အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label ရိုးရာပွဲတော်များ. Show all posts
Showing posts with label ရိုးရာပွဲတော်များ. Show all posts

Thursday, June 1, 2017

အင်္ဂလိပ် ရိုးရာ ချိစ်ဖမ်းပွဲ




အင်္ဂလိပ် ရိုးရာ (Cheese) ချိစ်ဖမ်းပွဲကို ထောင်ပေါင်း များစွာသော ပွဲကြည့် သူတွေ လာရောက် ကြည့်ရှု ခဲ့ကြ ပါတယ်။

အဲ ဒီ ပွဲတော်ကို ဂလက် စတာရှဲ (Gloucestershire) ကျေးလက် aဒသက ကူးပါး aတာင်ကုန်း (Cooper’s Hill) မှာ မေလ ၂၉ ရက်နေ့က ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အမျိုးသား ပြိုင်ပွဲမှာ အနိုင် ရရှိခဲ့ သူဟာ ဘရော့ဝါ့သ် (Brockworth) ရပ်ကွက်နေ အသက် ၂၉ နှစ် အရွယ် ခရစ်စ်အန်ဒါဆန် (Chris Anderson) ဖြစ်ပြီး အမျိုးသမီး ပြိုင်ပွဲမှာ အနိုင် ရရှိခဲ့ သူဟာလည်း ဘရော့ခ်ဝါ့သ် ရပ်ကွက်က အသက် ၁၈ နှစ် အရွယ် ကီဗီမော်ဂန် (Keavy Morgan) ဖြစ်ပါတယ်။

အဲဒီပြိုင်ပွဲကို အစောဆုံး ရေးသား မှတ်တမ်း တင်ထား တာကို ၁၈၂၆ ခုနှစ်မှာ စတင်တွေ့ရှိ ရပေမယ့် တကယ်တမ်း အဲဒီထက် နှစ်ပေါင်း များစွာ ရှေးကျတဲ့ သမိုင်း ရှိတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြ ထားပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/209999

Read More »

Saturday, February 11, 2017

မြန်မာပြည်မှာ တစ်ခုတည်းရှိတဲ့ ဘဲဥထုပွဲ




မြန်မာ နိုင်ငံမှာ တစ်ခုတည်း ရှိတဲ့ ရိုးရာ ဓလေ့ ဖြစ်တဲ့ ဘဲဥ ထုပွဲကို စစ်ကိုင်းမြို့၊ ဧမြဝတီ ရပ်မှာ ဒီကနေ့
ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ကျင်းပနေပါတယ်။

ဘဲဥထုပွဲဟာ တစ်နိုင်ငံလုံးမှာ စစ်ကိုင်းမြို့ ဇိနမာရ်အောင် လောကချမ်းသာ ကြေးဘုရား ဘုရားပွဲတော်မှာပဲ ရှိတဲ့ တစ်ခုတည်းသော ပွဲတော် ဖြစ်ပါတယ်။



မြန်မာဘုရင် မင်းတုန်းမင်း လက်ထက်က အစေခံတပ် ကင်းသမားတွေ၊ လှေတော် သားတွေ ညဘက် အပျော် ဆော့ကစားရင်း အချိန်ကြာလာတဲ့အခါ ရိုးရာပွဲတော် တစ်ခု ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။



ပွဲတော်မှာ နှစ်စဉ် ဘဲဥပြုတ် ဈေးသည်ပေါင်း ၅၀ နီးပါး ရောင်းချပြီး တစ်သည်ကို ဘဲဥပြုတ် အလုံး ၅၀၀ နီးပါး ကုန်ကြတယ်လို့ ပြောပါတယ်။

ပွဲတော်မှာ ညပိုင်း ၆ နာရီကနေ ညနက်ပိုင်း ၁၂ နာရီကျော် နောက်တစ်နေ့ ကူးတဲ့ အထိ ရောင်းချ ကြ တာ ဖြစ်ပါတယ်။

ဘဲဥထုတဲ့ ပုံစံကတော့ အသည်ဆီက တစ်လုံးကို ၂၀၀ ကျပ်နဲ့ ဝယ်ယူပြီး အကွဲ အနာအဆာ ပါမပါ စစ်ဆေး ပြီးနောက်မှာ လူနှစ်ယောက်က ထုတာ ဖြစ်ပါတယ်။

