အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, December 18, 2015

NLD ပါတီ အနိုင်ရရေး မဲဆွယ်ပေး ခဲ့သော ဆိုက်ကား ဆရာများကို ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံမည်




လူ့ သေးလောက် နေရာ တစ်ခုကို အကြည့်ရ ဆိုးစေပြီး အနံ့ အသက် မကောင်း ဖြစ်စေတာ မရှိပါဘူး။

ကျွန်တော်တို့ နိုင်ငံတင် မဟုတ်ဘဲ၊ အင်္ဂလန်နိုင်ငံက မြို့ နယ်တော်တော် များများမှာပဲ ဒီပြဿနာကို ကြုံတွေ့ နေ ရပါတယ်။ အခုအခါ မှာတော့ ဂျာမနီနိုင်ငံက ထုတ်လုပ်ပေး ထားတဲ့ စပယ်ရှယ် သုတ်ဆေး တစ်ခုက ဒီပြဿနာကို ဖြေရှင်း ပေးနိုင် ပါတော့မယ်။

ဒီသုတ်ဆေးကို နံရံပေါ်မှာသုတ်ထားရင် နံရံပေါ် အပေါ့ လာသွားသူရဲ့ ဖိနပ်ကို ကျင်ငယ်တွေ ပြန်စင်လာမှာ ဖြစ်ပါတယ်။

Hackney မြို့ တော်ကောင်စီဟာ ယခုအခါ ညပွဲ လမ်းစည်ကားတဲ့ နေရာတွေမှာ ဒီသုတ်ဆေးကို သုတ်ဖို့  ဆုံးဖြတ် လိုက်ပြီ ဖြစ်ပါတယ်။ ကလပ်တွေနဲ့ ကျော်ကြားတဲ့ Shoreditch နဲ့ Dalston အရပ်က နံရံ အများအပြားမှာ ခရစ်စမတ်နဲ့ နှစ်သစ်ကူး အချိန်အတွင်း သောက်စား ပျော်ပါးပြီး မအောင့်နိုင်ကာ လူကြားထဲ အပေါ့သွားတတ် သူတွေအတွက် အထူး သုတ်ဆေး အလွှာတစ်ထပ်ကို သုတ်သွား မှာ ဖြစ်ပါတယ်။

“နံရံကို သန့် စင်ခန်းအမှတ်နဲ့ အပေါ့သွားတတ်သူတွေအနေနဲ့ သူတို့ ရဲ့ ကျင်ငယ်တွေက ရှူးဖိနပ်နဲ့  ဘောင်းဘီတွေကို ပြန်စင်လာတာကို ခံစားရပါတော့မယ်။ ဒီသုတ်ဆေးက နံရံမှာ ကျင်ငယ်ရေ စိမ့်ဝင်မှုကိုလည်း တားဆီးပေးပြီး၊ အနံ့ အသက်ထွက်တာ၊ ကျင်ငယ်ရေအကွက်တွေဖြစ်တာနည်းသွားမှာပါ” လို့ ကောင်စီက ပြောကြားခဲ့ပါတယ်။

မြို့ တော်ကောင်စီဟာ နံရံတွေ၊ ပလက်ဖောင်းတွေပေါ်က ကျင်ငယ်ရည်အကွက်တွေကို ဆေးကြောဖို့  တစ်နှစ်ကို ပေါင်တစ်သိန်းလောက် အသုံးပြုနေရတယ်လို့  ဆိုပါတယ်။

ယခုလို ရေမတင်သုတ်ဆေးကို Nissan ကားကုမ္ပဏီက စတင်အသုံးပြုခဲ့တာဖြစ်ပြီး၊ ဂျာမနီနိုင်ငံ၊ ကိုလုံးမြို့ က ဘူတာရုံတွေမှာလည်း ဒီဆေးကို သုတ်ထားရပါတယ်။

Ref : Metro

Original link - http://knowledge.thithtoolwin.com/2015/12/blog-post_96.html


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...