အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, April 3, 2017

လက်နှစ်ဘက် မပါရှိဘဲ ဘတ်စကက်ဘော ကစားပြနိုင်သည့် အံ့ဖွယ် ဆယ်ကျော်သက်




လက် ၂ ဘက်စလုံး မပါရှိဘဲနဲ့ ဘတ်စကက်ဘော ကစားပြနိုင်ဖို့ ဆိုတာ တကယ့်ကို မလွယ်ကူ လှပါဘူး။

ဒါပေမယ့် အမေရိကန် နိုင်ငံမှ အသက် ၁၃ နှစ် အရွယ် ဂျမ်မာရီ ယွန်စတိုင်လ်စ် ကတော့ တခြားသော သာမန်လူတွေ အတိုင်းပဲ ဘတ်စကက်ဘော စွမ်းရည်ပြ နိုင်ခဲ့ တာပါ။

သူဟာ အသက် ၈ လသား အရွယ်မှာ ရှားပါး ဘက်တီးရီးယား တမျိုးကြောင့် လက် ၂ ဘက်စလုံးကို ဖြတ်တောက် ခဲ့ရတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ တခြားသော အသင်းဖော်တွေနဲ့ တန်းတူ ဘတ်စကက်ဘော စွမ်းရည်ပြ ကစားနိုင်ခဲ့တဲ့ ရုပ်သံ ဗွီဒီယို ဖိုင်ဟာ အင်တာနက် စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေ ခဲ့တာပါ။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ စတိုင်လ်စ်ဟာ ဖလော်ရီဒါပြည်နယ်၊ ဘိုကာရေတန်မှ အီးဂဲလ်စ်လန်းဒင်း အလယ်တန်းကျောင်း ဘတ်စကက်ဘောအသင်းအတွက် အနိုင်မှတ် ရစေမယ့် ဘတ်စကက်ဘောကို သွင်းယူသွားနိုင်ခဲ့တာ တွေ့ရပါတယ်။

ဒီ့အတွက် ပရိသတ်တွေက သူ့ကို ချီးကျူးဂုဏ်ပြုဖို့ စုဝေးရောက်ရှိလာခဲ့ကြတာကို တွေ့ရမှာပါ။

အသင်းဖော်တွေကတော့ စတိုင်လ်စ်ဟာ အမြဲကြိုးစားနေတဲ့ ကစားသမားကောင်းတဦးဖြစ်ပြီး သူ့ကို မသန်စွမ်းသူတဦးလို့ မထင်ရအောင်ကို ကစားနိုင်စွမ်းရှိတယ်လို့ ပြောကြပါတယ်။

သူဟာ ဘောလုံးကိုလည်း ကောင်းကောင်းကစားနိုင်ပြီး အသက်ကြီးလာချိန်မှာ နာမည်ကျော် ဘောလုံးသမားတဦး ဖြစ်ချင်တယ်လို့ ဆိုပါတယ်။

“ကျနော် အားကစားနည်းမျိုးစုံ ကစားပါတယ်။ ဘောလုံးဟာ ကျနော်အကြိုက်ဆုံး အားကစားနည်းတွေထဲက တခုပါပဲ” လို့ စတိုင်လ်စ်က ပြောပါတယ်။

အသင်းဖော် မာ့ခ် စတိဂ်ျကတော့ “သူဟာ အားကျစရာပါပဲ။ ခင်ဗျားတို့သိလား၊ သူက ကျနော်တို့ကို မျှော်လင့်ချက်တခုခု ပေးနေတယ်ဆိုတာ” လို့ ပြောပါတယ်။

စတိုင်လ်စ်က “အပြုသဘောဆောင်တဲ့ နေထိုင်မှုနဲ့ နေထိုင်ရုံပါပဲ။ ခင်ဗျားတို့လိုချင်တဲ့ နေရာရောက်ဖို့ ဘာမဆိုလုပ်နိုင်ပါတယ်” လို့ ပြောပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/199134

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...