
ပါလက်စတိုင်း ကလေးငယ် တဦးဟာ ခန္ဓာကိုယ်ကို တွန့်လိမ် ပုံသွင်းပြီး ပင့်ကူ လူသား တဦး သဖွယ် အစွမ်းပြနိုင် ခဲ့တဲ့ အတွက် ဂင်းနက်စ် ကမ္ဘာ့ စံချိန် တင်နိုင် ခဲ့ပြီလို့ သူ့ကို သင်ကြားပေးတဲ့ သင်တန်း ဆရာက ဖေဖော်ဝါရီ ၈ ရက်က ပြောပါတယ်။
အသက် ၁၃ နှစ် အရွယ် မိုဟာမက် အယ်လ်ရှိတ်ခ်ဟာ ဂါဇာဒေသမှ ဖြစ်ပြီး သူဟာ ခန္ဓာကိုယ်ကို ပျော့ပျော့ ပြောင်းပြောင်းနဲ့ ပင့်ကူ လူသား ဇာတ်ကောင်လို တွန့်လိမ် ပုံသွင်း ပြနိုင်တာကို တွေ့ရ ပါတယ်။
အချိန် ၁ မိနစ် အတွင်းမှာ သူဟာ ရင်ဘတ်ကို မှောက်လျက်သား အနေ အထားနဲ့ ရှိနေကာ ခြေထောက်တွေကို ကျောပေါ် ကနေ ကွေးယူပြီး ဦးခေါင်းရှေ့ကို ဆွဲယူကာ ထောက်ပြီး သွားပြနိုင် ပါတယ်။
စီဂျီတီအဲန် သတင်းမှာ ဖော်ပြတဲ့ ဒီရုပ်သံ ဗွီဒီယိုဖိုင် ထဲမှာတော့ ခန္ဓ္ဓာကိုယ်ကို ကွေးညွှတ်ပြီး စားပွဲခုံ၊ ကုလားထိုင်၊ လှေကား၊ ကြမ်းပြင်၊ ဘားတန်း စတဲ့ နေရာအနှံ့ သွားလာ နေထိုင်နိုင်တဲ့ စွမ်းရည်ပြသ မှုတွေကို အံ့သြဖွယ် တွေ့မြင် ရပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/188535

No comments: