
ဒါဟာ တိရိစ္ဆာန် တကောင် မဟုတ်ပါဘူး။
ခန္ဓာကိုယ်ပေါ်မှာ ဆေးခြယ် ထားတဲ့ လူ ၅ ယောက်က ဖားတကောင်လို ပုံဖော် သရုပ်ပြ တင်ဆက်နေ တာပဲ ဖြစ်ပါတယ်။
ခန္ဓာကိုယ် ဆေးခြယ် သရုပ်ဖော် အနုပညာရှင် ဂျိုဟန်နက်စ် စတော့တာရဲ့ သဘာဝနဲ့ အနီးစပ်ဆုံး ဖန်တီး ပုံဖော်ထားတဲ့ အနုပညာ လက်ရာတွေပါပဲ။
ကံကောင်း ထောက်မစွာပဲ သူအသုံးပြုတဲ့ သရုပ်ဖော်ပြ သတဲ့ သူတွေဟာ ကြွက်သားတွေ တခုတလေမှ မလှုပ်ရှားဘဲ တိရစ္ဆာန် ဇာတ်ကောင် ပုံတူအတိုင်း သရုပ်ပြနိုင်တာဟာ အံ့မခန်း အနုပညာပါပဲ။
စတော့တာဟာ ဒီပညာရပ်ကို ကိုယ်တိုင်လေ့လာသင်ယူမှုနဲ့ တတ်မြောက်လာသူ တဦးပါ။
ဖားပုံ၊ ၀ံပုလွေပုံ၊ ငါးပုံ စတဲ့ သူ့ရဲ့ အနုပညာဖန်တီးချက်တွေကို အောင်မြင်စွာ ပြသနိုင်ဖို့ အနည်းဆုံး ၅ လလောက် စိတ်ကူးခဲ့ရပြီး တိရစ္ဆာန်ဇာတ်ကောင်ပုံတူ တခုအတွက် အနည်းဆုံး အချိန် ၈ နာရီကြာ တင်ဆက်ကြရတာပါ။
နယူးယောက်မဂ္ဂဇင်းမှာ ဖော်ပြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သူ့ရဲ့ တိရစ္ဆာန်ပုံစံတူ ခန္ဓာကိုယ် ဆေးခြယ်အနုပညာ ဖန်တီးမှုတွေကို မြင်တွေ့ကြရမှာပါ။
ဒီဗွီဘီ by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/154467

No comments: