အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label အစွန်းရောက်သူများ. Show all posts
Showing posts with label အစွန်းရောက်သူများ. Show all posts

Friday, December 4, 2015

IS တစ်ဦး လောင်ချာ ပစ်ခတ်ဖို့ရင်း ဒုံးကျည် မထွက်ပဲ ကိုယ့်ကိုကိုယ် ပေါက်ကွဲသွား




ဘာသာရေး အစွန်းရောက် အကြမ်းဖက် အဖွဲ့ ဖြစ်တဲ့ ISIS အဖွဲ့ဝင် တစ်ယောက်လို့ ထင်မှတ် ရသူတစ်ဦးဟာ လောင်ချာ တစ်လက်ကို ထမ်းပြီး ရန်သူ ကို ပစ်ခတ်ဖို့ ကြိုးစားရင်း လောင်ချာရဲ့ ချို့ယွင်း မှုကြောင့် ကိုယ့်ကိုကိုယ် ပြန်လည် လောင်ကျွမ်း စေခဲ့တဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ် လာခဲ့ပါတယ်။

ISIS အဖွဲ့ဝင်တစ်ယောက်လို့ သတ်မှတ်လို့ရတဲ့ အမျိုးသားတစ်ဦးဟာ ထိုဗီဒီယိုထဲမှာတော့ ထိုင်လျက် အနေအထားနဲ့ လောင်ချာ ကို ပြင်ဆင်နေတာ တွေ့ရမှာပါ။

သူ့ရဲ့ ၀တ်စုံကတော့ အနက်ရောင်ဖြစ်ပြီး ကြီးမားတဲ့ လောင်ချာကို သူ့ရဲ့ ပခုံးပေါ်ထမ်းတင်ကာ မတ်တပ်ထလိုက်ပြီး အဆောက်အဦးနံရံ အပေါက်ကြီး က တစ်ဆင့် ရန်သူကို ပစ်ခတ်ဖို့ ချိန်ရွယ်နေပါတယ်။

ဒါပေမယ့်လည်း သူချိန်ရွယ် ပြီးစီးလို့ လောင်ချာကနေ ဒုံးကျည်ကို ပစ်လိုက်တဲ့အခါမှာတော့ လောင်ချာမှာ ချို့ယွင်းချက်ဖြစ်ပေါ်သွားပြီး ဒုံးကျည်ဟာ လောင်ချာထဲမှာပဲ ပေါက်ကွဲသွားကာ ထိုအမျိုးသား ကို လောင်ကျွမ်းပြောက်ကွယ်သွားစေခဲ့ပြီး ထို အခန်းတစ်ခန်းလုံးလည်း မီးခိုးငွေ့တွေနဲ့ သာ ဖုံးလွှမ်းသွားတာကို တွေ့ရပါတယ်။

ထို ဗီဒီယိုဟာ LiveLeak ဆိုတဲ့ ၀က်ဘ်ဆိုက် ကတဆင့် ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ပေါက်ကွဲမှု ဖြစ်အပြီးမှာပဲ ဗီဒီယို ရိုက်ကူးမှု ကို ရပ်နားလိုက်ပါတယ်။ ဒါပေမယ့်လည်း ဒီဗီဒီယို ဟာ ဘယ်နိုင်ငံမှာ ရိုက်ကူးထားတယ်ဆိုတာနဲ့ ဘယ်သူက ရိုက်ကူးထားတယ်ဆိုတာ ကိုတော့ ပြတ်ပြတ်သားသား သိရှိရခြင်း မရှိသေးပါဘူး။


Ref : Mirror

Original link - http://knowledge.thithtoolwin.com/2015/12/isis.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Friday, November 20, 2015

ဥရောပရဲ့ ပထမဆုံး အမျိုးသမီး အသေခံ ဗုံးခွဲသူဟာ ကိုရန်ကျမ်းစာ ကိုဘယ်တုန်းကမှ မဖတ်ခဲ့




အသက် ၂၆နှစ် ရှိပြီဖြစ်တဲ့ Hasna Ait Boulahcen ဟာ ဥရောပရဲ့ ပထမဆုံး အမျိုးသမီး အသေခံ ဗုံးခွဲသူ ဖြစ်လာပါတယ်။ သူဟာ ပါတီ ကြိုက်လွန်းသူ တစ်ဦးဖြစ်ပြီး ယောကျာ်းတွေ အများကြီးနဲ့ တွဲတယ် ဆိုပြီးတော့လည်း နာမည်ဆိုးနဲ့ ကျော်ကြား သူပါ။ ဘာသာရေးကို စိတ် မဝင်စားပုံ ပြခဲ့သူလည်း ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၉ရက်နေ့၊ စိန့်ဒန်းနစ်စ် မှာ အကြမ်းဖက်ခိုလှုံရာနေရာကို ဝင်စီးတုန်းက Hasna ဟာ သူ့ကိုသူ အပိုင်းပိုင်းဖြစ်အောင် ဗုံးဖောက်ခွဲခဲ့တာဖြစ်ပါတယ်။ သူဟာ အဲ့ဒီ့အိမ်မှာ သူ့အစ်ကိုဝမ်းကွဲဖြစ်သူနဲ့ အတူပုန်းအောင်းနေတာဖြစ်ပြီး သူ့အစ်ကိုဝမ်းကွဲဟာ ပါရီအကြမ်းဖက်တိုက်ခိုက်မှုရဲ့ ကြိုးကိုင်ခြယ်လှယ်သူ တစ်ဦးပါ။

Hasna သေပြီး နောက်တစ်နေ့မှာတော့ သူ့မိသားစုနဲ့ အသိအကျွမ်းတွေက ပုံမှန်မဟုတ်တဲ့သူ့အကြောင်းတွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူဟာ အစ္စလာမ်ကို မြတ်နိုးတာထက် အရက်နဲ့ဆေးလိပ်ကို ပိုမြတ်နိုးတယ်ဆိုပြီး နာမည်ဆိုးနဲ့ကျော်ကြားတဲ့ လူငယ်အမျိုးသမီးတစ်ဦးလို့ သိရပါတယ်။

ရေချိုးကန်ထဲမှာ selfie ရိုက်ထားတဲ့ ပုံတစ်ပုံထွက်ရှိလာခဲ့ပြီး သူ့ရဲ့မျက်နှာမှာ မိတ်ကပ်တွေလိမ်းခြယ်ထားပြီး လက်ဝတ်ရတနာတွေကလွဲလို့ ဘာမှမဝတ်ထားပါဘူး။

သူဟာ ဘာသာရေးမှာလုံးဝ စိတ်မဝင်စားခဲ့ကြောင်း၊ ကိုရန်ကျမ်းစာကိုလည်း ဘယ်တုန်းကမှ မဖတ်ခဲ့ကြောင်း၊ မူဆလင်အမျိုးသမီးဝတ်စုံကိုလည်း လွန်ခဲ့တဲ့ တစ်လကမှ စပြီး ဝတ်ဆင်ခဲ့တာ ဖြစ်ကြောင်းတွေကို သူ့ရဲ့အစ်ကို Youssouf Ait Boulahcen ကပြောပြခဲ့ပါတယ်။

Ref: Dailymail

Original link - http://knowledge.thithtoolwin.com/2015/11/blog-post_51.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Related Posts

Related Posts Plugin for WordPress, Blogger...