အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label ထူးခြားလူသားများ. Show all posts
Showing posts with label ထူးခြားလူသားများ. Show all posts

Thursday, May 25, 2017

ကိုယ်လုံးတီးနဲ့ မင်္ဂလာဆောင်ခဲ့တဲ့ စုံတွဲ




စုံတွဲ တစ်တွဲဟာ သူတို့ရဲ့ မင်္ဂလာပွဲကို သူများနဲ့ မတူ တမူ ထူးခြားစွာ ဆောင်ခဲ့ ပါတယ်။ ၀တ်စုံဖိုး လုံးဝ အကုန်မခံပဲ ဧည့်ပရိသတ်တွေ အများကြီးရဲ့ ရှေ့မှာ ကိုယ်လုံး တီးနဲ့ မင်္ဂလာ ဆောင်ခဲ့ ကြတာပါ။

ဒီလို ထူးဆန်းတဲ့ မင်္ဂလာပွဲကို ဆင်နွှဲခဲ့ တဲ့ အမျိုးသား ကတော့ ဗြိတိန်မှာမွေးတဲ့ Jeff Adams အသက် (၅၄) နဲ့ အမျိုးသမီး ကတော့ နယူးဇီလန်မှ Sue ဖြစ်ပြီး အသက် ကတော့ (၄၇) ပါ။



သူတို့ စုံတွဲရဲ မင်္ဂလာပွဲ ကိုတော့ သြစတြေးလျ နိုင်ငံ Toowoomba မြို့မှာ ဧပြီလက ကျင်းပ ခဲ့တာပါ။ မြေး (၆) ယောက်ရဲ့ အဖိုး၊ အဖွားတွေပါ။ မုန့်ဖုတ်ဆိုင် ၀န်ထမ်း Sue က ပြောရာမှာ”ဒါဟာ ကျွန်မ လိုချင်တဲ့ မင်္ဂလာ ပွဲမျိုး ဆင်နွှဲနိုင်တဲ့ အခွင့် အရေးပဲ။

ဘာကြောင့်လဲ ဆိုတော့ ကျွန်မ ပထမဆုံး လက်ထပ်ခဲ့ တုန်းက အဲ့နေ့ကို အရမ်းမုန်း ခဲ့တာပဲ” လို့ ဆိုပါတယ်။ ဒီတစ်ကြိမ် လက်ထပ်တဲ့ အခါမှာတော့ သူမရဲ့ အတွေ့ အကြုံဟာ ထူးခြားပြီး တခြား လူတွေ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် သူမကတော့ ဂရုမစိုက် ဘူးလို့ ကလေး သုံးယောက်ရဲ့ မိခင် Sue က ပြောပါတယ်။

သူမ အဖို့ကတော့ ဒီတစ်ကြိမ် မင်္ဂလာပွဲမှာ သတို့ သမီး ၀တ်စုံ အတွက် စိတ်ပူပန်ဖို့ လုံးဝ မလိုခဲ့ ဘူးလို့ ပြောခဲ့ ပါတယ်။



Sue နဲ့ Jeff တို့ဟာ (၂၀၁၅) ခုနှစ်က အွန်လိုင်းပေါ်မှာ ဆုံဆည်း ခဲ့ကြ သူတွေပါ။ နောက်ဆုံး မှာတော့ သူတို့ဟာ Queensland ပြည်နယ်မှာပဲ မိနစ် (၂၀)လောက် ခြားတဲ့ နေရာမှာ နေနေ ကြတယ် ဆိုတာကို သိခဲ့ တာပါ။

သူတို့ နှစ်ဦးဟာ သုံးနှစ်ခွဲလောက် အတူနေ ခဲ့ပြီးနောက် သူတို့နှစ်ဦးဟာ ကိုယ်လုံးတီး ချွတ်တွေ လမ်းသလား ကြတယ်လို့ နာမည် ကြီးတဲ့ Byron Bay ကမ်းခြေကို အလည် အပတ် သွားခဲ့ ပါတယ်။

ဒါ့အပြင် လုံးတီး ချွတ်တွေ ခေတ်စားတဲ့ အပမ်းဖြေ နေရာ တွေရှိရာ ဥရောပ၊ ခရိုအေးရှား တို့လည်း (၂၀၁၆) ဇွန်လက အလည်သွား ခဲ့ကြပါတယ်။

Jeff ဟာ (၂၀၁၆) အောက်တိုဘာမှာတော့ Toowoomba မြို့က Eagle View မှာ လက်ထပ်ခွင့် တောင်းခဲ့ပြီး လက်ထပ် ပွဲကိုလည်း အဲ့ဒီမှာပဲ လုပ်ဖို့ ဆုံးဖြတ် ခဲ့တာပါ။



ဧပြီမှာတော့ အပမ်းဖြေ စခန်းရဲ့ အသည်းပုံ ဥယျာဉ် ခြံထဲမှာ သူငယ်ချင်း မိတ်ဆွေ တွေနဲ့ တခြား မသိတဲ့ တစိမ်းတွေ ကိုပါ ဖိတ်ပြီး လက်ထပ်ပွဲကို ကျင်းပ ခဲ့တာပါ။

မင်္ဂလာ ၀တ်စုံ ကတော့ မပါပဲ မိမွေးတိုင်း ဖမွေးတိုင်း ပုံမျိုးနဲ့ လက်ထပ် ခဲ့တာပါ။ နောက်ဆုံး မင်္ဂလာ ကိတ်ပေါ်မှာ တင်ထားတဲ့ အရုပ်က အစ အ၀တ်အစား ဗလာ ကျင်းနေ ခဲ့တာပါ။



သတို့သမီးရဲ့ ကိုယ်ပေါ်မှာတော့ အပြာရောင် ဘောင်းဘီ သိုင်းကြိုးကွင်းနဲ့ အဖြူရောင် ခေါင်းဆောင်း ပုဝါစပဲ ရှိပါတယ်။သတို့သား Jeff ကလည်း ဗလာ ကျင်းနေတဲ့ ရင်ဘတ်ပေါ်မှာ ကပ်ထားတဲ့ ပန်းက လွဲလို့ ဘာမှ မရှိပါဘူး။



သူတို့ နှစ်ယောက်ရဲ့ ဆွေမျိုး အသိုင်း အ၀ိုင်း ကတော့ ရှက်လို့ ဆိုပြီး မင်္ဂလာပွဲကို မလာခဲ့ ကြပါဘူး။ ကိုယ်လုံးတီး နေရတာကို မှ အရမ်း ကြိုက်နေတဲ့ Jeff ကတော့’ဒါဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိဖို့ အားပေး လိုက်တာပဲ၊ လူတွေ ဟာ သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ကြောက်နေ ကြတယ်၊

ဒါက နည်းနည်းတော့ ထိတ်လန့် စရာ နည်းပါ၊ မင်းသာ ကိုယ်လုံးတီး ချွတ်နဲ့ ဆိုရင် ငယ်တာ၊ ကြီးတာ၊ ရှည်တာ ၊ပုတာ၊ ပိန်တာ၊ ၀တတာ၊ ကိုယ်ဝန် ရှိတာ အကုန် ဖြစ်နိုင်တယ်၊ ဘယ်သူက မှလည်း ဒါကို သတိထား မိမှာ မဟုတ်ဘူး” လို့ ပြောခဲ့ ပါတယ်။

Ref;Daily Mail

From : SHWEMOM by nilarwai

Originally published at - http://www.shwemom.com

Read More »

