
အမေရိကန် နိုင်ငံမှ ၄ နှစ် အရွယ် သမီးငယ်နဲ့ သူ့ရဲ့ဖခင် ဖြစ်သူတို့ဟာ သီချင်း တပုဒ်ကို အတူတူ သီဆိုခဲ့ပြီး ရုပ်သံ ဗွီဒီယိုဖိုင်ကို လူမှု ကွန်ရက် စာမျက်နှာပေါ်မှ တဆင့် ယူကျု အင်တာနက် စာမျက်နှာပေါ် မျှဝေခဲ့ ချိန်မှာ ဝင်ရောက် ကြည့်ရှုသူ သန်း ၁၅၀ ကျော် ရှိခဲ့ပါတယ်။
ချစ်စရာ ၄ နှစ်သမီးလေး ကလဲရာရိုင် ရန်ခရော့စ်ဘီနဲ့ သူမရဲ့ဖခင် အသက် ၂၈ နှစ်အရွယ် ဒေ့ဗ်ခရော့စ်ဘီတို့နှစ်ဦးဟာ အမေရိကန်နိုင်ငံ၊ အော့တ်ဝါပြည်နယ်မှဖြစ်ပြီး “You’ve got a friend in me” ဆိုတဲ့ သီချင်းကို သီဆိုခဲ့ကြတာပါ။
သူတို့သားအဖ ၂ ဦးရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာတွေပေါ် ပျံ့နှံ့ခဲ့ပြီးနောက်မှာတော့ အမေရိကန် နာမည်ကြီး အယ်လန်ရှိုးပွဲက သူတို့ကို ဖျော်ဖြေပေးဖို့ ဖိတ်ခေါ်ခဲ့ရပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သူတို့သားအဖ ၂ ဦးရဲ့ မူလသီဆိုဖျော်ဖြေခဲ့တဲ့အတိုင်း အယ်လန်ရှိုးပွဲမှာ ထပ်မံသီဆိုခဲ့ကြချိန် ပရိသတ်တွေဟာ သြဘာပေးခဲ့ကြပြီး အယ်လန်က ဆုချီးမြှင့်ခဲ့တာတွေကို တွေ့မြင်ရမှာပါ။
အယ်လန်က ‘သိပ်ကောင်းတဲ့ သီဆိုမှုပါပဲ’ လို့ ပြောတဲ့အချိန် ကလဲရာက ‘ကျေးဇူးတင်ပါတယ်’ လို့ တုံ့ပြန်ပြောဆိုခဲ့တာကို တွေ့ရပါတယ်။
အယ်လန်က “ကလဲရာ၊ မင်းဟာ ဒစ္စနေးရုပ်ရှင်တွေ ကြိုက်တဲ့အတွက် ဒစ္စနေး လန်းဒ်ကို သွားချင်မယ်ဆိုတာ ငါသိပါတယ်။ ရှပ်တာဖလိုင်းကုမ္ပဏီကလည်း ကျမတို့နဲ့ လာရောက်ပူးပေါင်းပါတယ်။
ရှင်တို့မိသားစုတစုလုံး ဒစ္စနေးလန်းဒ်ကို သွားဖို့ ရှပ်တာဖလိုင်းကုမ္ပဏီက လက်မှတ်တွေ လက်ဆောင်ပေးပါမယ်။ ပြီးတော့ ကျမကလည်း ကလဲရာအတွက် ဒစ္စနေးလန်းဒ်က ထုတ်တဲ့ အရုပ်တွေ အများကြီး လက်ဆောင်ပေးပါမယ်” လို့ပြောခဲ့ပြီး လက်ဆောင်တွေ ချီးမြှင့်ခဲ့တာပါ။
ကလဲရာတို့ သားအဖ ၂ ဦး သီဆိုသွားတဲ့ “You’ve got a friend in me” ဆိုတဲ့ သီချင်းကို အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့မှာ
မွေးဖွားခဲ့တဲ့ အဆိုတော်၊ သီချင်းရေးဆရာနဲ့ စန္ဒယားပညာရှင် ရန်ဒီနယူးမန်းက ရေးသားသီဆိုခဲ့တာ ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/187810

No comments: