အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, October 26, 2015

ငါးမျှားချိတ်သုံးပြီး အမျိုးသမီး အတွင်းခံ ရာနဲ့ချီ ခိုးခဲ့တဲ့ ပင်တီနှာဘူး




ပင်တီနှာဘူး တစ်ယောက်ဟာ အိမ်လုပ် ငါးမျှားတံကို သုံးပြီး သတိ မမူမိတဲ့ အမျိုးသမီးတွေ ဆီကနေ ဝတ်ပြီးသား အတွင်းခံ တွေကို ရာနဲ့ချီပြီး ခိုးခဲ့ တယ်လို့ သိရပါတယ်။

အသက် ၃၂နှစ် ရှိပြီဖြစ်တဲ့ အဲဒီ အကျင့်ပျက် လူဟာ အမျိုးသမီးတွေရဲ့ အိမ်တွေထဲ နဲ့ ခြံဝင်းတွေ ထဲကိုသွားပြီး ငါးမျှားတံ ပစ်ကာ အတွင်းခံ ဘောင်းဘီတွေကို ငါးမျှားချိတ် ချိတ်စေဖို့ ကြိုးစား ခဲ့ပါတယ်။ ငါးမျှားချိတ် ချိတ်ပြီဆိုရင် ရစ်လုံးကို ရစ်ပါတယ်။ အဲဒီနောက်တော့ အိပ်ထဲကောက်ထည့်ပြီး ခံစား ပါတော့တယ်။

သူ့နာမည်ကိုတော့ Zhang လို့ပဲ သိရ ပါတယ်။ ကားနဲ့ ကင်းလှည့် နေတဲ့ ရဲတွေနဲ့ ဆုံတဲ့ အခါမှာတော့ အဖမ်းခံခဲ့ ရပါတယ်။ တရုတ်နိုင်ငံ အရှေ့ပိုင်း Liyang မှာ ပြီးခဲ့တဲ့ လက အဖမ်းခံ ခဲ့ရတာပါ။

Zhang စီးလာတဲ့ ဗင်ကားကို ရဲတွေ ဖွင့်စစ်တဲ့ အခါမှာတော့ ဘရာ ၂၈၅ ထည်နဲ့ ပင်တီ ၁၈၅ထည်ကို တအံ့တသြ တွေ့ခဲ့ ရပါတယ်။ အားလုံးက ဝတ်ပြီးသားတွေပါ။

နောက်ထပ် ၁၀၂ ထည်ကို သူ ခိုးယူ ထားတာကိုလည်း ရှာတွေ့ ခဲ့ပါသေးတယ်။ နောက်တော့ သူဟာ ဒီအတွင်းခံတွေ အားလုံးကို ၃နှစ်တာ စုဆောင်း ခဲ့ရတာလို့ ဝန်ခံပါတယ်။

အစကတော့ တစ်ထည်၊ နှစ်ထည် ခိုးယူရင်း ကနေ နောက်ပိုင်း သူ့ကိုယ်သူ မထိန်းနိုင်တော့ ဘူးလို့ Zhang က ရဲတွေကို ပြောခဲ့ ပါတယ်။ အတွင်းခံတွေ စွဲမက်နေတဲ့ သူ့အတွက် ခိုးယူရတာ အန္တရာယ်များတဲ့ အတွက် ငါးမျှားတံနဲ့ ခိုးယူဖို့ကို ဖန်တီးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

Ref: Mirror

Original link - http://knowledge.thithtoolwin.com/2015/10/blog-post_11.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...