန်ရဲ့ ရေအောက် အနက် ၅ မီတာမှာ စားသောက်နိုင်အောင် ပြုလုပ် ထားခဲ့ လို့ပါပဲ။ ပုလဲ စားသောက်ဆိုင်လို့ အမည်ပေး ထားတဲ့ ဒီဆိုင်ကို ဘရပ်ဆဲလ်မြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဖွင့်လှစ် ခဲ့တာလို့ မေရာ သတင်းတပုဒ်မှာ ဇန်နဝါရီ ၃၁ ရက်နေ့က ဖော်ပြ ပါတယ်။ လာရောက်စားသောက်သူတွေအနေနဲ့ ဒီရေအောက်ကမ္ဘာ စားသောက်ဆိုင်မှာ ကျောက်ပုဇွန်သုတ်၊ ပြင်သစ်အစားအစာ ဖွာဂရာနဲ့ ရှမ်ပိန် စတဲ့ စားသောက် ဖွယ်ရာတွေကို ရရှိနိုင်မှာဖြစ်ပြီး လူတဦးကို ၉၉ ယူရိုကျသင့်မှာ ဖြစ်ပါတယ်။ ဆိုင်ကိုလာရောက်ကြတဲ့ ဧည့်သည်တွေဟာ ရေအောက်အနက်ထဲမှာ ရှိနေတဲ့ စက်လုံးပုံသဏ္ဌာန် စားသောက် အိမ်ငယ် ထဲကို ရေငုပ် သွားရောက် ရမှာဖြစ်ပြီး ရေပြင်အပူချိန် ၃၃ ဒီဂရီစင်တီဂရိတ်မှာ ထားရှိတာ ဖြစ်ပါတယ်။ “ဒီရေကူးကန်ကို လွန်ခဲ့တဲ့ ၁၂ နှစ်လောက် ဆယ်ကျော်သက်အရွယ်ကတည်းက ဖန်တီးခဲ့တာပါ။ ကျနော်က လူတိုင်းကို ခုလိုအခြေအနေ မျိုးနဲ့ ရေငုပ်ပြီး နေ ထိုင်နိုင်စေချင်တယ်လေ။ ခုတော့ ခင်ဗျားတို့ ရေအောက်မှာ စကားပြောနိုင်တယ်၊ အချင်းချင်း ဆွေးနွေးဖလှယ်နိုင်ပါပြီ” လို့ စားသောက်ဆိုင်ဖန်တီးရှင် ဂျွန်ဘီယားနာ့တ်စ်က ပြောပါတယ်။ အကျယ်အဝန်း ၂ မီတာရှိတဲ့ ဂေါက်သီးတလုံးလို လုံးဝန်းတဲ့ စားသောက်အိမ်ငယ်လေးထဲမှာ ပြတင်းပေါက်တွေလည်း ပါဝင်ပြီး လူ ၄ ဦးထိ ဝင်ရောက် စားသောက်နိုင်ပါတယ်။ လက်ရှိမှာတော့ စားပွဲထိုးဝန်ထမ်းတွေကို နီမို ၃၃ ရေငုပ်စင်တာမှ ရေငုပ်သမားတွေနဲ့ ဝန်ဆောင်မှုပေးနေတာဖြစ်ပြီး ရေငုပ်အတွေ့အကြုံမရှိသူ လာရောက်စားသောက်သူတွေကိုလည်း မိတ်ဆက်သင်ကြားပေးနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ စားသောက်ဆိုင် ဖွင့်လှစ်ပြီးချိန်ကတည်းက ခုချိန်ထိ လာရောက်စားသောက်သူ ၁၆ ဦးထိ ရှိခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ လာရောက်စားသောက်သူတဦးဖြစ်တဲ့ နီကိုလပ်စ် မောက်ချာ့တ်က “တကယ့်ကို ထူးခြားတဲ့ ရေအောက်ကမ္ဘာပါပဲ။ ငါတို့ ၂ ယောက်လုံးဟာ ငါးစုံတွဲတွေလိုပဲ။ ရေထဲမှာ ပျော်စရာကောင်းပါတယ်။ ငါတို့ ဘ၀တလျှောက်လုံး မမေ့နိုင်မယ့် ညစာစားပွဲပါပဲ” လို့ ပြောပါတယ်။ Video From : Nemo33 2017 Originally published at - https://www.youtube.com/watch?v=Wzx9K-QPbZc Post From : ဒီဗွီဘီ Originally published at - https://www.youtube.com/watch?v=Wzx9K-QPbZc
Read More »

RPG ဒုံးကျည် တင်ပါး စိုက်ဝင်သော်လည်း သေကံ မရောက်ခဲ့သူ




ဒီလူဟာ ကမ္ဘာ့ ကံအကောင်းဆုံး လူတွေ ထဲမှာ တစ်ယောက် အပါ အ၀င်လို့ ပြောမယ် ဆိုရင် လွန်မယ် မထင်ပါဘူး။ သူဟာ ရန်သူ့ RPG-32 က ပစ်လွှတ် လိုက်တဲ့ TB-32V Thermobaric Rocket ကြီး တင်ပါးကို ထိမှန်၊ စိုက်ဝင် ခံခဲ့ရတဲ့ ယီမင် သူပုန် တစ်ယောက် ဖြစ်ပြီး ကံကောင်း ထောက်မ စွာနဲ့ပဲ ဒုံးကျည် ထိပ်ဖူးဟာ အသက်ဝင် ပေါက်ကွဲမှု မရှိ ခဲ့ပါဘူး။ (တင်ပါးထဲ ရော့ကတ် ၀င်သွားအောင် ဒီလူ ဘယ်လို လုပ်နေလဲ ဆိုတာကတော့ ပညာရှင်များ သုံးသပ် ကြည့်ကြပါ )

တင်ပါးထဲ ၀င်နေတဲ့ Rocket ကြီးကို ဆေးပညာ ရှင်တွေက အောင်အောင် မြင်မြင် ခွဲထုတ် ပေးနိုင်ခဲ့လို့ သူဟာ အခုဆိုရင် အသက် ဆက်ရှင်နိုင် ခဲ့ပါပြီ။ RPG-32 ဟာ ရုရှားနဲ့ ဂျော်ဒန်တို့ ပူးတွဲ ထုတ်လုပ် ထားတဲ့ RPG တစ်မျိုး ဖြစ်ပြီး ၎င်း Thermobaric ထိပ်ဖူးဟာ ဆိုရင် ၁၅ မီတာ (၄၉ ပေ) ပတ်လည်က လူနဲ့ တိရစ္ဆာန် တွကို ပြာ
ဖြစ် သွားနိုင် စေလောက်အောင် ပြင်းထန် ပါတယ်။



Yint Lu Shein ဖေ့စ်ဘုတ် စာမျက်နှာမှ ပြန်လည်ကူးယူထားခြင်း ဖြစ်ပါသည်။

From : MOMOLAY

Originally published at - http://www.momolay.com

Read More »

Sunday, January 29, 2017

မြွေဟောက်ဘုရင်ရဲ့ လျှို့ဝှက်ချက်




ဘီဘီစီ၂၀၁၇ ခုနှစ် Plannet Earth II ရဲ့ တောရိုင်း တိရစ္ဆာန် မှတ်တမ်း ဗွီဒီယို ရုပ်သံမှ မြွေဟောက် ဘုရင်နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက် aတွကို ရိုက်ကူး တင်ပြ ထားတာပါ။

အစီအစဉ် တင်ဆက်သူမှ မြွေဟောက် ဘုရင် aတွဟာ သေစေနိုင်တဲ့ သတ္တဝါတွေ jဖစ်ပြီး ကမ္ဘာ့အကြီးဆုံး အဆိပ်ရှိ သတ္တဝါ jဖစ်တယ်၊ မြွေဟောက် ဘုရင်တွေက အရွယ် လုံးဝ aရာက်ပြီးသား ဆင်တစ်ကောင်ကို သေစေ နိုင်လောက်အောင် အစွမ်း ရှိပေမယ့် ဘာကြောင့် ဒီလို စွမ်းနိုင်တယ် ဆိုတာ ကိုတော့ လူသားတွေက လုံးဝ နီးနီး မသိရှိ ဘူးလို့ ပြောထား ပါတယ်။