Monday, April 3, 2017

လက်နှစ်ဘက် မပါရှိဘဲ ဘတ်စကက်ဘော ကစားပြနိုင်သည့် အံ့ဖွယ် ဆယ်ကျော်သက်




လက် ၂ ဘက်စလုံး မပါရှိဘဲနဲ့ ဘတ်စကက်ဘော ကစားပြနိုင်ဖို့ ဆိုတာ တကယ့်ကို မလွယ်ကူ လှပါဘူး။

ဒါပေမယ့် အမေရိကန် နိုင်ငံမှ အသက် ၁၃ နှစ် အရွယ် ဂျမ်မာရီ ယွန်စတိုင်လ်စ် ကတော့ တခြားသော သာမန်လူတွေ အတိုင်းပဲ ဘတ်စကက်ဘော စွမ်းရည်ပြ နိုင်ခဲ့ တာပါ။

သူဟာ အသက် ၈ လသား အရွယ်မှာ ရှားပါး ဘက်တီးရီးယား တမျိုးကြောင့် လက် ၂ ဘက်စလုံးကို ဖြတ်တောက် ခဲ့ရတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ တခြားသော အသင်းဖော်တွေနဲ့ တန်းတူ ဘတ်စကက်ဘော စွမ်းရည်ပြ ကစားနိုင်ခဲ့တဲ့ ရုပ်သံ ဗွီဒီယို ဖိုင်ဟာ အင်တာနက် စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေ ခဲ့တာပါ။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ စတိုင်လ်စ်ဟာ ဖလော်ရီဒါပြည်နယ်၊ ဘိုကာရေတန်မှ အီးဂဲလ်စ်လန်းဒင်း အလယ်တန်းကျောင်း ဘတ်စကက်ဘောအသင်းအတွက် အနိုင်မှတ် ရစေမယ့် ဘတ်စကက်ဘောကို သွင်းယူသွားနိုင်ခဲ့တာ တွေ့ရပါတယ်။

ဒီ့အတွက် ပရိသတ်တွေက သူ့ကို ချီးကျူးဂုဏ်ပြုဖို့ စုဝေးရောက်ရှိလာခဲ့ကြတာကို တွေ့ရမှာပါ။

အသင်းဖော်တွေကတော့ စတိုင်လ်စ်ဟာ အမြဲကြိုးစားနေတဲ့ ကစားသမားကောင်းတဦးဖြစ်ပြီး သူ့ကို မသန်စွမ်းသူတဦးလို့ မထင်ရအောင်ကို ကစားနိုင်စွမ်းရှိတယ်လို့ ပြောကြပါတယ်။

သူဟာ ဘောလုံးကိုလည်း ကောင်းကောင်းကစားနိုင်ပြီး အသက်ကြီးလာချိန်မှာ နာမည်ကျော် ဘောလုံးသမားတဦး ဖြစ်ချင်တယ်လို့ ဆိုပါတယ်။

“ကျနော် အားကစားနည်းမျိုးစုံ ကစားပါတယ်။ ဘောလုံးဟာ ကျနော်အကြိုက်ဆုံး အားကစားနည်းတွေထဲက တခုပါပဲ” လို့ စတိုင်လ်စ်က ပြောပါတယ်။

အသင်းဖော် မာ့ခ် စတိဂ်ျကတော့ “သူဟာ အားကျစရာပါပဲ။ ခင်ဗျားတို့သိလား၊ သူက ကျနော်တို့ကို မျှော်လင့်ချက်တခုခု ပေးနေတယ်ဆိုတာ” လို့ ပြောပါတယ်။

စတိုင်လ်စ်က “အပြုသဘောဆောင်တဲ့ နေထိုင်မှုနဲ့ နေထိုင်ရုံပါပဲ။ ခင်ဗျားတို့လိုချင်တဲ့ နေရာရောက်ဖို့ ဘာမဆိုလုပ်နိုင်ပါတယ်” လို့ ပြောပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/199134

Read More »

Wednesday, March 29, 2017

ကွန်ကရစ် ဘလောက်တုံး ၁၁၁ တုံးကို စက္ကန့်ပိုင်း အတွင်း ဦးခေါင်းဖြင့် ရိုက်ချိုးပြသည့် လူငယ်




ဘော့စနီးယား နိင်ငံမှ အာမက် စပက်ဟစ်ဟာ အသက် ၁၆ နှစ် အရွယ် ဆယ်ကျော်သက် လူငယ် တဦး ဖြစ်ပေမယ့် သူ့ရဲ့ အံ့မခန်း စွမ်းဆောင် နိုင်စွမ်းတွေကို ပြသနိုင် ခဲ့ပါတယ်။

ဦးခေါင်းကို အသုံးပြုပြီး ကွန်ကရစ် ဘလောက် အတုံးပေါင်း ၁၁၁ တုံးကို ရိုက်ချိုး ပြနိုင်ဖို့ ဆိုတာ တော်တော့်ကို မလွယ်ကူ လှပါဘူး။

ဒါပေမယ့် တိုက်ကွမ်ဒို ချန်ပီယံ ကစားသမား တဦးဖြစ်တဲ့ အာမက် စပက်ဟစ်ကတော့ အချိန် ၃၅ စက္ကန့် အတွင်းမှာပဲ ဒါကို လုပ်ပြနိုင် ခဲ့ပါတယ်။

ဒါကို ဘော့စနီးယားနိုင်ငံ မြို့တော် ဗီဆိုကိုမှာ သရုပ်ပြ စွမ်းရည် ပြသ ခဲ့တာဖြစ်ပြီး ဂင်းနက်စ် မှတ်တမ်း စံချိန်တင်နိုင်ဖို့ ဆက်လက် လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/198158


Read More »

Thursday, February 9, 2017

ဂင်းနက်စ် ကမ္ဘာ့စံချိန် တင်ခဲ့သည့် ပါလက်စတိုင်းမှ ပင့်ကူလူသား ကလေးငယ်




ပါလက်စတိုင်း ကလေးငယ် တဦးဟာ ခန္ဓာကိုယ်ကို တွန့်လိမ် ပုံသွင်းပြီး ပင့်ကူ လူသား တဦး သဖွယ် အစွမ်းပြနိုင် ခဲ့တဲ့ အတွက် ဂင်းနက်စ် ကမ္ဘာ့ စံချိန် တင်နိုင် ခဲ့ပြီလို့ သူ့ကို သင်ကြားပေးတဲ့ သင်တန်း ဆရာက ဖေဖော်ဝါရီ ၈ ရက်က ပြောပါတယ်။

အသက် ၁၃ နှစ် အရွယ် မိုဟာမက် အယ်လ်ရှိတ်ခ်ဟာ ဂါဇာဒေသမှ ဖြစ်ပြီး သူဟာ ခန္ဓာကိုယ်ကို ပျော့ပျော့ ပြောင်းပြောင်းနဲ့ ပင့်ကူ လူသား ဇာတ်ကောင်လို တွန့်လိမ် ပုံသွင်း ပြနိုင်တာကို တွေ့ရ ပါတယ်။

အချိန် ၁ မိနစ် အတွင်းမှာ သူဟာ ရင်ဘတ်ကို မှောက်လျက်သား အနေ အထားနဲ့ ရှိနေကာ ခြေထောက်တွေကို ကျောပေါ် ကနေ ကွေးယူပြီး ဦးခေါင်းရှေ့ကို ဆွဲယူကာ ထောက်ပြီး သွားပြနိုင် ပါတယ်။

