အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label ထောင်တွင်းအလှမယ်များ. Show all posts
Showing posts with label ထောင်တွင်းအလှမယ်များ. Show all posts

Sunday, November 29, 2015

ဘရာဇီးလ်က ထောင်ထဲမှာ ပြုလုပ်ခဲ့တဲ့ အမျိုးသမီး ရာဇ၀တ်သား အလှမယ် ရွေးချယ်ပွဲ




သင်ဟာ အလှမယ် ရွေးချယ်ပွဲ တစ်ခုကို လက်နက်ကိုင် လုံခြုံရေး စစ်သားတွေက တာဝါတွေ ပေါ်က စောင့်ကြပ်ပေး နေတာမျိုး တွေ့ဖူးမှာ မဟုတ်ပါဘူး။ ဒါဟာ ကမ္ဘာ့ စည်းကမ်း အတင်း ကျပ်ဆုံး အမျိုးသမီး အကျဉ်းထောင် တစ်ခုမှာ ပြုလုပ်ခဲ့တဲ့ ၂၀၁၅ ခုနှစ် အမျိုး သမီး ရာဇ၀တ်သား အလှမယ် ရွေးချယ်ပွဲပဲ ဖြစ်ပါတယ်။



ဒီ အလှမယ် ရွေးချယ်ပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ် လေ့ရှိပြီး ဘရာဇီးလ်နိုင်ငံ ၊ ရီယိုဒီဂျနဲရိုး မြို့က Talavera Bruce ဆိုတဲ့ အမျိုးသမီး အကျဉ်းထောင်းမှာ ကျင်းပတာပဲ ဖြစ်ပါတယ်။ ဒီနှစ် အတွက် အလှမယ် အဖြစ် အရွေးချယ်ခံရသူကတော့ အသက် ၂၇ နှစ် အရွယ် Michelle Neri Rangel ပဲ ဖြစ်ပါတယ်။



သူမကတော့ ၂၀၁၀ ခုနှစ်မှာ အကျဉ်းထောင်ထဲ စတင်ရောက် လာခဲ့ပြီး သူမ ကျူးလွန်ခဲ့တဲ့ ပြစ်မှုကတော့ ဖောက်ထွင်းမှု ဖြစ်ပြီး ထောင်ဒဏ် ၃၉ နှစ် ကျခံနေ ရသူဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ ထောင်အတွင်းမှာ ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်ခဲ့တဲ့ အတွက် နောက်တိုး ထောင်ဒဏ် ၆ နှစ်ကို ပါ ကျခံနေရသူ လည်းဖြစ်ပါတယ်။

ထို Talavera Bruce ဆိုတဲ့ အကျဉ်းထောင်ကတော့ ဘရာဇီးလ်နိုင်ငံရဲ့ လုံခြုံရေး အင်အား အများဆုံး အကျဉ်းထောင် တစ်ခုဖြစ်သလို တိုင်းပြည် အတွက် အရေးပါတဲ့ အမျိုးသမီး ရာဇ၀တ်သားတွေ ကိုသာ ချုပ်နှောင် ထားတဲ့ နေရာဖြစ်ပါတယ်။

ထိုကဲ့သို့ အလှမယ် ရွေးချယ်ပွဲ ပြုလုပ်ရတဲ့ အကြောင်းအရင်းကတော့ အမျိုးသမီးတွေ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိလာဖို့ဖြစ်ပြီး ဘုရားကျောင်း အဖွဲ့တွေက ဦးဆောင် ကျင်းပပေးတာပဲ ဖြစ်တယ် လို့လည်း သိရပါတယ်။

ပြိုင်ပွဲဝင် အမျိုးသမီးတွေဟာ မတူညီတဲ့ ၀တ်စုံ အမျိုးမျိုးကို ၀တ်ဆင်ကြ ရပြီးသူတို့ရဲ့ ဆံပင်နဲ့ မိတ်ကပ် အလှဆင်ဖို့ ကိုတော့ ဗော်လန်တီယာ လုပ်အားပေးတွေက ကူညီပေး တယ်လို့ သိရ ပါတယ်။ သူတို့တွေဟာ ပြိုင်ပွဲ ၀င်ဖို့အတွက် Catwalk လျှောက်ပြီး ယှဉ်ပြိုင် ရတယ် လို့လည်း သိရပါတယ်။

Ref : Mirror

Original link - http://knowledge.thithtoolwin.com/2015/11/blog-post_50.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Related Posts

Related Posts Plugin for WordPress, Blogger...