နှစ်ယောက်ထုရာမှာ ဘဲဥကွဲတဲ့သူက အရှုံးဖြစ်ပါတယ်။

From : Myanmar Cable News

Originally published at - http://www.mcntv.biz/news/local-news/28276/

Read More »

Saturday, January 28, 2017

ကြက်နှစ်ကို ကြက်အကဖြင့် ဖျော်ဖြေ ခဲ့ကြသည့် တရုတ်စစ်သားများ




အခု လာမယ့် နှစ်သစ်ကို တရုတ်ရိုးရာ ယုံကြည်မှု အရ ကြက်နှစ်လို့ သတ်မှတ် ထားကြတာပါ။

အဲဒီ အထိမ်း အမှတ် အဖြစ် ဆိုင်တွေ၊ ဈေးတွေ၊ နေအိမ်တွေ အနှံ့ ကမ္ဘာ တလွှားမှ တရုတ် လူမျိုးတွေဟာ ကြက်ပုံ သင်္ကေတ တွေနဲ့ အလှ ဆင်ယင်ပြီး ကြိုဆိုဖို့ ပြင်ဆင်နေ ကြတာကို တွေ့ရ ပါတယ်။

ဒီရုပ်သံ ဗွီဒီယိုဖိုင် ကတော့ တရုတ် စစ်ဝတ်စုံ တွေနဲ့ ရိုးရာ ကြက်နှစ်ကို ကြိုဆို ကြမယ့် အမျိုးသား အကအဖွဲ့ရဲ့ မြူးကြွတဲ့ ကကွက်တွေကို ရိုက်ယူ ထားခဲ့ပြီး Shanghaiist သတင်း တပုဒ်မှာ ဖော်ပြခဲ့ တာပါ။

သူတို့ ကပြသရုပ်ဖော်ခဲ့တဲ့ သီချင်းကတော့ အသက် ၃၈ နှစ်အရွယ် တရုတ်အဆိုတော် အမျိုးသမီး ရိုလင်းဝမ်ရဲ့ Chick Chick လို့ အမည်ရတဲ့ သီချင်း တပုဒ်ရဲ့ နောက်ခံတီးလုံးကို ယူထား ခဲ့တာပါ။

ဒီသီချင်းဟာ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့ တာဖြစ်ပြီး ကိုရီးယား နာမည်ကျော် သီချင်းတပုဒ်ဖြစ်တဲ့ ဂန်းနန်းစတိုင်သီချင်းလိုပဲ နာမည်ကျော်ကြားခဲ့တာပါ။

သီချင်းထဲ မှာတော့ အဆိုတော် အမျိုးသမီးနဲ့ အဖွဲ့ဟာ ကြက်ပုံ သဏ္ဌာန် အသံ၊ ဟန်ပန်နဲ့ ဝတ်စား ဆင်ယင် သရုပ်ပြမှု တွေကြောင့် လူသိများ ထင်ရှား ခဲ့ပါတယ်။

ဒီရုပ်သံဗွီဒီယို ဖိုင်ထဲမှာတော့ တရုတ် စစ်သားတွေရဲ့ သရုပ်ပြ တင်ဆက်မှု တွေက ထူးထူး ခြားခြား ဖြစ်နေ ခဲ့ပါတယ်။


Video From : https://www.facebook.com/shanghaiist/videos/10155402888331030/

Post From : DVB

Originally published at - http://burmese.dvb.no/archives/186379

Read More »

Sunday, November 27, 2016

ထိုင်းနိုင်ငံ အလယ်ပိုင်းတွင် ကျင်းပသည့် မျောက်အလှူပွဲ




ထိုင်းနိုင်ငံ အလယ်ပိုင်းက လွတ်ဘူရီ (Lopburi) ခရိုင်မှာ နှစ်စဉ် ကျင်းပနေကျ ဒေသခံ မျောက်တွေ အတွက် အလှူပွဲကို နိုဝင်ဘာ ၂၇ ရက်နေ့က ကျင်းပ ခဲ့ပါတယ်။

လွတ်ဘူရီ ခရိုင်ဟာ မျောက်တွေ များပြားလွန်းတဲ့ အတွက် မျောက်ပြည်နယ် လို့လည်း ခေါ်ဆို ကြပြီး လာရောက် လည်ပတ် ကြည့်ရှုသူတွေ နဲ့လည်း စည်ကားတာပါ။