စီဂျီတီအဲန် သတင်းမှာ ဖော်ပြတဲ့ ဒီရုပ်သံ ဗွီဒီယိုဖိုင် ထဲမှာတော့ ခန္ဓ္ဓာကိုယ်ကို ကွေးညွှတ်ပြီး စားပွဲခုံ၊ ကုလားထိုင်၊ လှေကား၊ ကြမ်းပြင်၊ ဘားတန်း စတဲ့ နေရာအနှံ့ သွားလာ နေထိုင်နိုင်တဲ့ စွမ်းရည်ပြသ မှုတွေကို အံ့သြဖွယ် တွေ့မြင် ရပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/188535

Read More »

Tuesday, February 7, 2017

မိခင်၏ ပစ်ပယ်ခံ ထားရသည့် သနားစဖွယ် ဂြိုဟ်သားနှင့် တူသည့် ကလေးငယ်




အိန္ဒိယ နိုင်ငံမှ မွေးကင်းစ ကလေးငယ် တဦးဟာ ပုံပျက် ပန်းပျက် ကြီးမားတဲ့ ဦးခေါင်း၊ မာကြော ထူထဲတဲ့ ဦးခေါင်းခွံ၊ အပြင်ကို ဖောင်းကား ထွက်နေတဲ့ မျက်လုံးတွေနဲ့ ထိတ်လန့် ကြောက်ရွံ့ဖွယ် မွေးဖွား ခဲ့ပါတယ်။

အဲဒီမွေးကင်းစ ကလေးငယ်ဟာ မိန်းကလေး တဦးဖြစ်ပြီး သူ့ရဲ့ပုံပန်း သဏ္ဌာန်ကြောင့် အများစုကတော့ သူ့ကို တခြား ကမ္ဘာက မကောင်းဆိုးဝါး ဂြိုဟ်သား ကလေးငယ်လို့ သမုတ် ခဲ့ကြပါတယ်။

ထိတ်လန့်တကြားဖြစ်နေတဲ့ မိခင်ဖြစ်သူဟာ ကလေးငယ်ကို ပြုစုစောင့်ရှောက်ဖို့ အကြောက်အကန် ငြင်းဆန် ခဲ့တယ်လို့ မေရာသတင်းတပုဒ်မှာ ဖေဖော်ဝါရီ ၅ ရက်နေ့က ဖော်ပြပါတယ်။

ကလေးငယ်ကို နာမည်မပေးရသေးဘဲ ခုလိုသတင်းကို ကြားသိရတဲ့သူတွေဟာ သူတို့အိမ်ဆီ လာရောက်ပြီး စူးစမ်းလေ့လာနေကြတာပါ။

တချို့ကတော့ ဒါဟာ ဟိန္ဒူနတ်ဘုရားတပါး ဝင်စားတာဖြစ်မယ်လို့ ယုံကြည်နေကြပါတယ်။

မိခင်ဖြစ်သူ အသက် ၂၅ နှစ်အရွယ် ပရီယန်ကာ ကူမာရီက “ကျမ သူ့ကို ရုတ်တရက်မြင်လိုက်ရချိန်မှာ တကယ့်ကို ထိတ်လန့်သွားခဲ့ရတယ်။ ကျမကိုယ်ကျမ ခုလို ထူးဆန်းတဲ့ပုံစံနဲ့ မွေးဖွားလာခဲ့လိမ့်မယ်လို့ မထင်မိခဲ့ဘူး။ ခုတော့ ကျမ သူ့အတွက် စိတ်ပူနေရပါပြီ။ ကျမဆီကို ကျန်းမာကြံ့ခိုင်တဲ့ သားလေး၊ ဒါမှမဟုတ် သမီးလေး တယောက် ရောက်လာဖို့ပဲ ဆုတောင်း မိခဲ့တယ်။ သူကတော့ တခြားကလေးတွေနဲ့ ကွဲပြားနေပါတယ်” လို့ ပြောပါတယ်။

ကလေးငယ်ရဲ့ ဖခင်ဖြစ်သူ အသက် ၃၄ နှစ်အရွယ် ဘာလင်ဒရာ မာထိုကတော့ “ကလေးငယ်ဟာ တကယ့်ကို ကျိန်စာသင့်နေခဲ့တာဖြစ်တယ်။ ကျနော်လည်း စိတ်ရှုပ်ထွေးခဲ့ရပါတယ်။ ဘာလုပ်ရမှန်း မသိတော့ပါဘူး။ ခုတော့ ဆေးရုံမှာ ဆရာဝန်တွေ ညွှန်ကြားတဲ့အတိုင်းပဲ ဆက်လုပ်ရတော့မှာပဲ” လို့ ပြောလိုက်တာပါ။

အဲဒီကလေးငယ်ဟာ Harlequin Ichthyosis လို့ခေါ်တဲ့ မျိုးဗီဇဆိုင်ရာ ထူးဆန်းတဲ့ ရောဂါတမျိုး ခံစားခဲ့ရတာဖြစ်ပြီး ဒါဟာ အာဟာရချို့တဲ့မှုနဲ့ အရေပြားထူအမ်းကာ ပုံပန်းသဏ္ဌာန် ပျက်တာတွေလည်း ဖြစ်စေနိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အစိုးရဆေးရုံမှာ တက်ရောက်နေတဲ့ ကလေးငယ်ကို ပြုစုစောင့်ကြပ်နေတဲ့ ဆရာဝန် ဒေါက်တာ ရာဂျန်ဆင်ဟာက “မိခင်ရဲ့ ကျန်းမာရေးအခြေ အနေကတော့ ကောင်း ပါတယ်။ ဒါပေမယ့် ကလေးကိုတော့ ကျနော်တို့ မပြောနိုင်သေးပါဘူး။ ခုလိုအခြေအနေတွေမှာ အသက်ရှင်သန်နိုင်ခွင့်ဟာ ၁၀ သန်းမှာ ၁ ယောက်သာ ရှိနိုင်လို့ပါပဲ” လို့ ပြောပါတယ်။



Video from: https://youtu.be/mFBWfAcLTb0

Post From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/187977

Read More »

Monday, February 6, 2017

ချစ်စရာ ၄ နှစ် သမီးလေးနှင့် ဖခင်တို့၏ ကြည်နူးဘွယ် သီချင်းသီဆိုမှု




အမေရိကန် နိုင်ငံမှ ၄ နှစ် အရွယ် သမီးငယ်နဲ့ သူ့ရဲ့ဖခင် ဖြစ်သူတို့ဟာ သီချင်း တပုဒ်ကို အတူတူ သီဆိုခဲ့ပြီး ရုပ်သံ ဗွီဒီယိုဖိုင်ကို လူမှု ကွန်ရက် စာမျက်နှာပေါ်မှ တဆင့် ယူကျု အင်တာနက် စာမျက်နှာပေါ် မျှဝေခဲ့ ချိန်မှာ ဝင်ရောက် ကြည့်ရှုသူ သန်း ၁၅၀ ကျော် ရှိခဲ့ပါတယ်။

ချစ်စရာ ၄ နှစ်သမီးလေး ကလဲရာရိုင် ရန်ခရော့စ်ဘီနဲ့ သူမရဲ့ဖခင် အသက် ၂၈ နှစ်အရွယ် ဒေ့ဗ်ခရော့စ်ဘီတို့နှစ်ဦးဟာ အမေရိကန်နိုင်ငံ၊ အော့တ်ဝါပြည်နယ်မှဖြစ်ပြီး “You’ve got a friend in me” ဆိုတဲ့ သီချင်းကို သီဆိုခဲ့ကြတာပါ။

သူတို့သားအဖ ၂ ဦးရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာတွေပေါ် ပျံ့နှံ့ခဲ့ပြီးနောက်မှာတော့ အမေရိကန် နာမည်ကြီး အယ်လန်ရှိုးပွဲက သူတို့ကို ဖျော်ဖြေပေးဖို့ ဖိတ်ခေါ်ခဲ့ရပါတယ်။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သူတို့သားအဖ ၂ ဦးရဲ့ မူလသီဆိုဖျော်ဖြေခဲ့တဲ့အတိုင်း အယ်လန်ရှိုးပွဲမှာ ထပ်မံသီဆိုခဲ့ကြချိန် ပရိသတ်တွေဟာ သြဘာပေးခဲ့ကြပြီး အယ်လန်က ဆုချီးမြှင့်ခဲ့တာတွေကို တွေ့မြင်ရမှာပါ။

အယ်လန်က ‘သိပ်ကောင်းတဲ့ သီဆိုမှုပါပဲ’ လို့ ပြောတဲ့အချိန် ကလဲရာက ‘ကျေးဇူးတင်ပါတယ်’ လို့ တုံ့ပြန်ပြောဆိုခဲ့တာကို တွေ့ရပါတယ်။

အယ်လန်က “ကလဲရာ၊ မင်းဟာ ဒစ္စနေးရုပ်ရှင်တွေ ကြိုက်တဲ့အတွက် ဒစ္စနေး လန်းဒ်ကို သွားချင်မယ်ဆိုတာ ငါသိပါတယ်။ ရှပ်တာဖလိုင်းကုမ္ပဏီကလည်း ကျမတို့နဲ့ လာရောက်ပူးပေါင်းပါတယ်။

ရှင်တို့မိသားစုတစုလုံး ဒစ္စနေးလန်းဒ်ကို သွားဖို့ ရှပ်တာဖလိုင်းကုမ္ပဏီက လက်မှတ်တွေ လက်ဆောင်ပေးပါမယ်။ ပြီးတော့ ကျမကလည်း ကလဲရာအတွက် ဒစ္စနေးလန်းဒ်က ထုတ်တဲ့ အရုပ်တွေ အများကြီး လက်ဆောင်ပေးပါမယ်” လို့ပြောခဲ့ပြီး လက်ဆောင်တွေ ချီးမြှင့်ခဲ့တာပါ။

ကလဲရာတို့ သားအဖ ၂ ဦး သီဆိုသွားတဲ့ “You’ve got a friend in me” ဆိုတဲ့ သီချင်းကို အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့မှာ
မွေးဖွားခဲ့တဲ့ အဆိုတော်၊ သီချင်းရေးဆရာနဲ့ စန္ဒယားပညာရှင် ရန်ဒီနယူးမန်းက ရေးသားသီဆိုခဲ့တာ ဖြစ်ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/187810

Read More »

Friday, January 27, 2017

ထူးခြား စွမ်းအင် များနှင့် ဘော့စနီးယား နိုင်ငံမှ သံလိုက် လူသား




ဘော့ စနီးယား နိုင်ငံသား အမျိုးသား တဦးဟာ ဆွဲငင်နိုင်တဲ့ သံလိုက် ဓာတ် စွမ်းအင် တမျိုး ပိုင်ဆိုင် တယ်လို့ သိရပြီး နောက်မှာတော့ သံလိုက် လူသား တဦးအဖြစ် နာမည် ကျော်ကြား လာခဲ့ ပါတယ်။

သူ့ရဲ့ ခန္ဒာကိုယ်မှာ သံလိုက်ဓာတ် စွမ်းအင် တမျိုး ရှိနေပြီး ဦးခေါင်း၊ ရင်ဘတ်၊ နောက်ကျော ဘက်တွေမှာ သားလှီး ဓားတွေ၊ ဇွန်းတွေ၊ ဖုန်းတွေကို ဆွဲငင် ကပ်ထားနိုင် စွမ်းရှိနေ တာကို တွေ့ရှိခဲ့ ရတာပါ။



အသက် ၃၈ နှစ်အရွယ် နာမင် ဟယ်လီလက်ဂျစ်အမည်ရတဲ့ အဆိုပါအမျိုးသား ဟာ သူ့မှာ ခုလိုစွမ်းရည်ရှိနေတာကို အခုနှစ်အစောပိုင်းက စတင်သတိပြုမိခဲ့တယ်လို့ ဆိုပါတယ်။

သူဟာ သားဖြစ်သူနဲ့အတူ မီးဖိုချောင်ထဲမှာ ပန်းကန်ဆေးခဲ့ချိန်မှာ သူ့ခန္ဒာကိုယ် ကနေ ရေဒီယိုသတ္တိစွမ်းအင်တမျိုးထုတ်လွှင့်နေတာကို သတိပြုမိခဲ့တာလို့ ပြောပါတယ်။



“ပန်းကန်ထဲမှာ ရှိနေတဲ့ ဇွန်းက သူ့အလိုလို ကျနော့်ဆီ ပြေးကပ်လာတော့ ကျနော် ရှော့ခ်ရသွားခဲ့တယ်”လို့ သူက ဆိုပါတယ်။

တခြား ထူးထူးခြားခြား မလေ့ကျင့်ရပါပဲနဲ့ သူဟာ ဇွန်းတွေ၊ ခက်ရင်းတွေ၊ ဓားတွေ နဲ့ တခြား မီးဖိုချောင်သုံးပစ္စည်းတွေအပြင် သတ္တုမဟုတ်တဲ့ ပစ္စည်းတွေဖြစ်တဲ့ ရီမုကွန်ထ ရိုးနဲ့ မိုဘိုင်းလ်ဖုန်းတွေကိုပါ ဆွဲငင်နိုင်စွမ်း ရှိနေခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတော့ ဂျော်ဂျီယာနိုင်ငံသား လက်ဝှေ့သမားဟောင်းတဦး ဖြစ်တဲ့ အက်တီဘာအက်လ်ချယက်ဗ်က ဇွန်းအချောင်းရေ ၅၃ ချောင်းကို ဆွဲငင်ကပ်ပြခဲ့ပြီး အရင်သူတင်ထားခဲ့တဲ့စံချိန် ဇွန်းအချောင်းရေ ၅၀ ကို ချိုးဖျက်ကာ ကမ္ဘာ့စံချိန်တင် ထားခဲ့ပါတယ်။

အက်လ်ချယက်ဗ်က သူ့ဆီမှာ သံလိုက်ဓာတ်ရှိနေတဲ့အတွက် ခုလိုဇွန်းတွေကို ကပ်ပြနိုင်ခဲ့တာလို့ ပြောခဲ့ပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/186247

Read More »

Thursday, January 26, 2017

မီးသတ်ကား တစီးလုံးကို မ,နိုင်သည့် မီးသတ်မယ်၏ ကြံ့ခိုင်သည့် အလှတရား




နော်ဝေ နိုင်ငံသူ ဂဲန်းနာတဲန်ရဲ့ ကာလ ရှည်ကြာ မက်ခဲ့ရတဲ့ အိပ်မက် ကတော့ မီးသတ်မယ် တဦး ဖြစ်လာဖို့ ပါပဲ။

သူဟာ လက်ရှိ မှာတော့ မီးသတ်မယ် တဦး အနေနဲ့ရော ကာယ အလှ နည်းပြမယ် တဦးအဖြစ်ပါ အသက်မွေး ဝမ်းကျောင်း ပြုနေ ခဲ့ပါပြီ။

မီးသတ်ကား တစီးလုံးကို မပြနိုင်တဲ့ သူမရဲ့ ကြံ့ခိုင်မှုနဲ့ ကောက်ကြောင်း ပေါ်လွင်တဲ့ အလှ တရားတွေကြောင့် လတ်တလော မှာတော့ အင်တာနက် စာမျက်နှာ တွေပေါ်မှာ ရေပန်းစား နေခဲ့တာပါ။



ဂဲန်းနာတန်ရဲ့ အင်စတာဂရမ် လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ ပရိသတ် ၄ သောင်း ၈ ထောင်ကျော်ရှိခဲ့ပြီး သူ့ရဲ့ နေ့စဉ်လှုပ်ရှားမှုတွေထဲက ပုံရိပ်တွေကို အားပေးကြည့်ရှုနေကြတာပါ။

အသက် ၃၀ အရွယ်ရှိနေပြီဖြစ်တဲ့ သူမက “ကျမ အသက် ၁၉ နှစ်သမီးလောက်ကတည်းက အမြဲလှုပ်ရှားတက်ကြွနေတဲ့ ဘဝကို သဘောကျတယ်။ ဒါဟာ ကျမရဲ့ ဘဝတစိတ်တပိုင်းပါပဲ။

ခုလက်ရှိမှာ ကိုယ်တိုင်ရွေးချယ်ထားတဲ့ ကိုယ်ကာယကြံ့ခိုင်မှုဆိုင်ရာ အလုပ်နဲ့ တခြားသူတွေအတွက် ကူညီပေးရတဲ့ စိန်ခေါ်မှုတွေကို ကျမ တွေ့ရှိခဲ့ပါပြီ။ ကျမ ဘယ်တော့မှ နောင်တရလိမ့်မှာ မဟုတ်ပါဘူး။ ကျမရဲ့အလုပ်ကို ကျမ မြတ်နိုးပါတယ်” လို့ ပြောပါတယ်။



မီးသတ်မယ်တဦးအဖြစ် စတင်ခဲ့ရတာ သူ့အတွက်တော့ မလွယ်ကူခဲ့ဘဲ မိခင်ဖြစ်သူက “မိန်းကလေး မီးသတ်သမားလို့ အရင်ကဖြင့် မကြားခဲ့ဖူးပါဘူး။ ဘာကြောင့် သမီးက လုပ်ချင်ရတာလဲ” လို့ ဒီအလုပ်မလျှောက်ခင်မှာ မေးခံခဲ့ရဖူးကြောင်း ပြောပါတယ်။

“ကျမကတော့ ဘာကြောင့် ကျမ မဖြစ်နိုင်ရမှာလဲလို့ ပြန်ပြောခဲ့တာပဲ” လို့ ဂဲန်းနာတန်က ပြောပါတယ်။

လက်ရှိမှာတော့ သူ့ရဲ့အလုပ်ကို သဘောတကျနဲ့ လုပ်နေခဲ့ပြီး ကိုယ်ကာယကြံ့ခိုင်မှုအတွက်လည်း ဂရုတစိုက် လေ့ကျင့်နေခဲ့တာပါ။

“ကျမရဲ့အလုပ်မှာ ကျမက ကြံ့ခိုင်နေဖို့ လိုအပ်ပါတယ်။ ဒါမှ အမျိုးသား လုပ်ဖော်ကိုင်ဘက်တွေနဲ့ထပ်တူ အလုပ်လုပ်နိုင်မှာပါ။”

အချိန်ပြည့် မီးသတ်မယ်တဦးအဖြစ် ဝင်ရောက်လုပ်ကိုင်နေတဲ့ ဂဲန်းနာတန်က သူ့ရဲ့ အားလပ်ချိန်တွေမှာ လုပ်ဖော်ကိုင်ဘက် အမျိုးသားတွေနဲ့ တန်းတူ ဘောလုံး ကစားတာ၊ ပြေးတာ၊ အတူတကွ လုပ်လေ့ ရှိတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ – Caters

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/186072

Read More »

Thursday, January 5, 2017

အသက် ၁၀၅ နှစ်အရွယ် ပြင်သစ် စက်ဘီးသမား ကမ္ဘာ့ စံချိန်ချိုး


အသက် အသက် ၁၀၅ နှစ် ပြင်သစ် စက်ဘီးသမား (ဓာတ်ပုံ - အင်တာနက်)


ပဲရစ်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

အသက် ၁၀၅ နှစ် အရွယ် ပြင်သစ် စက်ဘီးသမား ရောဘတ် မာချန့် (Robert Marchand) သည် စက်ဘီး ပြိုင်ပွဲ ၌ စံချိန်ချိုး ခဲ့ကြောင်း ဒေသခံ သတင်း အရ သိရသည်။

မာချန့်သည် ပဲရစ်မြို့ အပြင်ဘက်ရှိ စက်ဘီးစီး လမ်းကြောင်း ဖြစ်သည့် Saint-Quentin-en-Yvelines ၌ ၂၂.၅၄၇ ကီလိုမီတာ စီးနင်းခဲ့ပြီး စံချိန် ချိုးခဲ့ကြောင်း သိရသည်။

“ကျွန်တော် အဆင်ပြေ ပါတယ်၊ ကျွန်တော့်ရဲ့ ခြေထောက်တွေ မနာပေမဲ့ ဒူလာရောဂါ ရှိတဲ့ အတွက် လက်မောင်း တွေတော့ နာကျင်နေတယ်” ဟု မာချန့်က BFMTV သတင်း ချန်နယ်သို့ ပြောကြား လိုက်သည်။

နောက်ဆုံး ၁၀ မိနစ်လို့ သတိပေးတဲ့ ဆိုင်းဘုတ်ကို ကျွန်တော် မမြင်လိုက်ရဘူး၊ မဟုတ်ရင် ဒီထက် မြန်မြန် ကျွန်တော် နင်းနိုင်မှာပါ” ဟု ၎င်းက ဖြည့်စွက် ပြောကြားလိုက်သည်။

အဆိုပါ ပြင်သစ် စက်ဘီးသမားသည် အသက် ၁၀၀ နှစ် ပြည့်ပြီးနောက်ပိုင်း ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၄ ခုနှစ်တွင် တစ်ကြိမ် စုစုပေါင်း စံချိန် နှစ်ခါချိုးခဲ့ဖူးကြောင်း သိရသည်။

From : ရှင်းဝှာ-မြန်မာ

Originally published at - http://xinhuamyanmar.com/world/europe/8397-2017-01-05-05-28-28.html


Read More »

Saturday, December 24, 2016

အမေဇုန်တောနေ လူမျိုးစုသစ်တစုကို အံ့သြဖွယ် တွေ့ရှိ




“အပြင်ကမ္ဘာနဲ့ ပထမဦဆုံး အဆက်အသွယ်” ရချိန်မှာ ဟယ်လီကော်ပတာထဲက ဓာတ်ပုံဆရာတွေကို မြားနဲ့ချိန်ရွယ်ထားတဲ့ အမတန်ဝေးလံလှတဲ့ အမေဇုန်တောထဲက လူမျိုးစုအသစ်တစုရဲ့ အံ့သြဖွယ်ရာ ဓာတ်ပုံတွေကို မေရာသတင်းမှာ ဒီဇင်ဘာလ ၂၃ ရက်နေ့က ဖော်ပြထားပါတယ်။

ရာသီဥတု ဆိုးရွားလို့ စီးလာတဲ့ ဟယ်လီကော်ပတာက လမ်းကြောင်းမှားရင်း ဘယ်တုန်းကမှ မတွေ့ဘူးတဲ့ တောတွင်းနေ လူမျိုးစုသစ် တစ်ခုကို မထင်မှတ်ပဲ တွေ့ခဲ့ပြီး ဓာတ်ပုံတွေကို ဘရာဇီးလီးယားလူမျိုး ဓာတ်ပုံဆရာ ရီကာဒိုစတုကာ့တ်က ရိုက်ကူးခဲ့တာပါ။ အဲဒီနောက် ဓာတ်ပုံတွေကို National Geographic မှာ ထည့်သွင်းဖော်ပြခဲ့တာပါ။

