အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, December 22, 2015

ခရစ်စမတ်ပွဲတော် ဆင်နွှဲသူ မူဆလင်တွေ ကို ထောင်ချမယ်




ဘရူနိုင်းဆူလ်တန် ဘုရင်ဟာ ခရစ်စမတ် ပွဲတော်ကို တရားမ၀င် ဆင်နွှဲသူ တိုင်းကို တွေ့ ရှိပါက ထောင်ဒဏ် ငါးနှစ် အထိ ကျခံဖို့ အမိန့် ချမှတ် လိုက်တယ်လို့ သိရ ပါတယ်။

ဘော်နီယို ကျွန်းက ရှေးရိုးစွဲ မူဆလင်နိုင်ငံ၊ ဘရူနိုင်းမှာ ခရစ်စမတ်ကတ် ပေးပို့ သူ ဒါမှမဟုတ် ဆန်တာ ဦးထုပ် ဆောင်းသူတွေပါ မကျန် တွေ့ ရှိပါက ဒီအပြစ်ဒဏ် သက်ရောက်မှာ ဖြစ်ကြောင်း ကြေငြာ ခဲ့ပါတယ်။

မူဆလင်ဘာသာဝင်မဟုတ်သူတွေအနေနဲ့ တော့ ခရစ်စမတ်ဆင်နွှဲခွင့်ရှိပြီး၊ ဒါပေမယ့် အာဏာပိုင်တွေကို ပထမဦးဆုံးအကြောင်းကြားရမှာဖြစ်ကာ၊ မိမိဘာသာဝင်အသိုင်းအ၀ိုင်းကြားမှာပဲ ကျင်းပရမှာဖြစ်ပါတယ်။

ဘရူနိုင်းနိုင်ငံ၊ ဘာသာရေးဝန်ကြီးဌာန က “ဒီဥပဒေသက်ရောက်မှုစီမံချက်ဟာ မူဆလင်ဘာသာဝင်တွေရဲ့ အယူဝါဒတွေကို ထိပါးနိုင်တဲ့ ခရစ်စမတ်ပွဲတော်ကို အလွန်အကျွံနဲ့  လူပုံအလယ်မှာပေါ်ပေါ်ထင်ထင် ကျင်းပခြင်းကို ထိန်းချုပ်ဖို့ အတွက် ဖြစ်ပါတယ်” လို့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ ခရစ်စမတ်ပွဲတော်အခမ်းအနားအတွင်း၊ လက်ဝါးကပ်တိုင်၊ ခရစ်စမတ်သစ်ပင်ပြုလုပ်ခြင်း၊ ခရစ်စမတ်သီချင်း ဆိုခြင်း၊ ခရစ်စမတ်မင်္ဂလာစကားပေးပို့ ခြင်း၊ စတဲ့ ခရစ်ယာန်ဘာသာကို ကြည်ညိုမှုသဘောသက်ရောက်တဲ့ အရာမှန်သမျှ လုပ်တဲ့ မူဆလင်တွေဟာ အစ္စလာမ်အယူဝါဒနဲ့ တလွဲဖီလာဖြစ်နေပါတယ်။

တစ်ချို့ ကတော့ ဒါဟာ ပေါ့ပြက်ပြက်ကိစ္စလို့ ထင်ကာ၊ ရေးကြီးခွင်ကျယ်မလုပ်သင့်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် မူဆလင်လူမျိုးတွေနဲ့ ဇိကရ်နိုင်ငံတစ်နိုင်ငံအနေနဲ့ တော့၊ ကျွန်တော်တို့ ဟာ တခြားဘာသာရေး အခမ်းအနားတွေဟာ အစ္စလာမ်ရဲ့အယူဝါဒကိုသက်ရောက်မှုရှိနိုင်တဲ့အတွက် ရှောင်ရှားသင့်ပါတယ်” လို့  ဗလီဘာသာရေးဆရာအဖွဲ့ တစ်ဖွဲ့ ကလည်း ယခုလအစောပိုင်းက ထုတ်ပြန်ထားခဲ့ပါတယ်။

ဒါပေမယ့် တစ်ချို့ ဘရူနိုင်းနိုင်ငံသားတွေကတော့ ဒီတားမြစ်ချက်ကို ဆန့် ကျင်ကာ၊ ဆိုရှယ်မီဒီယာမှာ #MyTreedom ဆိုတဲ့ hashtag နဲ့ ခရစ်စမတ်ပုံတွေ တင်နေကြတယ်လို့ သိရပါတယ်။

Ref : Telegraph

Originally published at - http://knowledge.thithtoolwin.com/2015/12/blog-post_68.html


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...