အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, February 11, 2017

မြန်မာပြည်မှာ တစ်ခုတည်းရှိတဲ့ ဘဲဥထုပွဲ




မြန်မာ နိုင်ငံမှာ တစ်ခုတည်း ရှိတဲ့ ရိုးရာ ဓလေ့ ဖြစ်တဲ့ ဘဲဥ ထုပွဲကို စစ်ကိုင်းမြို့၊ ဧမြဝတီ ရပ်မှာ ဒီကနေ့
ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ကျင်းပနေပါတယ်။

ဘဲဥထုပွဲဟာ တစ်နိုင်ငံလုံးမှာ စစ်ကိုင်းမြို့ ဇိနမာရ်အောင် လောကချမ်းသာ ကြေးဘုရား ဘုရားပွဲတော်မှာပဲ ရှိတဲ့ တစ်ခုတည်းသော ပွဲတော် ဖြစ်ပါတယ်။



မြန်မာဘုရင် မင်းတုန်းမင်း လက်ထက်က အစေခံတပ် ကင်းသမားတွေ၊ လှေတော် သားတွေ ညဘက် အပျော် ဆော့ကစားရင်း အချိန်ကြာလာတဲ့အခါ ရိုးရာပွဲတော် တစ်ခု ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။



ပွဲတော်မှာ နှစ်စဉ် ဘဲဥပြုတ် ဈေးသည်ပေါင်း ၅၀ နီးပါး ရောင်းချပြီး တစ်သည်ကို ဘဲဥပြုတ် အလုံး ၅၀၀ နီးပါး ကုန်ကြတယ်လို့ ပြောပါတယ်။

ပွဲတော်မှာ ညပိုင်း ၆ နာရီကနေ ညနက်ပိုင်း ၁၂ နာရီကျော် နောက်တစ်နေ့ ကူးတဲ့ အထိ ရောင်းချ ကြ တာ ဖြစ်ပါတယ်။

ဘဲဥထုတဲ့ ပုံစံကတော့ အသည်ဆီက တစ်လုံးကို ၂၀၀ ကျပ်နဲ့ ဝယ်ယူပြီး အကွဲ အနာအဆာ ပါမပါ စစ်ဆေး ပြီးနောက်မှာ လူနှစ်ယောက်က ထုတာ ဖြစ်ပါတယ်။

နှစ်ယောက်ထုရာမှာ ဘဲဥကွဲတဲ့သူက အရှုံးဖြစ်ပါတယ်။

From : Myanmar Cable News

Originally published at - http://www.mcntv.biz/news/local-news/28276/

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...