
အမျိုးသား တစ်ယောက်ဟာ ရဲတပ်ဖွဲ့ထံ ဖုန်းဆက် ပြီးတော့ သူ့ရဲ့ ချစ်သူ ကောင်မလေးက သူ နဲ့ ချစ်တင်း မနှောလိုတဲ့ အကြောင်းကို တိုင်ကြား လိုက်ပါတယ်။
Patrick Doggett ဆိုသူဟာ 911 ကို ဖုန်းဆက်ပြီး ရဲအရာရှိ တွေကို ပြောပြခဲ့ တာကတော့ သူ့ရဲ့ လက်တွဲဖော် ဇနီးသည်ဖြစ်တဲ့ Faye Woodruff ဟာ သူ့ကို ချစ်တင်းနှောခွင့် မပေးဘူးလို့ ပြောပြီး အိမ်ကို လာခဲ့ဖို့ ခေါ်လိုက်ပါတယ်။
တောင် ကယ်ရိုလိုင်းနား ပြည်နယ် ၊ Spartanburg ဆိုတဲ့မြို့က အသက် ၅၃ နှစ် အရွယ် Doggett ရဲ့ နေအိမ်ကို ရောက်လာခဲ့ ပါတော့တယ်။
အဲဒီအခါ မှာတော့ ဇနီးသည် ဖြစ်သူ Woodruff က ရဲတပ်ဖွဲ့ကို ပြောပြခဲ့ တာကတော့ Doggett ဟာ အချိန်တိုင်း အရက်ပဲ သောက်နေ ခဲ့ပြီး သူဘယ်ရောက်လို့ ရောက်နေမှန်း လည်း မသိဘူးလို့ အရင်ဆုံး တိုင်ကြား လိုက်ပါတယ်။ Doggett ဟာ အိပ်ယာပေါ် တက်ပြီး ချစ်တင်းနှော ချင်နေပေမယ့် Woodruff က ငြင်းဆို ခဲ့တာဟာ သူတို့ရဲ့ မြေးလေး ရှိနေလို့ပါလို့ Woodruff က ရဲတွေကို ပြောကြား ခဲ့ပါတယ်။
ရဲ အရာရှိတွေ ဆက်လက် ရှာဖွေကြည့် လိုက်တဲ့ အခါမှာတော့ သူ့ရဲ့ နေအိမ်မှာ ဆေးခြောက် သောက်တဲ့ ကိရိယာ တစ်မျိုး ကိုလည်း တွေ့ခဲ့ရပြီး Doggett ဟာ အိမ်အပြင်မှာ လည်း အရက်သောက်ပြီး သူ့ကို မူးယစ် ရမ်းကားမှု နဲ့ ဖမ်းခဲ့ ပါတယ်။ သူဟာ Spartanburg မြို့နယ် ထောင်ထဲမှာ အထိန်းသိမ်း ခံထား ရတယ်လို့လည်း သိရပါတယ်။
သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
Original link - http://knowledge.thithtoolwin.com/2015/10/blog-post_9.html






No comments: