အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, December 8, 2015

အာကာသထဲမှာ ပထမဆုံး မာရသွန်ပြေးသူ ဖြစ်လာတော့မယ့် ဗြိတိန် နိုင်ငံသား




အပြည်ပြည် ဆိုင်ရာ အာကာသ စခန်း (ISS) မှာ ရောက်ရှိ နေတဲ့ ဗြိတိန် နိုင်ငံသား အာကာသ ပညာရှင် တစ်ဦးဟာ အာကာသ ထဲမှာ ပထမဆုံး မာရသွန် ပြေးသူ ဖြစ်လာ တော့မှာဖြစ်ပြီး သမိုင်းတွင် တော့မှာပါ။

Tim Peak လို့နာမည်ရတဲ့ အာကာသ ပညာရှင် တစ်ဦးဟာ အပြည်ပြည် ဆိုင်ရာ အာကာသ စခန်းကနေ ကမ္ဘာ့ အကျော်ကြားဆုံး မာရာသွန်ပြိုင်ပွဲ တစ်ခုဖြစ်တဲ့ Digital Virgin Money London ဆိုတဲ့ မာရသွန်ပြိုင်ပွဲမှာ ၂၆.၂ မိုင်ခရီးကို အပြေး လေ့ကျင့် စက်ပေါ် ကနေ ၀င်ရောက် ပြေးမှာ ဖြစ်ပါတယ်။

ဥရောပ အာကာသ အေဂျင်စီ မှာရှိတဲ့ အာကာသဆေးပညာ ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာ Jonathan Scott ရဲ့ ပြောကြားချက်အရတော့ အပြေးလေ့ကျင့်စက် ပေါ်မှာပြေးခြင်းဟာ အာကာသ ပေါ်မှာ အသက်ရှင်နေထိုင်နိုင်ဖို့အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု နဲ့ လုပ်ငန်းစဉ်တစ်ရပ် ဖြစ်တယ်လို့ ဆိုပါတယ်။

သာမန် အပြေးလေ့ကျင့်တာမျိုးကတော့ အာကာသ စခန်းမှာ လုပ်နေကြ အရာတစ်ခုဖြစ်နေပေမယ့် မာရသွန် ပြိုင်ပွဲတစ်ခုလို အကွာအဝေး နဲ့ အားစိုက်ရတဲ့အပိုင်းတွေ ကတော့ ခက်ခဲနိုင်ပါတယ်။ အခက်ဆုံးဖြစ်လာမှာက Tim အနေနဲ့ ပြေးဖို့အတွက် ၀တ်ဆုံ ၀တ်ထားဖို့ လိုအပ်နေပါလိမ့်မယ်။

"အကြီးမားဆုံးသော စိန်ခေါ်မှု တစ်ခုကတော့ ကြိုးချည်ပြီးပြေးတဲ့ စနစ် ကို ရင်ဆိုင်ရမှာပါ။ Microgravity ဆိုတဲ့ အဏုဇီဝ ဆွဲငင်အား အရတော့ ပြေးစက်မှာ ကြိုးမချည်ထားရင် ငါလေထဲမြောက်နေမှာပါ။ဒါကြောင့် ကြိုးချည်တဲ့ စနစ်ကို တပ်ဆင်ထားဖို့လိုအပ်နေပါတယ်" လို့ Tim Peak က BBC သတင်းဌာနကိုပြောပြခဲ့ပါတယ်။

ဒေါက်တာ Scott ရဲ့ ပြောကြားချက်အရတော့ ထို ကြိုးချည်စနစ်ဟာလည်း မိနစ် ၃၀ ခန့် ပြေးပြီးတဲ့အခါမှာ သက်တောင့်သက်သာ မရှိတာမျိုး ကြုံလာရနိုင်ပြီး မာရသွန်ပြိုင်ပွဲ တစ်ခုလုံးကိုတော့ ပြီးစီးဖို့ခက်ခဲလိမ့်မယ်လို့ဆိုပါတယ်။ ကြိုးချည်စနစ်ကို ရေရှည် လုပ်ဆောင်နိုင်မယ့် သော့ချက်ကတော့ ဟန်ချက် ပဲ ဖြစ်တယ်လို့လည်း ဒေါက်တာ Scott က ပြောခဲ့ပါသေးတယ်။

Tim Peak ဟာ ၁၉၉၉ ခုနှစ်ကလည်း ကမ္ဘာပေါ်မှာ မာရသွန်ပြိုင်ပွဲကို ၃ နာရီ ၁၈ မိနစ် နဲ့ ပြီးစီးခဲ့ဖူးသလို ၂၀၀၇ ခုနှစ်တုန်းကတော့ အမေရိကန် အာကာသပညာရှင် Sunita William ဟာ ဘော်စတွန် မာရသွန်ပြိုင်ပွဲကို ကမ္ဘာပတ်လမ်းထဲ ရောက်ရှိနေစဉ် ၀င်ရောက်ယှဉ်ပြိုင်ပြီး ၄ နာရီနဲ့ ၂၃ မိနစ် ကြာမြင့်တဲ့အခါမှာ မာရသွန်ပြိုင်ပွဲကို ပြီးစီးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

Ref : UPI

Original link - http://knowledge.thithtoolwin.com/2015/12/blog-post_8.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...