ဒီဓာတ်ပုံတွေကို ဘရာဇီးလ်နဲ့ ပီရူးနိုင်ငံတွေရဲ့ နယ်စပ်အနီးအနားမှာ ရိုက်ကူးခဲ့တာလို့ သိရပါတယ်။

ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေက အမေဇုန်တောနက်ကြီးထဲမှာ လုံးဝကို သီးသန့်နေထိုင်ကြတဲ့ ဒေသခံလူမျိုးစုတွေကို ပြသနေတယ်လို့ ဆိုပါတယ်။

“လွန်ခဲ့တဲ့ နှစ် ၁၀၀ လောက်က ပန်းချီဆရာ တယောက်လို ကိုယ့်ကိုယ်ကို ခံစားလိုက်ရတယ်” လို့ စတုကာ့တ် ပြောပါတယ်။

မိုးသစ်တောထဲက သီးသန့်နေထိုင်တဲ့ သက်ရှိလူသားတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ သောင်းလောက်ကတည်းက နေထိုင်မှုပုံစံအတိုင်း ဆက်လက်ရှင်သန် နေထိုင်ကြပုံရတယ်လို့ ဆိုပါတယ်။



စိတ်ရှုပ်ထွေးနေပုံရတဲ့ လူအုပ်စုတစ်စုရဲ့ဓာတ်ပုံတွေက ကမ္ဘာကြီးမှာ ပျောက်ဆုံးနေတဲ့ ကျောက်ခတ်လူသားတွေရဲ့ ထူးခြားတဲ့ နေထိုင်မှုပုံစံကို ပြသနေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ပုံထဲက အမျိုးသားတဦးဟာ မြားကို လေးမှာတပ်ပြီး ချိန်ရွယ်ထားပါတယ်။ နောက်လူမျိုးစုထဲက အမျိုးသားတဦးကလည်း လေးကြိုးကိုတပ်နေပါတယ်၊ နောက်တဦးကလည်း ဓားအကြီးကြီးတချောင်းလို့ ယူဆရတဲ့ လက်နက်တခုကို ကိုင်ဆောင်ထားပါတယ်။

သူတို့တွေကိုကြည့်ရတာ ယခင်အချိန်တွေတုန်းက ဖွံ့ဖြိုးနေတဲ့ကမ္ဘာကြီးနဲ့ လုံးဝအဆက်အသွယ်မရှိပုံပါပဲ။

“ယဉ်ကျေးမှုနဲ့ လုံးဝအဆက်အသွယ်မရှိတဲ့ လွန်ခဲ့တဲ့ နှစ် ၂ သောင်းလောက်က သူတို့ရဲ့ ဘိုးဘွားဘီဘင်တွေလို နေထိုင်နေတဲ့ လူတွေ ၂၁ ရာစုနှစ်မှာ ရှိနေတာကို စဉ်းစားလိုက်ရင် ဒါက တကယ့်ကို အင်မတန်စွမ်းအားပြင်းတဲ့ စိတ်လှုပ်ရှားစရာတစ်ခုပါပဲ” လို့ ဓာတ်ပုံဆရာက ပြောပါတယ်။

ဒီလူမျိုးစုဝင်တွေရဲ့ ဆံပင်ထားတဲ့ပုံစံနဲ့ ခန္ဓာကိုယ်တွေပေါ်မှာ ဆေးခြယ်ထားတာတွေကို ကြည့်လိုက်ရင် သူတို့တွေက သူတို့ရဲ့ ကိုယ်ပိုင်ဟန်နဲ့ နေထိုင်နေတယ်လို့ သိရပါတယ်။



ဘရာဇီးလ်နိုင်ငံရဲ့ ရှေးခေတ်ဒေသခံ လူမျိုးစုတွေကို နှစ် ၄၀ ကျော်ကြာ လေ့လာနေတဲ့ ကျွမ်းကျင်သူ ဂျိုဆီကာလို့စ်က “ကျနော်တို့ထင်တာ သူတို့အားလုံး ဆံပင်ပုံစံတွေကို တပုံစံတည်း ညှပ်ထားကြတယ်” “အဲဒါက မမှန်ပါဘူး သူတို့တွေက ပုံစံတွေ အမျိုးမျိုးတွေပါ သူတို့ထဲကတချို့တွေရဲ့ ဆံပင်ပုံစံက ပန့်ခ်တွေရဲ့ ဆံပင်ပုံစံနဲ့ တူတယ်”လို့ ပြောပါတယ်။

ခုရှာတွေ့ခဲ့တဲ့ လူမျိုးစုတွေဟာ ၂၀၀၈ ခုနှစ်တုန်းက ကမ္ဘာကြီးရဲ့ အာရုံစိုက်မှုကို ရခဲ့တဲ့ လူမျိုးစုတွေနဲ့ တစုတည်း ဖြစ်ပုံရတယ်လို့ ပြောပါတယ်။

ဓာတ်ပုံဆရာ စကုကာ့ဒ်ဟာ ဘရာဇီးလ်နိုင်ငံထဲက ဒေသခံ တောတွင်းနေလူမျိုးစုတွေကို တနှစ်ကြာ ဓာတ်ပုံရိုက်ဖို့ စီမံချက်ကို လုပ်ဆောင်နေတာပါ။

မိုးခြိမ်းပြီး ရာသီဥတုဆိုးရွားရာကနေ သွားမယ့်နေရာကို မရောက်ဘဲ လမ်းလွှဲရောက်သွားပြီး ဒီလူမျိုးစုတွေကို တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့တာပါ။

တောနက်ကြီးထဲက ကောက်ရိုးအိမ်တွေနားမှာ အံသြတကြီးနဲ့ ဖြစ်နေတဲ့ အဝတ်အစား မဝတ်ထားတဲ့ လူတွေကို တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့ကြည့်ရတာ ကြောက်နေတာထက် စူးစမ်းချင်တာက ပိုတယ်” လို့ စတုကာ့တ်က ပြောပါတယ်။

လူမျိုးစုရေးရာ ကျွမ်းကျင်သူ ဂျိုဆီကာလို့စ်ကလည်း သူတို့ရဲ့ တဲအိမ်စုတွေနားမှာ ပြောင်း၊ ပလောပီနံနဲ့ ငှက်ပျောခင်းတွေနဲ့ဆိုတော့ သူတို့ကြည့်ရတာ ကောင်းကောင်းစားရပြီး ကျန်းမာသန်စွမ်းပုံရပါတယ် လို့ပြောပါတယ်။ လူဦးရေကတော့ ၃၀၀ လောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဂျိုဆီက သူတို့ရဲ့မြားတွေ ဟယ်လီကော်ပတာကို ပစ်လွှတ်လိုက်တာက “သတင်းစကား ပေးလိုက်တာပါ။ ဒီမြားတွေရဲ့ အဓိပ္ပာယ်က ကျနော်တို့ကို လာမနှောင့်ယှက်ပါနဲ့” ဆိုတဲ့ အဓိပ္ပာယ်ပါ လို့ ပြောပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/181117

Read More »

Saturday, December 17, 2016

သေပြီးဆယ်မိနစ် အကြာမှာ အသက်ပြန်ရှင်လာတဲ့ အဖိုးအို




အမေရိကန် နယူးဂျာစီ ပြည်နယ်မှာ နေထိုင်တဲ့ အသက် 91 အရွယ် Joseph Leifkin အမည်ရ အဖိုးအိုဟာ သေပြီးလို့ ဆယ်မိနစ် အကြာမှာ ဆေးပညာ ရှင်တွေရဲ့ အကူ အညီနဲ့ အသက်ပြန် ရှင်နိုင် ခဲ့ပါတယ်။ သူဟာ အဆိုပါအချိန်တုန်းက နှလုံးခုန်မှု ရပ်နားသွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဇနီးဖြစ် Majorie က 911 ကို ခေါ်ခဲ့လို့ ဆေးပညာ ရှင်တွေ အမြန်ရောက်လာပြီး ကုပေးခဲ့ပါတယ်။



Joseph က ဒီမတိုင်ခင်မှာ သူ့ဇနီး Majorie ကို သူ့မွေးနေ့မှာ ညစာအတူတူစားဖို့ ကတိပေးခဲ့တယ်လို့ ဆိုပါတယ်။ အခုလို ဆေးပညာရှင်တွေက ပြန်ကယ်ခဲ့တဲ့အတွက် Joseph က ၀မ်းသာနေပြီး ” ကျွန်တော် သွားဖို့ အဆင်သင့်မဖြစ်သေးပါဘူး “လို့ ဆိုခဲ့ပါတယ်။

Joseph ဟာ အိပ်မက်ဆိုးကြီးတစ်ခုမက်ခဲ့ပြီး ချွေးအိုင်ထဲကနေ နိုးထခဲ့ရတဲ့ နေ့ကတည်းက သူရဲ့နောက်ဆုံး နေ့ရက်ကို
ကြိုသိနေကြောင်း၊ အဲဒီရက်က အခု မဟုတ်သေးကြောင်း ဆိုပါတယ်။ ဒီအတွက် သူ့ကို ဒုတိယအခွင့်အရေးပေးခဲ့တဲ့ ဆေးဝါးကျွမ်းကျင်အဖွဲ့ကို သူက အထူးကျေးဇူးတင်ကြောင်း၊ ဇနီးကို ပေးခဲ့တဲ့ ကတိ တည်နိုင်တော့မည်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။



Kevin Duffy နဲ့ Sarah Crelin တို့ပါဝင်တဲ့ ဆေးအဖွဲ့ဟာ Majorie ဖုန်းကို လက်ခံရရှိပြီးနောက် ချက်ချင်းရောက်သွားခဲ့
ပါတယ်။ ဆေးရုံကိုသွားတဲ့ လမ်းမှာပဲ အဖိုးကြီး Joseph ဟာ နှလုံးခုန် ရပ်တန့်သွားပါတယ်။ ဒီမတိုင်ခင်မှာတုန်းက သူ့ကို ကယ်ပေးဖို့အကြောင်း၊ သူက သေဖို့အချိန်မဟုတ်သေးကြောင်း လုပ်စရာတွေ ရှိနေသေးကြောင်း ဆိုခဲ့တယ်လို့ ဆေးမှူး
နှစ်ယောက်က အတည်ပြုခဲ့ပါတယ်။



နောက်ပိုင်းမှတော့ ဆေးမှူးနှစ်ယောက်ဟာ လက်နဲ့ရပ်တန့်သွားတဲ့ နှလုံးကို ဖိပြီး၊ ပြန်နှိုးကြည့်ကြပါတယ်။ ပြီးတော့ ပါး
စပ်ထဲကို လေမှုတ်သွင်းခဲ့ကြပါတယ်။ ကံကောင်းထောက်မစွာပဲ Joseph ဟာ ပြန်လည်နိုးထလာခဲ့ပါတယ်။ အခုအခါမှာ
ဇနီးကို ပေးထားတဲ့ ကတိကို တည်နိုင်တော့မှာမို့ Joseph က ပျော်နေပါတယ်။



သူက ဆေးမှူးများအား ရည်ညွှန်းပြီး ” သူတို့က ကျွန်ုပ်၏ ကယ်တင်ရှင်များဖြစ်ပါတယ် … အို အဖ ဘုရားသခင် … ကျွန်ုပ်၏ လေးစားရိုကျိုးမှုကို ခံယူတော်မူပါ … အလွန့်အလွန်ကို ကြည်ညိုလေးစားမိပါတယ် … အဖဘုရားသခင်က ကျွန်ုပ်ရဲ့ ဒုတိယဘ၀ကို ဆက်ပြီး ဖန်ဆင်းပေးခဲ့ပါတယ် “လို့ ၀မ်းသာအားရ ပြောခဲ့ပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

From : SHWEMOM by netsetaw

Originally published at - http://www.shwemom.com

Read More »

Sunday, December 11, 2016

တောနက်ထဲမှာ သားရိုင်းတိရစ္ဆာန်တွေနဲ့ အတူတူ ကြီးပြင်းခဲ့တဲ့ ကောင်မလေး




Tippi Degre လို့ အမည်ရတဲ့ Mowgli ကလေး မလေးဟာ တောရိုင်း တိရစ္ဆာန်တွေနဲ့ နေ့စဉ် အချိန်ကုန်ကာ ကစားလိုက်၊ သွားလိုက် စားလိုက် လုပ်နေ ခဲ့ပါတယ်။



Tippi ရဲ့ သတင်းကို ကြားသိပြီး ကင်မရာ ဆရာတွေက သူမနဲ့ ဘော်ဒါ အပေါင်းအသင်း တွေရဲ့ လှုပ်ရှားမှုတွေကို မှတ်တမ်းတင် ခဲ့ပါတယ်။



အသက် ၆ နှစ် အရွယ် Tippi ဟာ Abu လို့ အမည်ရတဲ့ ဆင်ကြီးကို အကိုလို ပေါင်းသင်း နေထိုင် ပါတယ်။



ချီတာ ကျားသစ်ကြီးနဲ့ Linda လို့ အမည်ရတဲ့ ငှက်ကုလားအုပ် မကြီး ကလည်း သူမရဲ့ အပျင်းတော်ပြေ တွေ ပါဘဲ။



Tippi ဟာ အာဖရိကတိုက် Windhoek, Namibia မှာ အခြေချ နေထိုင်တဲ့ ပြင်သစ် ဓာတ်ပုံ ဆရာ စုံတွဲ Sylvie Robert နဲ့ Alain Degre တို့ရဲ့ သမီး ဖြစ်ပါတယ်။



Tippi တို့ မိသားစုတွေဟာ တောင်အာဖရိက၊ ဇင်ဘာဘွေ၊ ဘော့စ်ဝါနာ၊ နမ်ဘီးယား နိုင်ငံရဲ့တောနက်တွေ ထဲမှာ တစ်လှည့်စီ နေထိုင်ရင်း သားရိုင်း တိရစ္ဆာန်တွေရဲ့ လှုပ်ရှားမှု ပုံရိပ်တွေကို မှတ်တမ်း တင်နေကြ သူတွေ ဖြစ်ပါတယ်။



အခု အခါမှာတော့ Tippi ဟာ ကမ္ဘာကျော် ကလေး တစ်ယောက် ဖြစ်နေပါပြီ။ သူမနဲ့ ပတ်သက်တဲ့ ဓာတ်ပုံ အယ်လ်ဘမ် တွေကို Tippi: My Book Of Africa လို့ အမည် ပေးထားကာ သတင်း မီဒီယာတွေမှာ ဝေေ၀ ဆာဆာ ဖော်ပြနေ တာကို တွေ့ရ ပါတယ်။

source : thesun.co.uk

From : မဒီလေး (Shwemom)

Originally published at - http://www.shwemom.com

Read More »

Friday, December 9, 2016

အသည်းတခု၊ ခြေထောက် သုံးချောင်းနှင့် ဆီးအိမ်တခုသာ ပါသည့် အမြွှာကလေး ၂ ဦး ကို ခွဲစိတ်