မျောက်တွေကြောင့် ဒီပြည်နယ်ကို ကမ္ဘာ့ခရီးသည်အများအပြား လာရောက်ကြတယ်။ ဒေသခံတွေအတွက် အကျိုးစီးပွားဖြစ်စေတယ်ဆိုပြီး မျောက်တွေကို အလှူကြီးပေးတာပါ။

လတ်ဗီယားနိုင်ငံက လာရောက်လည်ပတ်တဲ့ အသက် ၃၁ နှစ်အရွယ် ကမ္ဘာလှည့်ခရီးသည် အမျိုးသမီးတဦးကတော့ သူ့ကို မနေ့က မျောက်တကောင် ကိုက်ခဲ့တဲ့အတွက် မျောက်တွေကို နည်းနည်းသတိထားတာ ကောင်းတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လက ထိုင်းဘုရင်ကြီး နတ်ရွာစံသွားတဲ့အတွက် ဝမ်းနည်းခြင်းကာလ တနှစ် ကြေညာထားလို့ ဒီမျောက်အလှူပွဲကို စည်စည်ကားကား မကျင်းပဖြစ်ဘူးလို့ စီစဉ်သူတွေက ပြောပါတယ်။

ဒီမျောက်အလှူပွဲကို ကျင်းပလာတာလည်း ၂၇ နှစ်ရှိပြီဖြစ်လို့ ဒီနှစ်လည်း သင့်တင့်သလိုပဲ ကျင်းပဖြစ်တယ်။ အခုနှစ်က မနှစ်ကနဲ့စာရင် မျောက်ပိုများတာ တွေ့ရတယ်။ ဒါကြောင့် သစ်သီးတွေကို ကုန်ကား ၃ စီးစာ အလှူအတန်းလုပ်ခဲ့တယ်လို့ အလှူပွဲကို စီစဉ်သူတဦးက ပြောပါတယ်။

လွတ်ဘူရီမြို့ပတ်ဝန်းကျင်မှာတော့ မျောက်အကောင်ရေ ၃၀၀၀ လောက်ရှိပြီး ပြည်နယ်အတွင်း တခြားမြို့တွေမှာလည်း မျောက်အကောင်ရေ ၇၀၀၀ လောက်ရှိဦးမယ်လို့ အလှူပွဲကို စီစဉ်သူတွေက ပြောပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/177744

Read More »

Tuesday, November 1, 2016

သရဲတစ္ဆေကြီးများနေ့ မက္ကဆီကိုတွင် ကျင်းပ




မက္ကဆီကို နိုင်ငံမှာ နှစ်စဉ် ကျင်းပ နေကျ သရဲ တစ္ဆေကြီး များနေ့ အခမ်း အနားကို အောက်တိုဘာ ၂၉ ရက်နေ့က မြို့တော်ရဲ့ လမ်းမတွေ တလျှောက် ကြောက်မက်ဖွယ် သရုပ်ပြ တင်ဆက် မှုတွေနဲ့ ကျင်းပ ခဲ့ကြပါတယ်။

အခုနှစ်မှာတော့ ဒီပွဲတော်ကို ပွဲစီစဉ်သူတွေရဲ့ အစီအစဉ်နဲ့အတူ နာမည်ကျော် ဂျိမ်းစ်ဘွန်းဇာတ်ကား Spectre ထဲကလို ၀တ်စားဆင်ယင်မှုတွေနဲ့အတူ ကျင်းပခဲ့ကြတာပါ။

အရိုးစုပုံဝတ်စုံ ၀တ်ဆင်ထားသူတွေ၊ ရိုးရာအကအဖွဲ့တွေ၊ တူရိယာတီးမှုတ်တဲ့ အဖွဲ့တွေဟာ မြို့တော်ရဲ့ လမ်းမတွေပေါ်မှာ ထောင်သောင်းချီ ပါဝင်ဆင်နွှဲခဲ့ကြတာကို တွေ့ရပါတယ်။

ဒီပွဲတော်ဟာ တခြားသော ကက်သလစ် ခရစ်ယာန်ဘာသာဝင်တွေရဲ့ ဘာသာရေးပွဲတော်တွေလိုပဲ ကျော်ကြားတဲ့ ပွဲတော်တခုဖြစ်ပြီး မက္ကဆီကိုနိုင်ငံမှာတော့ တကယ့်ကို ထင်ရှားတဲ့ ပွဲတော်တခု ဖြစ်ပါတယ်။

ကွယ်လွန်ပြီးသူတွေဟာ ပြန်လည်ရှင်သန်ထမြောက်လာမယ်ဆိုတဲ့ ယုံကြည်မှုနဲ့ ဒီပွဲတော်ကို ကျင်းပနေကြတာပါ။

မနှစ်ကတော့ နာမည်ကျော် ဂျိမ်းစ်ဘွန်းဇာတ်ကား Spectre ရဲ့ အဖွင့်ရိုက်ကွင်းတွေကို ဒီအခမ်းအနားမှာ ရိုက်ကူးခဲ့တာဖြစ်လို့ အခုနှစ်မှာ ခုလို အမှတ်တရ ၀တ်ဆင်ကျင်းပဖြစ်တာလို့ ပွဲစီစဉ်သူတွေက ဆိုပါတယ်။



ဒီဗွီဘီ by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/174229

Read More »

Tuesday, December 22, 2015

ခရစ်စမတ်ပွဲတော် ဆင်နွှဲသူ မူဆလင်တွေ ကို ထောင်ချမယ်




ဘရူနိုင်းဆူလ်တန် ဘုရင်ဟာ ခရစ်စမတ် ပွဲတော်ကို တရားမ၀င် ဆင်နွှဲသူ တိုင်းကို တွေ့ ရှိပါက ထောင်ဒဏ် ငါးနှစ် အထိ ကျခံဖို့ အမိန့် ချမှတ် လိုက်တယ်လို့ သိရ ပါတယ်။

ဘော်နီယို ကျွန်းက ရှေးရိုးစွဲ မူဆလင်နိုင်ငံ၊ ဘရူနိုင်းမှာ ခရစ်စမတ်ကတ် ပေးပို့ သူ ဒါမှမဟုတ် ဆန်တာ ဦးထုပ် ဆောင်းသူတွေပါ မကျန် တွေ့ ရှိပါက ဒီအပြစ်ဒဏ် သက်ရောက်မှာ ဖြစ်ကြောင်း ကြေငြာ ခဲ့ပါတယ်။

မူဆလင်ဘာသာဝင်မဟုတ်သူတွေအနေနဲ့ တော့ ခရစ်စမတ်ဆင်နွှဲခွင့်ရှိပြီး၊ ဒါပေမယ့် အာဏာပိုင်တွေကို ပထမဦးဆုံးအကြောင်းကြားရမှာဖြစ်ကာ၊ မိမိဘာသာဝင်အသိုင်းအ၀ိုင်းကြားမှာပဲ ကျင်းပရမှာဖြစ်ပါတယ်။

ဘရူနိုင်းနိုင်ငံ၊ ဘာသာရေးဝန်ကြီးဌာန က “ဒီဥပဒေသက်ရောက်မှုစီမံချက်ဟာ မူဆလင်ဘာသာဝင်တွေရဲ့ အယူဝါဒတွေကို ထိပါးနိုင်တဲ့ ခရစ်စမတ်ပွဲတော်ကို အလွန်အကျွံနဲ့  လူပုံအလယ်မှာပေါ်ပေါ်ထင်ထင် ကျင်းပခြင်းကို ထိန်းချုပ်ဖို့ အတွက် ဖြစ်ပါတယ်” လို့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ ခရစ်စမတ်ပွဲတော်အခမ်းအနားအတွင်း၊ လက်ဝါးကပ်တိုင်၊ ခရစ်စမတ်သစ်ပင်ပြုလုပ်ခြင်း၊ ခရစ်စမတ်သီချင်း ဆိုခြင်း၊ ခရစ်စမတ်မင်္ဂလာစကားပေးပို့ ခြင်း၊ စတဲ့ ခရစ်ယာန်ဘာသာကို ကြည်ညိုမှုသဘောသက်ရောက်တဲ့ အရာမှန်သမျှ လုပ်တဲ့ မူဆလင်တွေဟာ အစ္စလာမ်အယူဝါဒနဲ့ တလွဲဖီလာဖြစ်နေပါတယ်။