ဒါပေမယ့် ခုဒီလို မသိတဲ့ ကိစ္စကို ပြောင်းနိုင် တော့မယ်လို့ ဆိုပါတယ်။ သုတေသန လုပ်သူတွေက မြွေဟောက် ဘုရင် ၂ ကောင်ကို ခွဲစိတ်ပြီး
စောင့်ကြည့် စက်ကိရိယာတွေ ထည့်ထား ပါတယ်။

လျှို့ဝှက်ဆန်းကြယ်လှတဲ့ မြွေအချင်းချင်း အကြမ်းဖက် တိုက်ခိုက်တာ မြွေတွေ အသားစား တာတွေ စတာတွေ ပါဝင်တဲ့ လူသားတွေ အရင်က လုံးဝ မမြင်ဘူးတဲ့ မြွေတွေရဲ့ နေထိုင်မှု ဘဝ လျှို့ဝှက်ချက် တွေကို ဖော်ထုတ်ပြ သွားမှာပါလို့ ဆိုပါတယ်။

ဒီလျှို့ဝှက်ချက်တွေကို ရုပ်သံဗွီဒီယိုထဲမှာ တွေ့မြင်ရမှာပါ။

မြွေဟောက်ဘုရင်တွေက ၅ မီတာခွဲ နီးနီးထိ ရှည်လျား ကြီးပြင်း တတ်ပြီး အိန္ဒိယ သစ်တောတွေကို နှစ်သန်းပေါင်း များစွာ အကြီး အကဲ အဖြစ် နေထိုင် တယ်လို့ ဆိုပါတယ်။

ဒီရှေးဟောင်း သတ္တဝါတွေက ခုချိန်မှာ လူသားတွေရဲ့နေရာတွေမှာ နေထိုင်ရောက်ရှိ လာတာ ပိုမို များပြား လာတယ်။ သူတို့ကြီးကဲ နေထိုင်ရာ သစ်တောနေရာတွေ ကလည်း တနှစ်ထက် တနှစ် ပိုပိုသေးငယ် လာတယ်လို့ သိရပါတယ်။

မြွေဟောက်ဘုရင်တွေက အခြားမြွေတွေကို ကိုက်ဖြတ် စားသုံး တတ်ပါတယ်။

အိန္ဒိယမှာ နှစ်စဉ်နှစ်တိုင်း လူ ၅ သောင်းလောက် မြွေကိုက်ခံပြီး သေဆုံးပေမယ့် အိန္ဒိယမှာ အကြီးဆုံး အဆိပ်ရှိ သတ္တဝါဖြစ်တဲ့ မြွေဟောက် ဘုရင်တွေကြောင့် ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း တောင်ပိုင်း အိန္ဒိယမှာ လူ ၄ ဦးပဲ သေဆုံး တယ်လို့ သိရပါတယ်။

မြွေဟောက် ဘုရင်တွေက သူတို့ထုတ်လွှတ်မဲ့ အဆိပ် ပမာဏကို ထိန်းချုပ်နိုင်လို့ သူတို့ ကိုက်တဲ့ လူတွေထဲမှာ ၁၀ ရာခိုင်နှုန်းပဲ သေဆုံး တယ်လို့ ဆိုပါတယ်။

မြွေဟောက် ဘုရင်တွေရဲ့ အဆိပ် ကလည်း အဖိုး ထိုက်တန်တယ် လို့လည်း သိရပါတယ်။



သတင်းရုပ်သံ- ဘီဘီစီ

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/186507

Read More »

Saturday, January 28, 2017

ကြက်နှစ်ကို ကြက်အကဖြင့် ဖျော်ဖြေ ခဲ့ကြသည့် တရုတ်စစ်သားများ




အခု လာမယ့် နှစ်သစ်ကို တရုတ်ရိုးရာ ယုံကြည်မှု အရ ကြက်နှစ်လို့ သတ်မှတ် ထားကြတာပါ။

အဲဒီ အထိမ်း အမှတ် အဖြစ် ဆိုင်တွေ၊ ဈေးတွေ၊ နေအိမ်တွေ အနှံ့ ကမ္ဘာ တလွှားမှ တရုတ် လူမျိုးတွေဟာ ကြက်ပုံ သင်္ကေတ တွေနဲ့ အလှ ဆင်ယင်ပြီး ကြိုဆိုဖို့ ပြင်ဆင်နေ ကြတာကို တွေ့ရ ပါတယ်။

ဒီရုပ်သံ ဗွီဒီယိုဖိုင် ကတော့ တရုတ် စစ်ဝတ်စုံ တွေနဲ့ ရိုးရာ ကြက်နှစ်ကို ကြိုဆို ကြမယ့် အမျိုးသား အကအဖွဲ့ရဲ့ မြူးကြွတဲ့ ကကွက်တွေကို ရိုက်ယူ ထားခဲ့ပြီး Shanghaiist သတင်း တပုဒ်မှာ ဖော်ပြခဲ့ တာပါ။

သူတို့ ကပြသရုပ်ဖော်ခဲ့တဲ့ သီချင်းကတော့ အသက် ၃၈ နှစ်အရွယ် တရုတ်အဆိုတော် အမျိုးသမီး ရိုလင်းဝမ်ရဲ့ Chick Chick လို့ အမည်ရတဲ့ သီချင်း တပုဒ်ရဲ့ နောက်ခံတီးလုံးကို ယူထား ခဲ့တာပါ။

ဒီသီချင်းဟာ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့ တာဖြစ်ပြီး ကိုရီးယား နာမည်ကျော် သီချင်းတပုဒ်ဖြစ်တဲ့ ဂန်းနန်းစတိုင်သီချင်းလိုပဲ နာမည်ကျော်ကြားခဲ့တာပါ။

သီချင်းထဲ မှာတော့ အဆိုတော် အမျိုးသမီးနဲ့ အဖွဲ့ဟာ ကြက်ပုံ သဏ္ဌာန် အသံ၊ ဟန်ပန်နဲ့ ဝတ်စား ဆင်ယင် သရုပ်ပြမှု တွေကြောင့် လူသိများ ထင်ရှား ခဲ့ပါတယ်။

ဒီရုပ်သံဗွီဒီယို ဖိုင်ထဲမှာတော့ တရုတ် စစ်သားတွေရဲ့ သရုပ်ပြ တင်ဆက်မှု တွေက ထူးထူး ခြားခြား ဖြစ်နေ ခဲ့ပါတယ်။


Video From : https://www.facebook.com/shanghaiist/videos/10155402888331030/

Post From : DVB

Originally published at - http://burmese.dvb.no/archives/186379

Read More »

Friday, January 27, 2017

ရေစီးထဲ မျောပါမည့် ခွေးကလေးကို ကယ်တင်ခဲ့သည့် အဖော် ခွေးကလေး




မြစ်ပြင် ရေစီး ကြမ်းကြမ်း ထဲကို မျောပါ တော့မယ့် ဆဲဆဲ ဖြစ်နေ ခဲ့တဲ့ ခွေးကလေးရဲ့ အသက်ကို သက်စွန့် ဆံဖျား ကယ်တင် ခဲ့တဲ့ အဖော် ခွေး ကလေး တကောင်ရဲ့ ရုပ်သံ ဗွီဒီယို ဖိုင်ဟာ လတ်တလော အင်တာနက် စာမျက်နှာတွေ ပေါ်မှာ ရေပန်း စားနေ ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ အာဂျင်တီးနားနိုင်ငံ၊ ကော်ဒိုဗာမြို့မှ ရေစီးသန်တဲ့ မြစ်တခု အနီးမှာ ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။

အနက်ရောင် လက်ဘရေဒေါ (Labrador) အမျိုးအစား ခွေးကလေးဟာ သခင်ဖြစ်သူ အမျိုးသားတဦးနဲ့အတူ မြစ်ကမ်းဘေးမှာ ရှိနေခဲ့တာဖြစ်ပြီး သခင်က တုတ်တချောင်းကို လွှဲပစ်လိုက်ချိန်မှာ သူက လိုက်ဖမ်းဖို့ ကြိုးစားခဲ့တာပါ။

