အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label အိပ်စက်ခြင်း. Show all posts
Showing posts with label အိပ်စက်ခြင်း. Show all posts

Tuesday, June 14, 2016

သင်ရော ဘယ်လို အိပ်တာကို အကြိုက်ဆုံးလဲ !!!




သင်အိပ်တဲ့ ပုံစံက သင့်ရဲ့ အကြောင်းကို ထင်ဟပ် နေတတ် ပါတယ်.....။

မှန်တယ် - မမှန်ဘူး ဆိုတာကို အောက်မှာ ဆက်လက် လေ့လာ ကြည့်လိုက် ကြပါအုန်း ...

၁။ ဒူးနှစ်ဖက်လုံး ကွေးပြီး ဘေးစောင်း အိပ်တတ်သူ



. ဒီလို လူမျိုး တွေဟာ တည်ငြိမ် အေးဆေးတဲ့ ပုံစံရှိပြီး တခြား လူတွေရဲ့ ယုံကြည်မှုကို ပိုင်ဆိုင် တတ်သူ တစ်ယောက်ပါ။ ဒီလို လူမျိုးတွေဟာ တော်ရုံ ကိစ္စကို စိတ်မဆိုး တတ်သလို၊ ရှေ့ရေးကို စိုးရိမ် ပူပန် နေတတ်တဲ့ လူတွေ မဟုတ်ပါဘူး။ ဘ၀ရဲ့ အချိုးအကွေ့ တွေမှာလည်း တုန်လှုပ် တတ်တဲ့ လူစားမျိုး မဟုတ်ဘဲ ပြသနာတွေကို အပြုံးနဲ့ ရင်ဆိုင် တတ်သူမျိုးပါ။

၂။ သန္ဓေသားလောင်းလေးတွေလို ကွေးကွေးလေး အိပ်တတ်တဲ့သူ



သူတစ်ပါးပေါ် မှီခို တတ်ကြတဲ့ ပုံစံမျိုးတွေ ဖြစ်တတ် ပါတယ်။ သူတို့ အားကိုး ရတဲ့၊ သူတို့ အပေါ်နားလည် ပေးတတ်တဲ့ သူတွေ အပေါ် ခင်တွယ် တတ်ကြ ပါတယ်။

ပြသနာတွေနဲ့ တွေ့ရတဲ့ အခါမှာ အားလုံးကို ရှောင်ထွက် သွားချင်တဲ့ စိတ်မျိုးကို ပိုင်ဆိုင် ထားကြ ပါတယ်။ ဒီလို လူမျိုးတွေဟာ ပန်းချီ၊ အက နဲ့ Blog ရေးသား ရာမှာ ထူးချွန် တတ်ကြ ပါတယ်။

၃။ မှောက်လျက်အိပ်တတ်သူ



ဒီလိုလူမျိုးတွေဟာ နေရာတစ်ခုမှာ ခေါင်းဆောင် ဦးစီးနေရာမှာ ရှိနေ တတ်ကြ ပါတယ်။သူတို့ဟာ တဇွတ်ထိုး ဆန်တတ် ကြတယ်။အခွင့် အလမ်း ကိုလည်း ကြိုမြင် တတ်ကြပြီး အစီအစဉ် တကျ Life Plan တွေ ရှိတတ်ကြတယ်။ အရာရာကို အမြဲတမ်း ကြိုတွေးတတ်တဲ့ အကျင့်ကြောင့် သူတို့ ဘ၀မှာ အံ့သြ သင့်လောက် စရာသိပ်မကြုံ ရပါဘူး။

၎။ ပက်လက်အိပ်တတ်သူ



သူတို့ရဲ့ လက်ရှိ ဘ၀ကို မြတ်နိုးပြီး အရာရာကို အကောင်း မြင်တတ်သူတွေ ဖြစ်ပါတယ်။ အပေါင်းအသင်းကို အရမ်း ခင်မင် တတ်ကြပြီး ကိစ္စ တစ်ခုကို လုပ်ရင် ထိုအရာကိုပဲ တစိုက် မတ်မတ် လုပ်တတ် ကြပါတယ်။ အမြဲတမ်း အမှန်ကိုသာ ပြောတတ် ကြပြီး အပေါင်းအသင်း များတဲ့ လူတွေပဲ ဖြစ်ပါတယ်။

၅။ လက်နှစ်ဖက်ဘေးကပ်ပြီး သတိဆွဲထားသလို အိပ်တတ်သူ



ဒီလိုလူမျိုးတွေဟာ စည်းစနစ်နဲ့ ကိုယ့်ကိုယ်ကို အမြဲ ထိန်းချုပ် နေလေ့ရှိပြီး သူတို့ ဘ၀ပန်းတိုင်ကို ကောင်းကောင်း ပုံဖော်နိုင်ကြတဲ့ လူမျိုးတွေ ဖြစ်ကြ ပါတယ်။ ဒါပေမဲ့ သူတို့ဟာ စည်းစနစ်ကြီးပြီး အရမ်းလည်း ကြိုးစား ကြသူတွေ ဖြစ်ပါတယ်။

၆။ ဒူးတစ်ဖက်ထဲကွေးပြီး အိပ်တတ်သူ



ဒီလို လူမျိုးတွေဟာ စိတ်အပြော င်းအလဲ မြန်တတ် သူတွေဖြစ်လို့ သူတို့ရဲ့စိတ်ကို ခန့်မှန်းရ ခက်ပါတယ်။ ဆုံးဖြတ်ချက် ချရမယ့် အခါမျိုး ၊ ရွေးချယ် စရာကြုံလာတဲ့ အခါမျိုးမှာ အမြဲ တုံ့ဆိုင်း တတ်ကြ သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ တိတ်ဆိတ် ငြိမ်သက်မှုကို နှစ်သက်လေ့ ရှိပြီး သီးခြားနေရတာ ကြိုက်တတ် ကြပါတယ်။

All in One

Originally published at - https://www.facebook.com/allin1myanmar/

Read More »

Related Posts

Related Posts Plugin for WordPress, Blogger...