တစ်ချို့ ကတော့ ဒါဟာ ပေါ့ပြက်ပြက်ကိစ္စလို့ ထင်ကာ၊ ရေးကြီးခွင်ကျယ်မလုပ်သင့်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် မူဆလင်လူမျိုးတွေနဲ့ ဇိကရ်နိုင်ငံတစ်နိုင်ငံအနေနဲ့ တော့၊ ကျွန်တော်တို့ ဟာ တခြားဘာသာရေး အခမ်းအနားတွေဟာ အစ္စလာမ်ရဲ့အယူဝါဒကိုသက်ရောက်မှုရှိနိုင်တဲ့အတွက် ရှောင်ရှားသင့်ပါတယ်” လို့  ဗလီဘာသာရေးဆရာအဖွဲ့ တစ်ဖွဲ့ ကလည်း ယခုလအစောပိုင်းက ထုတ်ပြန်ထားခဲ့ပါတယ်။

ဒါပေမယ့် တစ်ချို့ ဘရူနိုင်းနိုင်ငံသားတွေကတော့ ဒီတားမြစ်ချက်ကို ဆန့် ကျင်ကာ၊ ဆိုရှယ်မီဒီယာမှာ #MyTreedom ဆိုတဲ့ hashtag နဲ့ ခရစ်စမတ်ပုံတွေ တင်နေကြတယ်လို့ သိရပါတယ်။

Ref : Telegraph

Originally published at - http://knowledge.thithtoolwin.com/2015/12/blog-post_68.html


Read More »

Sunday, November 22, 2015

ဗြိတိန်နိုင်ငံ ရဲ့ အကြီးမားဆုံး ခရစ္စမတ် သစ်ပင်




ဗြိတိန်နိုင်ငံ ရဲ့ အကြီးမားဆုံး သစ်ပင်ကြီးမှာ မီးသီးပေါင်း ၁၈၀၀ ကျော်ကို ချိတ်ဆွဲပြီး ကမ္ဘာ့အကြီးဆုံး ခရစ်စမတ် သစ်ပင်တစ်ခု ဖြစ်လာစေခဲ့ပါတယ်။ ထိုသစ်ပင်ဟာ ဗြိတိန် နိုင်ငံ ၊ Crawley မြို့ရဲ့ Gatwick လေဆိပ် နားမှာ ရှိပြီး လေယာဉ်တွေ ဆင်းသက်တဲ့အခါမှာ လေယာဉ်ပြေးလမ်း အချက်ပြမီး အဖြစ် ရေရှည်မှာ အသုံးပြုသွားမယ်လို့လည်း သိရပါတယ်။

ထို သစ်ပင်ရဲ့ အမြင့်ဟာ ပေ ၁၁၀ ခန့်မြင့်မားပြီး West Sussex ခရိုင် ၊ Ardingly ကျေးရွာအနီးက သစ်တောအတွင်း တည်ရှိပြီး ဗြိတိန်နိုင်ငံ ရဲ့ သက်ရှိထင်ရှား အကြီးမားဆုံး သစ်ပင်ဖြစ်လာခဲ့ပါတယ်။



လွန်ခဲ့တဲ့ ၂၃ နှစ်တုန်းကတော့ ထိုသစ်ပင်ဟာ Wakehurst ရဲ့ Elizabethan ခြံဝန်း အပြင်မှာ အလှဆင်လျက်ရှိနေခဲ့တာပါ။ ထို သစ်ပင်ကို ၁၈၉၀ ခုနှစ်မှာ စတင်စိုက်ပျိုးခဲ့ပြီး ဧက ၅၀၀ ကျယ်ဝန်းတဲ့ ဒေသတစ်ခုလုံးမှာ အထူးခြားဆုံး ၊ အဆန်းကြယ်ဆုံး သစ်ပင်တစ်ပင်လည်း ဖြစ်ခဲ့ပါတယ်။ သစ်တော ကျွမ်းကျင် ပညာရှင် အဖွဲ့ဟာ ထို သစ်ပင်မှာ LED မီးသီး တွေကို ချိတ်ဆွဲဖို့နဲ့ Wakehurst ဆိုတဲ့ ဘေးမဲ့တော ထဲမှာရှိတဲ့ သစ်ပင် ကို ပြန်လည်တိုင်းတာဖို့အတွက် အချိန်များစွာ ယူခဲ့ရတယ်လို့ လည်း သိရပါတယ်။