သူဟာ ရေထဲကျသွားတဲ့တုတ်ကို ဖမ်းမိခဲ့ပေမယ့် ကံမကောင်းစွာပဲ မြစ်ရေစီးကြောင်းကြားထဲကို ပြုတ်ကျခဲ့ပြီး မျောပါတော့မလို ဖြစ်ခဲ့တာပါ။

အဲဒီအချိန်မှာ ကမ်းပေါ်မှ သူ့ရဲ့အဖော် အ၀ါရောင်ခွေးကလေးက သူ့ကို ကယ်တင်နိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့တာကို တွေ့ရပါတယ်။

သူဟာ ရေထဲက ခွေးကလေးဆီမှ ကိုက်ချီထားတဲ့ တုတ်ချောင်းကို ပါးစပ်နဲ့ လှမ်းကိုက်ဆွဲယူပြီး ကမ်းပေါ်ကို ဆွဲတင်နိုင်ခဲ့တာပါ။

ဒီရုပ်သံဗွီဒီယိုဖိုင်ကို ရာဖဲလ် ဖရန့်ဆီယူလီ အမည်ရသူက ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့မှာ ယူကျုအင်တာနက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ ချိန်မှာတော့ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သောင်း ၅ ထောင် ၉ ရာကျော် ရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြ ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/186213

Read More »

Thursday, January 26, 2017

အဖော်ကွဲ အာဖရိက မြင်းကျား ခြင်္သေ့ အစာဖြစ်သွား




အာဖရိက မြင်းကျား တွေဟာ အုပ်စုဖွဲ့ သွားလာ နေထိုင်လေ့ ရှိကြပြီး အမြင်အာရုံ စူးရှတယ်လို့ သိထားကြ သလို အရောင်တွေ ကိုတောင် ခွဲခြားနိုင်စွမ်း ရှိကာ ရန်သူကို လှမ်းမြင်နိုင်တဲ့ အမြင် စွမ်းရည်တွေ ရှိကြပါတယ်။

သူတို့ဟာ ရန်မူ တိုက်ခိုက်လေ့ ရှိတဲ့ သတ္တဝါမျိုး မဟုတ်ဘဲ မြက်ပင်တွေနဲ့ သစ်ဥသစ်ဖုတွေကိုသာ စားသုံးလေ့ ရှိကြပါတယ်။

ဒီရုပ်သံဗွီဒီယိုဖိုင် ထဲမှာတော့ အုပ်စုထဲကနေ ကွဲထွက် လာပြီး ခြင်္သေ့နဲ့ ပက်ပင်း တိုးကာ တိုက်ခိုက်ခံ ခဲ့ရတဲ့ မြင်းကျား တကောင်ရဲ့အဖြစ်ကို တွေ့ကြရမှာပါ။

အဲဒီမြင်းကျားဟာ အုပ်စုထဲမှ တကောင်တည်း ကွဲထွက် ကျန်နေ ခဲ့ချိန် ခြင်္သေ့ရဲ့ အလစ်အငိုက် တိုက်ခိုက် ခံခဲ့ရတာပါ။

ခြင်္သေ့ဟာ ရုတ်တရက်ပဲ မြင်းကျားရဲ့ခန္ဓာကိုယ်ပေါ်ကို ခုန်အုပ်ပြီး ကိုက်ခဲလိုက်တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။

အဲဒီအချိန်မှာ မြင်းကျားဟာ မရုန်းကန်နိုင်ခဲ့ဘဲ မြေပြင်ဆီ လဲကျသွားခဲ့ချိန်မှာတော့ ခြင်္သေ့က သူ့ရဲ့လည်ပင်းကို ကိုက်ခဲပစ်လိုက်ပါတယ်။

သာမန်အားဖြင့်ဆိုရင်တော့ ခန္ဓာကိုယ်အရွယ်အစား မကွာလှတဲ့ ခြင်္သေ့နဲ့ မြင်းကျားတို့ဟာ လက်ရည်တူ တိုက်ခိုက်နိုင်လိမ့်မယ်လို့ ထင်စရာရှိပေမယ့် သဘာဝတရားအရ ခြင်္သေ့ကို အရှုံးပေးခဲ့ရပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/186091

Read More »