အဲရစ်ကာ ဆန်ဒိုဗဲလ်နဲ့ အီဗာ ဆန်ဒိုဗဲလ် တို့ဟာ အသက် ၂ နှစ် အရွယ် ရှိနေကြပြီ ဖြစ်တဲ့ အမြွှာ ညီအစ်မ ၂ ဦးဖြစ်ပြီး မွေးရာပါ ကိုယ်ခန္ဓာချင်း ဆက်လျက်သား အခြေ အနေနဲ့ မွေးဖွား လာ ခဲ့ကြ တာပါ။

မွေး ကတည်းက အသည်းတခု၊ ခြေထောက် ၃ ချောင်းနဲ့ ဆီးအိမ် တခုတည်းသာ ပါ ရှိတာ ဖြစ်ပြီး ဒီကနေ့မှာတော့ သူတို့ကို အောင်မြင်စွာနဲ့ ခွဲစိတ်နိုင် ခဲ့ပြီလို့ မေရာ သတင်း တပုဒ်မှာ ဖော်ပြ ပါတယ်။

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ပဲလိုအယ်လ်တိုမှ လူဆိုင်းလ် ပက်ကာ့ဒ်ကလေးဆေးရုံမှာ ဒီဇင်ဘာလ ၈ ရက်နေ့ညက ပြုလုပ်ခဲ့တဲ့ ဒီခွဲစိတ်မှုဟာ အချိန် ၁၇ နာရီကြာမြင့်ခဲ့တာပါ။



ခန္ဓာကိုယ်ချင်းဆက်မွေးဖွားလာမှုတွေကို ခွဲစိတ်ကုသမှုမျိုးဟာ အမေရိကန်နိုင်ငံမှာ တနှစ်ကို ၅ ကြိမ်လောက်ဖြစ်နေတာလို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ကလေးငယ်တွေဟာ ကျန်းကျန်းမာမာပဲ ရှိနေကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒါပေမယ့် ခုဖြစ်စဉ်ကတော့ အမြွှာကလေးငယ် ၂ ဦးရဲ့ ခန္ဓာကိုယ်အောက်ပိုင်း အင်္ဂါအစိတ်အပိုင်းတွေရဲ့ အများစုကို မျှဝေထားရတာမို့ ဒါဟာ အခက်ခဲဆုံးခွဲစိတ်မှုလို့ တောင် ဆိုနိုင်ပါတယ်။

ခွဲစိတ်ကုသမှုဆိုင်ရာ ဆေးပညာရှင်တွေပါဝင်တဲ့အဖွဲ့ဟာ တခုတည်းသော ဆီးအိမ်ကိုပါ ခွဲစိတ်ခဲ့ရပြီး အသည်းကိုလည်း တ၀က်စီခွဲစိတ်ကုသခဲ့ကြရကာ တတိယခြေထောက်ကိုတော့ သူတို့ရဲ့ ၀မ်းဗိုက်အတွင်းပိုင်း ကြွက်သားတွေဆီကရယူကာ ပြန်လည်တည်ဆောက်ယူရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ ညီအစ်မ ၂ ဦးဟာ ဆေးရုံအထူးကြပ်မတ်ကုသဆောင်မှာ အချိန် ၂ ပါတ် လောက်ထိ ဆက်လက်နေထိုင်ကြရဦးမှာဖြစ်ပြီး လိုအပ်တဲ့ ကုသမှုတွေ ဆက်လက်လုပ် ဆောင်နေတာပါ။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/179172

Read More »

Sunday, December 4, 2016

ထူးဆန်း အံ့သြဖွယ် ကလေးငယ် တစ်ဦး မြန်မာပြည်မှာ မွေးဖွား




ကျောက်ဖြူ၊ ဒီဇင်ဘာ(၂)ရက်။

ရခိုင်ပြည်နယ် မာန်အောင်မြို့ ပြည်သူ့ ဆေးရုံကြီးတွင် ကိုယ်ခန္ဓာ တစ်ခုလုံးတွင် ဖယောင်း သဏ္ဍန် အဖြူထည် အရည်ပြားများ ဖုံးအုပ် ပါရှိပြီး ကိုယ်ခန္ဓာ တစ်ကိုယ် လုံး တွင်လည်း ထူးဆန်း ဖွယ်ရာ အသား အရည်များ ကွဲအက် ပါရှိသော အသက်ရှင်လျက် ကလေးငယ်တစ်ဦး မွေးဖွားခဲ့ကြောင်း မာန်အောင်ပြည်သူ့ဆေးရုံကြီးမှ သိရှိရသည်။

အဆိုပါကလေးငယ်အား ဒီဇင်ဘာလ(၁)ရက်နေ့လည်(၁၂)နာရီအချိန်တွင် ခွဲစိတ်မွေးဖွားခဲ့ခြင်းဖြစ်ပြီး လူအများစိတ်ဝင်စားမှုမြင့်တက်ကာ မာန်အောင်ဆေးရုံသို့ သွားရောက်ကြည့်ရှုသူများလည်း များပြားနေ ကြောင်း သိရသည်။

“ယောကျာင်္းလေးပါ။ OG ဆရာဝန်ရဲ့ ပြောပြချက်အရ ကိုယ်ဝန်ဆောင်စဉ် အစားအသောက်၊ကျန်းမာရေးကြောင့် ဖြစ်နိုင်သလို မျိုးရိုးလိုက်တယ်လို့လည်း ပြောရမလား မသိဘူး။ ကလေးငယ်က အခုထိအသက်ရှင်နေ တုန်းပါ။”ဟု မာန်အောင်ပြည်သူ့ ဆေးရုံကြီးမှ အကြီးတန်း သူနာပြု ဆရာမ တစ်ဦးက ပြောသည်။

အဆိုပါကလေးငယ်အား ပကတိလူသားအဖြစ်သို့ ပြောင်းလဲနိုင်ရန်နှင့် ရောဂါလက္ခဏာများအား ရှာဖွေပြီး ဆေး ၀ါးကုသရန် မာန်အောင်ပြည်သူ့ဆေးရုံကြီး၏ ညွန်ကြားချက်အရ မာန်အောင်လူမှုကွန်ယက်နှင့် လူမှုရေးအဖွဲ့ အစည်းများက ငွေကြေးကောက်ခံပြီး ရန်ကုန်သို့ ဆေးဝါးများကုသရန် စေလွှတ်နိုင်ရေး စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

“ကလေးက တော်တော်ထူးဆန်းတယ်။ ကြည်ရှုသူတွေများလို့ မိဘတွေက ကလေးကိုဝှက်ထားကြတယ်။ ကလေးငယ်က အသက်ရှင်လျက် ကျွန်တော်တို့က မိဘတွေမတတ်နိုင်လို့ ရန်ကုန်ကို ဆေးဝါးကုသဖို့ ငွေကြေး အလှူခံကောက်ခံပြီး ပို့ဆောင်ဖို စီစဉ်နေပါတယ်။”ဟု မာန်အောင်လူမှုကွန်ယက်ဥက္ကဌ ဦးကျော်မိုးနိုင်က ပြောသည်။

အဆိုပါ ကလေးငယ်၏ မိဘများမှာ ရမ်းဗြဲမြို့နယ် ကြပ်ခိုးကျေးရွာမှ ဖခင်မောင်သိန်းရွှေနှင့် မိခင် မခင်ဝင်းကြည်တို့မွေးဖွားခဲ့သည် သားဦးဖြစ်ကြောင်း သိရသည်။

From : အာရကန်ကိုကို(မြစ်မခ)

Originally published at - http://myitmakhamediagroup.com/news/breaking-news/11210/

Read More »

Related Posts

Related Posts Plugin for WordPress, Blogger...