Wakehurst ရဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ Tony Sweeney က တော့"ဒီသစ်ပင်ဟာ ခန့်မှန်းခြေအားဖြင့် နှစ်ပေါင်း ၁၂၀ လောက် သက်တမ်းရှိနေပါပြီ။ကျွနိုပ်တို့ဟာ တစ်ပေ လောက်ထပ်မြင့်လာဦးမယ်လို့ မျှော်လင့်ထားပါတယ်။ ဒီသစ်ပင်ဟာ ထူးခြားတဲ့ မျိုးစိတ်တွေရှိနေတဲ့အတွက် လာမယ့်နှစ်တွေအတွင်းမှာ အံ့သြဖွယ်ရာ ရှင်သန်လာဦးမှာပါ" လို့ ဆိုပါတယ်။

ဒီသစ်ပင်ဟာ Wakehurst သစ်တောအတွင်း ရာသီဥတု ဒဏ်တွေအားလုံးကို ကြံ့ကြံ့ခံပြီး ရှင်သန်ခဲ့တာဖြစ်ပါတယ်။ ၁၉၈၇ ခုနှဏ်က ဗြိတိန်ရဲ့ အထင်ကရ မုန်တိုင်းတိုက်ခတ်မှု က စတင်ပြီး သဘာဝ အန္တရာယ် အမျိုးမျိုး ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ထိုသစ်ပင်မှာ ချိတ်ဆွဲထားတဲ့မီးသီးတွေဟာ ဒီဇင်ဘာ ၄ ရက်နေ့က စတင်ပြီး ခရစ္စမတ် ကာလအထိ နေ့လည် ၃ နာရီခွဲက စတင်ကာ တစ်ညလုံး ထိန်လင်းတောက်ပနေမှာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ထိုသစ်ပင်ကို လေယာဉ်ပြေးလမ်း အချက်ပြ စနစ် တစ်ခုအဖြစ် အသုံးပြုသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Ref : Mirror

Original link - http://knowledge.thithtoolwin.com/2015/11/blog-post_41.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Friday, November 6, 2015

ကိုရီးယားရိုးရာ ကင်မ်ချီပွဲတော် (ရုပ်သံ)




တောင်ကိုရီးယား နိုင်ငံ၊ ဆိုလ်း မြို့တော်မှာ နိုဝင်ဘာ ၆ ရက်နေ့က ကိုရီးယား ကင်မ်ချီ ပွဲတော်ကို လူ ၂ ထောင်လောက် တက်ရောက် အားပေးခဲ့ ကြပါတယ်။ ဒီ ကိုရီးယား ရိုးရာ ကင်မ်ချီ ဂေါ်ဖီထုပ် ချဉ်ဟာ ၂၀၁၃ ခုနှစ်မှာ ကုလသမဂ္ဂ အထိန်း အသိမ်းခံ ရိုးရာ အမွေအနှစ် စာရင်း သွင်းခံခဲ့ ရပါတယ်။

အခုပွဲတော်ဟာ ၂၀၁၃ ခုနှစ်က ကုလသမဂ္ဂ အမွေအနှစ် စာရင်း အသွင်းခံ ရတာကို ဂုဏ်ပြုတဲ့ အနေနဲ့ ကျင်းပတာလို့ ပွဲတော် စီစဉ်ကျင်းပသူ တဦးက ပြောဆိုပါတယ်။ နိုင်ငံခြားသူ ၁၀၀၀ လောက် ပါဝင်ပြီး ပါဝင်တက်ရောက်သူ အားလုံး ၂ ထောင်လောက် ရှိတယ်လို့လည်း ပြောဆိုပါတယ်။

အသက် ၂၁ နှစ်အ ရွယ် ဒိန်းမတ်နိုင်ငံသူတဦးက ဒီ ကိုရီးယားရိုးရာ ကင်မ်ချီပွဲတော်ဟာ ကြီးကျယ်ခမ်းနားပြီး ပျော်စရာကောင်းတယ်။ သူ ပါဝင်ခွင့်ရတာ ၀မ်းသာတယ်လို့ ပြောဆိုခဲ့ပါတယ်။

အသက် ၁၈ နှစ်အရွယ် ကိုရီးယားသူတဦးကလည်း သူတို့လုပ်တဲ့ ကင်မ်ချီတွေကို မိသားစုတွေကို လိုက်လံဝေငှတာ ပျော်စရာကောင်းတယ်။ နောက်နှစ်တွေ လည်း ကျင်းပခွင့်ရရင် ပါဝင်မယ်လို့ပြောဆိုပါတယ်။

