အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label စိတ္တဇဝေဒနာရှင်များ. Show all posts
Showing posts with label စိတ္တဇဝေဒနာရှင်များ. Show all posts

Tuesday, February 7, 2017

၆ နှစ်သမီးလေးနဲ့ အိမ်မွေး ခွေးနှစ်ကောင်ကို သတ်ပြီး ကိုယ့်ကိုယ်ကို အဆုံး စီရင်ခဲ့တဲ့ ဖခင်


စိတ်ကျ ရောဂါကို ခံစားနေ ရတဲ့ အသက် 44 နှစ် အရွယ် Darren Flux-Edmonds လို့ အမည်ရတဲ့ အိမ်ထောင်သည် အမျိုးသားဟာ သူ့ ဇနီးဟောင်း ဆီကို ထူးဆန်းတဲ့ မက်ဆေ့ တစ်စောင် ပို့ပြီး ခြောက်နှစ် အရွယ် သမီးလေးနဲ့၊ အိမ်မွေး ခွေးနှစ်ကောင်ကို ရေထဲမှာ နှစ်ကာ သတ်ပစ် ခဲ့ပါတယ်။ ပြီးတော့ သူကိုယ်တိုင်လည်း ကြိုးဆွဲချ သေဆုံး ခဲ့ပါတယ်။ Darren က ဇနီးဟောင်းဖြစ်တဲ့ Nikki ဆီကို “မင်းက ငါ့အတွက် ဘာမှ မချန်ပဲနဲ့ ဝေးရာကို ထွက်သွားတယ် … ဒီတော့ ငါကလည်း မင်းကို အမှတ်တရ တွေပဲ ပေးထား ခဲ့ရတော့မှာပေါ့ “ဆိုပြီး စာပို့ ခဲ့ပါတယ်။ အဲဒီနောက် သမီးငယ်လေး Keziah Flux-Edmonds ကို Isle of Wight (အင်္ဂလန်နိုင်ငံ ပင်လယ်ပြင်ရှိ ကျွန်း/ကျွန်းမြို့တော်)မှာတည်ရှိတဲ့ နေအိမ်မှာပင် လည်ပင်းညှစ် သတ်ခဲ့ပါတယ်။ အဲဒီနောက် ခွေးနှစ်ကောင် ကိုလည်း သတ်ပစ် ခဲ့ပါတယ်။ ဇနီးသည်ဟာ အလုပ်ခွင်ကို ရောက် aနခဲ့ပြီး မက်ဆေ့ ရရချင်း ရဲတွေကို အကြောင်း ကြားကာ အိမ်ကို အမြန် လိုက်သွား ခဲ့ပေမယ့် ကလေးနဲ့ ခွေးတွေရဲ့ အသက်ကို မကယ်လိုက်နိုင် ခဲ့ပါဘူး။ ခွေးနှစ်ကောင်ဟာ ရေထဲမှာ နှစ်ပြီး အသတ်ခံ ထားရ သလို၊ သမီးငယ်လေး ကိုလည်း ရေထဲမှာ နှစ်သတ် ခံရ ပုံပါဘဲ။ ဒါပေမယ့် အသက်မျော့မျော့ ကျန်နေဆဲ ဖြစ်ပါတယ်။ သမီးလေးနဲ့ ခွေးနှစ်ကောင်ရဲ့ အလောင်းကို အိမ်ယာပေါ်မှာ ဖက်လျှက် အနေ အထားနဲ့ Darren က ပြင်ဆင် aပးခဲ့ပြီး၊ ၎င်း ကိုယ်တိုင် ကတော့ အိမ်ထုတ်တန်း ကနေ ကြိုးဆွဲချ သတ်သေ ခဲ့ပါတယ်။ Darren ကို စိတ်ပိုင်းဆိုင်ရာ ကုသပေးနေတဲ့ ဒေါက်တာက ပြစ်မှု ကျူးလွန် သူဟာ ဇနီးနဲ့ သမီးကို သတ်ပစ် မိတယ်လို့ အိပ်မက် မက်ကြောင်း ခဏခဏ ဖွင့်ဟခဲ့ တယ်လို့ တရားရုံးမှာ အစစ်ခံ ခဲ့ပါတယ်။ သမီးလေးကို ဆေးရုံကို အမြန် တင်ပို့ ခဲ့ပေမယ့် အခင်းဖြစ်တဲ့ 2016 ခုနှစ် ဇွန်လ 1 ရက်နေ့ ညနေ ပိုင်းလောက် မှာပင် သေဆုံး သွားခဲ့ ပါတယ်။ Nikki က ယခု ကိစ္စနဲ့ ပတ်သက်ပြီး ” တကယ်တော့ သမီးလေးက ကျွန်မရဲ့ ကမ္ဘာပါဘဲ … အခုတော့ ပျက်သုန်း သွားပါပြီ … သူဟာ တကယ်တော့ ကျွန်မကိုသာ ရက်ရက် စက်စက် လက်စားချေ လိုသူပါ … ဒါပေမယ့် အပြစ်မဲ့ ကလေးတွေကို ရန်မူသွားခဲ့တာ … “လို့ ပြော ခဲ့ပါတယ်။ From : SHWEMOM by မဒီလေး Originally published at - http://www.shwemom.com
Read More »

Saturday, April 9, 2016

ချစ်ခင်ရသူ ရုတ်တရက် ခွဲခွာသွားတဲ့ အခါ အသည်းကွဲမှု အမှန်တကယ် ဖြစ်နိုင်




အနီးဆုံးသူ၊ အချစ်ခင်ဆုံး သူတစ်ယောက် သေဆုံး သွားတဲ့ အခါ ၊ ဒါမှ မဟုတ် ရုတ်တရက်ကြီး ခွဲခွာသွားတဲ့ အခါ ရင်ကွဲနာ ကျသွားတယ် ၊အသည်းကွဲ သွားရတယ် ဆိုတာ တကယ် ပါတဲ့။

ချစ်သူ၊ အိမ်ထောင်ဖက် ဖြစ်သူ ဆုံးပါး သွားတဲ့ အခါ လူသားတွေရဲ့ နှလုံး ခုန်နှုန်းဟာ ပုံမှန် မဟုတ် တာတွေ ဖြစ်လာ ပါတယ်။ အထူးသဖြင့် အသက် ငယ်ရွယ်သူတွေ သို့မဟုတ် ချစ်ခင် ရသူက မမျှော်မှန်း ထားပဲ ဆုံးပါးသွားတဲ့ အခါမျိုးတွေမှာ ဖြစ်တတ် တယ်လို့ လေ့လာချက် အသစ်အရ သိရှိရပါတယ်။

“ လူနာတော်တော် များများဟာ သွေးလွှတ်ကြော ဆိုင်ရာ ပြသနာတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ ဖိအားတွေ ဖြစ်တဲ့ အချိန်မှာ ပိုမို ဆိုးရွား လာကြ ပါတယ်။

ဒီလိုကိစ္စတွေကို ကျွန်တော်လူနာတွေဆီကနေ မကြာခဏဆိုသလို ကြားနေရတာကတော့ တကယ်ပါ ” လို့ Boston ရှိNew England Cardiac Arrhythmia Center မှ ဒါရိုက်တာ ဒေါက်တာ Mark Estes က နှလုံးခုန်နှုန်းပြဿနာတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ ဆက်စပ်မှုရှိကြောင်း လေ့လာချက်တွေအပေါ် ဆွေးနွေးပြောဆိုထားပါတယ်။

အသက် ၆၀ အောက် ငယ်ရွယ်တဲ့ လူတွေဟာ ချစ်သူ ခင်သူတွေ ဆုံးရှုံးတဲ့ အခါ နှလုံးရောဂါ ဖြစ်ပွားမှုနှုန်း ၂ ဆခန့်် ပိုမြင့်မား လာကြောင်း လေ့လာချက် အသစ်မှာ ဖော်ပြ ထားတာ ဖြစ်ပါတယ်။

Ref : UPI

Originally published at - http://health.thithtoolwin.com/2016/04/blog-post_9.html


Read More »

Thursday, March 3, 2016

စိတ်ဓာတ်ကျတဲ့အခါ တွေးသင့်တဲ့ အတွေး (၅) ခု




အဆင်မပြေတဲ့ အခိုက်အတန့်ဆိုတာ အားလုံးမှာ ရှိဖူးကြမှာပါ။

အမြဲတမ်းတော့ အရာရာ အဆင်ပြေ နေတယ် ဆိုတာမျိုး မရှိတဲ့ အတွက် တစ်ခါ တစ်ရံမှာ ငါကံဆိုး လေခြင်း ဆိုတဲ့ စိတ်မျိုး ဝင်တတ် ကြပါတယ်။ ဘယ်ဘဝ၊ ဘယ်လို အခြေအနေ မျိုးကို ပိုင်ဆိုင် ထားသည်ဖြစ်စေ အနည်းဆုံး တစ်ခါတော့ အရာရာ အဆင် မပြေဖြစ်ပြီး စိတ်ဓာတ် ကျဆင်း တတ်ကြ ပါတယ်။

စိတ်ပျက် စရာတွေ များပြီး စိတ်ညစ်ရတဲ့ အခါ ဒီအချက် (၅) ချက်ကို သတိရ သင့်ပါတယ်။

၁။ ငါ့ကိုငါ ထိန်းချုပ်နိုင်တယ် ဆိုတာတွေးပါ

ပြောရလွယ်သလောက် လုပ်ဖို့တော့ ခက်ပါတယ်။ ဒါပေမဲ့ အရေးကြီးဆုံး အချက်လည်း ဖြစ်ပါတယ်။ အသိစိတ်နဲ့ ထိန်းချုပ်မှု ရှိဖို့အရေး အကြီးဆုံးပါ။

၂။ ဒါဟာ ယာယီပဲ ဆိုတာတွေးပါ

ဥပမာ - လွန်ခဲ့တဲ့ တစ်နှစ်လောက်က ရင်ဆိုင်ခဲ့ရတဲ့ အခက် အခဲတစ်ခု၊ ပြဿနာ တစ်ခုကို ပြန်တွေး ကြည့်ပါ။ အခုချိန်မှာ ရယ်စရာ ဖြစ်နေ ပါလိမ့်မယ်။ အခုလဲ ဒီလိုပါပဲ။ ဒါဟာ ယာယီပဲ ဆိုတာ တွေးပါ။

၃။ နည်းပညာကို အသုံးပြုပါ

နည်းပညာကို ဘယ်နေရာ ဖြစ်ဖြစ် အသုံးချလို့ ရပါတယ်။ အင်တာနက်ကို သုံးပါ။ စိတ်ညစ် စရာတွေကို ဘယ်လို ဖြေဖျောက်မလဲ၊ ပြဿနာတွေကို ဘယ်လို ရင်ဆိုင်မလဲ ရှာဖွေကြည့်ပါ။ ဒါမှ မဟုတ်လည်း ပျော်စရာတွေ ရှာကြည့်ပါ။



၎။ နာကျင်မှုဟာ ရင့်ကျက်စေတယ်

နာကျင်ခံစားရမှုဟာ သင့်ကို ပိုပြီးရင့်ကျက်စေ ပါတယ်။ ဒါကြောင့် ဒီပြဿနာ တွေဟာ သင့်ကိုပိုပြီး ရင့်ကျက် လာစေ လိမ့်မယ်ဆိုတာ တွေးကြည့်ပါ။

၅။ ကိုယ့်ရဲ့ အရည်အချင်းကို ပြရမယ့် အချိန်

ကိုယ့်မှာ ခွန်အား ဘယ်လောက် ရှိကြောင်း ပြရမယ့် အချိန်လို့ တွေးလိုက်ပါ။ ဘယ်အချိန် ဖြစ်ဖြစ် ငါဟာ ကြံ့ခိုင်သူ တစ်ယောက် ဆိုတာ တွေးလိုက်ပါ။

Source : JK

Originally published at - http://www.duwun.com.mm/lifestyle/


Read More »

Saturday, December 19, 2015

ကြက်တူရွေး ဆံပင်ပုံစံကြောင့် မိသားတစု လုံးကို ဖခင်ဖြစ်သူ သတ်ဖြတ်




ရုရှားနိုင်ငံက နေအိမ် တခုမှာ ၆ နှစ် အရွယ် သားဖြစ် သူကို ကြက်တူရွေး ပုံစံ ဆံပင် ညှက်ပေးတာ မကြိက်တဲ့ ခင်ပွန်းဖြစ်သူက သူ့ရဲ့ မိသားစုဝင် ၈ ဦး စလုံးကို သတ်လိုက် ပါတယ်။

အိုလက်ဘီလော့လို့ ခေါ်တဲ့ ဖခင်ဖြစ်သူဟာ သားသမီး ၆ ဦး၊ အသက် ၃၂ နှစ် အရွယ် ကိုယ်ဝန်ဆောင် ထားတဲ့ သူ့အမျိုးသမီးနဲ့ မိခင်တို့ကို သတ်ခဲ့ တာလို့ ဒီဇင်ဘာ ၁၈ ရက်နေ့ အင်္ဂလန် အခြေစိုက် mirror သတင်းမှာ ဖော်ပြ ထားပါတယ်။

ရဲတွေကလည်း အခင်းဖြစ်ပွားတဲ့ နေရာကို သွားရောက် ခဲ့ပြီး သေဆုံးနေတဲ့ ကလေး တွေဟာ အသက် ၁ နှစ်ကနေ ၇ နှစ် အရွယ်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။



မိသားစုဝင် အားလုံးကို ၁၀ မိနစ် အတွင်းမှာပဲ သတ်လိုက်တာ ဖြစ်ကြောင်း၊ ဘာလို့လဲ ဆိုတော့ မိန်းမက အသက် ၆ နှစ် အရွယ်လောက် ရှိတဲ့ သူ့ရဲ့ ကလေးကို ကြက်တူရွေး ပုံစံ ဆံပင် ညှပ်ပေး လိုက်လို့ အခုလို သတ်ဖြတ်တာ ဖြစ်ကြောင်း ဘီလော့က တရားရုံးမှာ ထွက်ဆို ထားပါတယ်။

ဒီသတင်းကို ကြားသိတဲ့ ရုရှား နိုင်ငံသားတွေ ကလည်း ထိတ်လန့် နေကြောင်း သတင်းက ဆိုပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး သူ့ကိုလည်း တရားရုံးက အမိန့်ချဖို့ စီစဉ်နေပြီး ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် တသက် တကျွန်း ကျနိုင်ကြောင်း သိရပါတယ်။

by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/127562


Read More »

Related Posts

Related Posts Plugin for WordPress, Blogger...