Tuesday, January 10, 2017

သမီးငယ်ကို ကင်းမြီးကောက်ထောင်ပြီး နို့တိုက်သည့် မိခင်




အမေရိကန် နိုင်ငံကလို့ ယူဆရတဲ့ အမျိုးသမီး တဦးဟာ သူ့ရဲ့ တနှစ် အရွယ်သမီး ဖြစ်သူကို ကင်းမြီးကောက် ထောင် အနေ အထားနဲ့ နို့တိုက် ပြတဲ့ ရုပ်သံ ဗွီဒီယို ဖိုင်ဟာ လတ်တလော အင်တာနက် လူမှု ကွန်ရက် စာမျက်နှာတွေ ပေါ်မှာ ရေပန်းစားနေ ခဲ့ပါတယ်။

ကိုယ်တိုင်ရိုက်ဓာတ်ပုံ ဆဲလ်ဖီ (Selfies) အစား ကလေးနို့တိုက်ချိန် ကိုယ်တိုင်ရိုက်ဓာတ်ပုံ ဘရဲလ်ဖီ (Brelfies) လို့ ခေါ်ရတော့မလိုဖြစ်နေတဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်အသုံးပြုသူတွေကြားမှာ အငြင်းပွားစရာ ဖြစ်နေခဲ့တာပါ။

တချို့ကလည်း ဒါဟာ ယောဂကျင့်စဉ်ရဲ့ အစိတ်အပိုင်းတခုအဖြစ် သဘောတကျ မှတ်ချက်ပေးခဲ့ကြပြီး တချို့ကတော့ ဒါဟာ မိုက်ရူးရဲဆန်ဆန်နဲ့ စတန့်ထွင် လူသိများလိုတာမျိုး ဖြစ်တယ်လို့ ဝေဖန်နေကြတာပါ။

ကြာချိန် ၁၃ စက္ကန့်သာရှိတဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို မိုတာဂျုစ်အမည်နဲ့ တင်ခဲ့တာဖြစ်ပြီး ကလေးငယ်ရဲ့ နာမည်ကိုတော့ ဂျူလီအဲန်းလို့ ဖော်ပြခဲ့တာပါ။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ကလေးငယ် ဂျူလီအဲန်းဟာ ဦးခေါင်းဇောက်ထိုး အခြေအနေနဲ့ နို့တိုက်နေခဲ့တဲ့ မိခင်ဖြစ်သူနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ရှိနေခဲ့တာကို တွေ့ရပါတယ်။

ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဆစ်ဒ်နီမစ်ရှဲလ်အမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတဦးက ဖေ့စ်ဘွတ်ခ် အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ပြီး ကျန်တဲ့မိခင်တွေရဲ့ သဘောထား မှတ်ချက်တွေကို တောင်းခံခဲ့တာပါ။

“အမျိုးသမီးများရှင်။ ရှင်တို့ ဘယ်လိုခံစားရပါသလဲ။ ကျမကတော့ မိခင်တဦးအနေနဲ့ နေထိုင်တတ်မှု အနုပညာတခုလို ခံစားရပါတယ်။ သူဟာ ကိုယ်လက်ကြံ့ခိုင်မှု လေ့ကျင့်ခန်းတခုခု လုပ်ချင်နေချိန်မှာ ကလေးငယ်ဟာလည်း နို့ဆာချိန် ဖြစ်နေတယ်လေ။ ခုလိုလုပ်တာက မမျှတဘူးလား” လို့ သူက ရေးခဲ့ပါတယ်။

ဒါပေမယ့် ရှောင်နေးလ်အမည်နဲ့ အသုံးပြုသူတဦးကတော့ ဒါကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး “ဒီ့အတွက် အချိန်နဲ့ နေရာ ရှိပါတယ်။ တကယ်လို့များ ဒီမိုက်မဲတဲ့ အမျိုးသမီး ကလေးအပေါ် လဲပြိုကျသွားခဲ့ရင် တန်ပြန်အကျိုးဆက်က သူ ဒါကိုလုပ်နေလို့ပဲလေ” လို့ မှတ်ချက်ရေးခဲ့ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/183458

Read More »

Related Posts

Related Posts Plugin for WordPress, Blogger...