နိုဝင်ဘာ ၆ ရက်နေ့က ပွဲတော်က ထွက်တဲ့ ကင်ချီအားလုံး ၂၅ တန်ကျော် ရရှိတယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ တနှစ်ကို ကင်မ်ချီတန်ချိန် ၁ သန်းခွဲလောက် ထုတ်လုပ် စားသုံး တယ်လို့ ကမ္ဘာ့ ကင်မ်ချီ အဖွဲ့ချုပ်က ပြောဆို ပါတယ်။


by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/120626

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Thursday, October 29, 2015

Halloween’s Day ဆိုတာ




လူငယ်တွေ အနေနဲ့ အောက်တိုဘာလ ၃၁ ရက်ညမှာ ကျရောက် လာမယ့် Halloween’ s day အတွက် ကြိုတင်ပြင်ဆင် မှုတွေ ရှိနေလောက်ပါပြီ။ အဲဒီနေ့မှာ လူငယ်ယောက်ျားလေး၊ မိန်းကလေးတွေဟာ သရဲတွေလို ပြင်ဆင်ပြီး Halloween’s night party တွေ လုပ်ကြ ပါတယ်။ ဟိုအရင် ကတော့ သိပ်ပြီးခေတ်စားတဲ့ ပွဲတပွဲ မဟုတ် ခဲ့ပေမယ့် နောက်ပိုင်း မှာတော့ ပြောင်းလဲလာတဲ့ ခေတ်ရေစီးနဲ့ အညီ လူငယ်တွေ စိတ်ဝင်စားတဲ့ ပွဲတခု ဖြစ်လာ ခဲ့ပါတယ်။

Halloween ဆိုတဲ့စကားဟာ Hallowed evening ဆိုတဲ့ စကားရဲ့ အတိုကောက်ဖြစ်ပါတယ်။ အဲဒီစကားလုံးကို 1556 ခုနှစ် London ရဲ့ Nichols’ ပြည်နယ်မှာ စတင် အသုံးပြု ခဲ့ပါတယ်။

Celtic ပြက္ခဒိန်ရဲ့ နှစ်ဟောင်းကုန်၊ နှစ်သစ် ကူးချိန်ဖြစ်ပြီး နိုဝင်ဘာလ ၁ ရက်နေ့ဟာ နှစ်သစ်ကူးနေ့ ဖြစ်ပါတယ်။ နှစ်ဟောင်း တနှစ်ရဲ့ နောက်ဆုံးည ဟာ စုန်း၊ ကဝေညလို့ ယူဆကြ သလို၊ သူတော်စင်တွေရဲ့ အကြိုည လို့လည်း ဆိုပါတယ်။ ဒါ့အပြင် သူတော်ကောင်း တရားနဲ့ မကောင်းမှုများ အားပြိုင် ကြတဲ့နေ့ လို့လည်း ဆိုပါတယ်။

ဒီနေရာမှာ Halloween နဲ့ ပတ်သက်တဲ့ ဖရုံသီး အကြောင်းလည်း ပြောဖို့ လိုပါလိမ့်မယ်။ Jack ရဲ့ မီးအိမ်ဆိုတဲ့ အယူအဆဟာ အိုင်ယာလန် ပြည်နယ်ကနေ အမေရိကားကို ယူဆောင် လာခဲ့ခြင်း jဖစ်ပါတယ်။

ဒါပေမယ့် အမှန်စင်စစ် အဲဒီ မီးအိမ်ဟာ ဖရုံသီး တလုံး မဟုတ်ပါဘူး။ ကပ်စေးနည်း လွန်းတဲ့ Jack ဆိုတဲ့ လူတယောက်ဟာ သူသေရင် သူ့ရဲ့စိတ်ဝိညာဉ်ကို မယူရဘူးလို့ နတ်ဆိုး တကောင်နဲ့ ကတိပြု ထားခဲ့ပါတယ်။ သူသေသွားတဲ့ တနေ့မှာတော့ စိန့်ပီတာက သူဟာ လူ့ဘဝတုန်းက ကပ်စေးနည်း ခဲ့တဲ့ အတွက် သူ့ကို နိဗ္ဗာန်ဘုံ တံခါးဝကို ဝင်ခွင့် မပေးဘဲ ငရဲကို သွားခိုင်းပါတယ်။

