
စိတ်ကျ ရောဂါကို ခံစားနေ ရတဲ့ အသက် 44 နှစ် အရွယ် Darren Flux-Edmonds လို့ အမည်ရတဲ့ အိမ်ထောင်သည် အမျိုးသားဟာ သူ့ ဇနီးဟောင်း ဆီကို ထူးဆန်းတဲ့ မက်ဆေ့ တစ်စောင် ပို့ပြီး ခြောက်နှစ် အရွယ် သမီးလေးနဲ့၊ အိမ်မွေး ခွေးနှစ်ကောင်ကို ရေထဲမှာ နှစ်ကာ သတ်ပစ် ခဲ့ပါတယ်။
ပြီးတော့ သူကိုယ်တိုင်လည်း ကြိုးဆွဲချ သေဆုံး ခဲ့ပါတယ်။

Darren က ဇနီးဟောင်းဖြစ်တဲ့ Nikki ဆီကို “မင်းက ငါ့အတွက် ဘာမှ မချန်ပဲနဲ့ ဝေးရာကို ထွက်သွားတယ် … ဒီတော့ ငါကလည်း မင်းကို အမှတ်တရ တွေပဲ ပေးထား ခဲ့ရတော့မှာပေါ့ “ဆိုပြီး စာပို့ ခဲ့ပါတယ်။
အဲဒီနောက် သမီးငယ်လေး Keziah Flux-Edmonds ကို Isle of Wight (အင်္ဂလန်နိုင်ငံ ပင်လယ်ပြင်ရှိ ကျွန်း/ကျွန်းမြို့တော်)မှာတည်ရှိတဲ့ နေအိမ်မှာပင် လည်ပင်းညှစ် သတ်ခဲ့ပါတယ်။

အဲဒီနောက် ခွေးနှစ်ကောင် ကိုလည်း သတ်ပစ် ခဲ့ပါတယ်။ ဇနီးသည်ဟာ အလုပ်ခွင်ကို ရောက် aနခဲ့ပြီး မက်ဆေ့ ရရချင်း ရဲတွေကို အကြောင်း ကြားကာ အိမ်ကို အမြန် လိုက်သွား ခဲ့ပေမယ့် ကလေးနဲ့ ခွေးတွေရဲ့ အသက်ကို မကယ်လိုက်နိုင် ခဲ့ပါဘူး။ ခွေးနှစ်ကောင်ဟာ ရေထဲမှာ နှစ်ပြီး အသတ်ခံ ထားရ သလို၊ သမီးငယ်လေး ကိုလည်း ရေထဲမှာ နှစ်သတ် ခံရ ပုံပါဘဲ။ ဒါပေမယ့် အသက်မျော့မျော့ ကျန်နေဆဲ ဖြစ်ပါတယ်။

သမီးလေးနဲ့ ခွေးနှစ်ကောင်ရဲ့ အလောင်းကို အိမ်ယာပေါ်မှာ ဖက်လျှက် အနေ အထားနဲ့ Darren က ပြင်ဆင် aပးခဲ့ပြီး၊ ၎င်း ကိုယ်တိုင် ကတော့ အိမ်ထုတ်တန်း ကနေ ကြိုးဆွဲချ သတ်သေ ခဲ့ပါတယ်။
Darren ကို စိတ်ပိုင်းဆိုင်ရာ ကုသပေးနေတဲ့ ဒေါက်တာက ပြစ်မှု ကျူးလွန် သူဟာ ဇနီးနဲ့ သမီးကို သတ်ပစ် မိတယ်လို့ အိပ်မက် မက်ကြောင်း ခဏခဏ ဖွင့်ဟခဲ့ တယ်လို့ တရားရုံးမှာ အစစ်ခံ ခဲ့ပါတယ်။

သမီးလေးကို ဆေးရုံကို အမြန် တင်ပို့ ခဲ့ပေမယ့် အခင်းဖြစ်တဲ့ 2016 ခုနှစ် ဇွန်လ 1 ရက်နေ့ ညနေ ပိုင်းလောက် မှာပင် သေဆုံး သွားခဲ့ ပါတယ်။
Nikki က ယခု ကိစ္စနဲ့ ပတ်သက်ပြီး ” တကယ်တော့ သမီးလေးက ကျွန်မရဲ့ ကမ္ဘာပါဘဲ … အခုတော့ ပျက်သုန်း သွားပါပြီ … သူဟာ တကယ်တော့ ကျွန်မကိုသာ ရက်ရက် စက်စက် လက်စားချေ လိုသူပါ … ဒါပေမယ့် အပြစ်မဲ့ ကလေးတွေကို ရန်မူသွားခဲ့တာ … “လို့ ပြော ခဲ့ပါတယ်။
From : SHWEMOM by မဒီလေး
Originally published at -
http://www.shwemom.com
No comments: