အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, November 11, 2015

ရည်းစားလုဘက်ကို ပစ်သတ်၊ ခေါင်းဖြတ်ပြီး မီးရှို့ခဲ့သူ တစ်ဦး




အမျိုးသား တစ်ဦးဟာ သူ့ရဲ့ ရည်းစားတွေ ထဲက တစ်ယောက်နဲ့ ချိန်းတွေ့နေတဲ့ ရည်းစား လုဘက်ကို သေနတ်နဲ့ ပစ်သတ်၊ ခေါင်းဖြတ်ပြီး မီးရှို့ခဲ့မှုနဲ့ တရား ရင်ဆိုင်နေ ရပါတယ်။

Richard Darling အမည်ရှိ အဲ့ဒီ့ အမျိုးသားဟာ သူသတ်လိုက်တဲ့သူနဲ့ သူ့ရည်းစား လိင်ဆက်ဆံနေတာကို ရုတ်တရက်မိသွားခဲ့တာပါ။ ဟောလိုးဝင်းည ၁၀နာရီခွဲ ကျော်ကျော်ခန့်က ၅၅ဂါလန်ဆန့် စည်ပိုင်းထဲမှာ လူအကြွင်းအကျန်တွေ မီးလောင်နေတာကို ရဲတွေက ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ WCAX သတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။

အလောင်းဟာ Rey Pesina အမည်ရှိသူလို့ ယုံကြည်ရပါတယ်။ Richard Darling က Rey Pesina ကို .22 ရိုင်ဖယ်နဲ့ ပစ်သတ်ခဲ့ပြီး ခေါင်းဖြတ်ကာ ခန္ဓာကိုယ် အကြွင်းအကျန်တွေကို စည်ပိုင်းထဲထည့် မီးရှို့ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ထွက်ဆိုထားပါတယ်။

သူ့ကို လောလောဆယ် Arapahoe စီရင်စု Colorado အကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

Ref: Mirror

Original link - http://knowledge.thithtoolwin.com/2015/11/blog-post_11.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...