အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label အချစ်ကြီးသူများ. Show all posts
Showing posts with label အချစ်ကြီးသူများ. Show all posts

Wednesday, November 11, 2015

ရည်းစားလုဘက်ကို ပစ်သတ်၊ ခေါင်းဖြတ်ပြီး မီးရှို့ခဲ့သူ တစ်ဦး




အမျိုးသား တစ်ဦးဟာ သူ့ရဲ့ ရည်းစားတွေ ထဲက တစ်ယောက်နဲ့ ချိန်းတွေ့နေတဲ့ ရည်းစား လုဘက်ကို သေနတ်နဲ့ ပစ်သတ်၊ ခေါင်းဖြတ်ပြီး မီးရှို့ခဲ့မှုနဲ့ တရား ရင်ဆိုင်နေ ရပါတယ်။

Richard Darling အမည်ရှိ အဲ့ဒီ့ အမျိုးသားဟာ သူသတ်လိုက်တဲ့သူနဲ့ သူ့ရည်းစား လိင်ဆက်ဆံနေတာကို ရုတ်တရက်မိသွားခဲ့တာပါ။ ဟောလိုးဝင်းည ၁၀နာရီခွဲ ကျော်ကျော်ခန့်က ၅၅ဂါလန်ဆန့် စည်ပိုင်းထဲမှာ လူအကြွင်းအကျန်တွေ မီးလောင်နေတာကို ရဲတွေက ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ WCAX သတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။

အလောင်းဟာ Rey Pesina အမည်ရှိသူလို့ ယုံကြည်ရပါတယ်။ Richard Darling က Rey Pesina ကို .22 ရိုင်ဖယ်နဲ့ ပစ်သတ်ခဲ့ပြီး ခေါင်းဖြတ်ကာ ခန္ဓာကိုယ် အကြွင်းအကျန်တွေကို စည်ပိုင်းထဲထည့် မီးရှို့ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ထွက်ဆိုထားပါတယ်။

သူ့ကို လောလောဆယ် Arapahoe စီရင်စု Colorado အကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

Ref: Mirror

Original link - http://knowledge.thithtoolwin.com/2015/11/blog-post_11.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Friday, November 6, 2015

ဇနီးသည် ဖောက်ပြန်တာကို မိသွားပြီး ဓားနဲ့ ၅၁ ချက် ထိုးခဲ့တဲ့ ယောကျာ်း




အလွန်အမင်း ဒေါသ ထွက်နေတဲ့ ယောကျာ်း တစ်ယောက်ဟာ သူ့ဇနီးသည် ဖောက်ပြန်နေ တာကို သိရှိ ပြီးတဲ့ နောက် မီးဖိုချောင်သုံး ဓားနဲ့ ၅၁ ချက် ထိုးခဲ့တယ်လို့ တရားရုံးမှာ ကြားနာ ရပါတယ်။

အသက် ၅၁နှစ် ရှိပြီဖြစ်တဲ့ Andrew Munro ဟာ အသက် ၄၇နှစ် ရှိပြီဖြစ်တဲ့ Clare Munro နဲ့ ကလေး ၃ယောက် ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလ ၂ရက်နေ့က၊ ဝါရင်တွန် အနီးရှိ သူတို့အိမ်မှာ ဓားနဲ့ ရက်ရက် စက်စက် ထိုးသတ် ခဲ့တာပါ။

“Andy, ကျေးဇူးပြု၍ ငါ့ကို မသတ်ပါနဲ့၊ 999 ကိုဖုန်းဆက်ပြီး အကူအညီတောင်းဖို့ လိုတယ်။ ငါ့ကို ဖုန်းဆက်ခွင့်ပေးပါနော်။” ဆိုပြီး မစ္စစ် Munro က သေလုမျောပါးဖြစ်နေတဲ့ အချိန်မှာ သူ့ယောကျာ်းကို ပြောခဲ့ပါတယ်။

IT သမားဖြစ်တဲ့ Andrew Munro ဟာ သဘောတူကာ လှည့်ထွက် သွားခဲ့ပေမဲ့ နောက်တကြိမ် ဓားနဲ့ ထပ်ထိုး ခဲ့ပါတယ်။

Andrew Muro ဟာ သူ့ဇနီးဖောက်ပြန်နေတာကို CCTV ကင်မရာကတဆင့် သိရှိ ခဲ့တာပါ။

“ငါတကယ် စိတ်မကောင်းပါဘူး Clare, ဒါပေမဲ့ မင်း ငါ့ကိုဘာလု ပ်ခဲ့တယ်ဆိုတာ မင်းသိတယ်နော်။ မင်းလုပ်ခဲ့တာကို ငါ မယုံကြည်နိုင်ဘူး။ ငါ မင်းကို တကယ် အရမ်း ချစ်ခဲ့တာကွ။” လို့ Andrew Muro ကပြန်ပြော ခဲ့ပါတယ်။

Ref: Mirror

Original link - http://knowledge.thithtoolwin.com/2015/11/blog-post_6.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Related Posts

Related Posts Plugin for WordPress, Blogger...