သူငရဲပြည် တံခါးဝကို ရောက်သွား ချိန်မှာတော့ သူနဲ့ ကတိပြု ခဲ့ဖူးတဲ့ နတ်ဆိုးက သူ့ကို ကယ်တင် ထားပြီး နိဗ္ဗာန်နဲ့ ငရဲကြားက အမှောင်နေရာ တခုမှာ သူ့ကို ထားခဲ့ ပါတယ်။ ဒါပေမယ့် သူက အမှောင်ထဲက ထွက်နိုင်မယ့် နည်းလမ်းကို နတ်ဆိုးကို မေးတဲ့ အတွက် နတ်ဆိုးက ငရဲမီး တခဲ ပေးလိုက် ပါတယ်။ Jack ဟာ အဲဒီ မီးခဲကို သူ့အကြိုက်ဆုံး တွေထဲက တခုဖြစ်တဲ့ အခေါင်းပါ မုန်လာဥဖြူ တဥ ထဲမှာ ထည့်ပြီး သူသွားလေရာ ယူသွား တတ်ပါတယ်။ အဲဒါ ကတော့ Jack O’ lantern ဆိုတဲ့ ဂျက်ရဲ့မီးအိမ်ပါပဲ။

သူတော်စင် အကြိုည များမှာ မုန်လာဥဖြူ၊ ဘူးသီး၊ အာလူး၊ သကြားမုန်လာ စတာတွေရဲ့ အထဲမှာ အလင်းရောင်ကို ထည့်သွင်းပြီး သရဲတစ္ဆေ မကောင်း ဆိုးဝါး များကို ထွက်သွားစေဖို့ Jack က လုပ်ပေး ရပါတယ်။ အဲဒါက ဂျက်ရဲ့ မီးအိမ် အစစ်ပါပဲ။

နောက်ပိုင်းမှာတော့ အမေရိကားကို ပြောင်းရွှေ့နေထိုင်လာကြတဲ့ Irish လူမျိုးများက ဖရုံသီးဟာ တခြား အသီးတွေထက် ထွင်းထုဖို့ ပိုပြီး လွယ်ကူ တာကို ရှာဖွေတွေ့ရှိ သွားကြပါတယ်။ အဲဒီနောက်မှာတော့ ဖရုံသီးကိုပဲ ဂျက်ရဲ့ မီးအိမ် Jack O’ lantern အဖြစ် အသုံးပြု လာကြ ပါတယ်။

ဒီညမှာ လူငယ်တွေဟာ သူ့ထက်ငါ ထူးခြားတဲ့ အပြင် အဆင်တွေနဲ့ ပါဝင်ဆင်နွှဲတတ် ကြပါတယ်။ မိတ်ကပ်၊ အဝတ်အစား စတာတွေနဲ့ ပုံစံ အမျိုးမျိုး ပြင်ဆင်ပြီး Halloween party ကို ကျင်းပ ကြပါတယ်။

ဒီပွဲဟာ လူငယ်အများစု စိတ်ဝင် တစားနဲ့ ပါဝင်ကြတဲ့ ပွဲ တပွဲဖြစ် တာမို့ လူငယ်တော်တော် များများဟာ ပါတီ လုပ်ဖို့၊ မိတ်ကပ်ပြင်ဆင်ဖို့၊ အဝတ်အစား ဒီဇိုင်း ထွင်ဖို့ စတာတွေနဲ့ စိတ်လှုပ်ရှား ကြတဲ့ ပွဲတပွဲ အဖြစ် ဖော်ပြပေး လိုက်ပါတယ်။

ထက်ဦးဝေ

The Irrawaddy's Blog by thae thae

Original link - http://blog.irrawaddy.org/2015/10/halloweens-day.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Friday, October 16, 2015

အင်းလေး ဖောင်တော်ဦး ဘုရားပွဲ (ဓာတ်ပုံ)




ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေး ဒေသရှိ နှစ်စဉ် ကျင်းပမြဲ ဖြစ်တဲ့ ဖောင်တော်ဦး ဘုရားပွဲ ကျင်းပနေ ပါတယ်။
















DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/116869

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Related Posts

Related Posts Plugin for WordPress, Blogger...