အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label စိတ်ကျန်းမာရေး. Show all posts
Showing posts with label စိတ်ကျန်းမာရေး. Show all posts

Sunday, April 2, 2017

စိတ်ဓာတ်ကျပြီး ဘာမှ မလုပ်နိုင်တော့တဲ့ အဖြစ်မျိုး အရောက် မခံပါနဲ့




ဘ၀ ဆိုတာ လှည်းဘီးလို အမြဲတမ်း လည်ပတ် နေတဲ့ အရာ၊ နိမ့်လိုက် မြင့်လိုက် နဲ့ပေါ့။ ပျော်စရာတွေ ရှိသလို စိတ်ဆင်းရဲ စရာတွေ နဲ့လည်း ကြုံရ တာပါပဲ။ အဲ့ဒီလို စိတ်ဆင်းရဲ စရာတွေ ကြုံလာတဲ့ အခါ အချိန်မှီ မဖြေရှင်းနိုင်ဘူး ဆိုရင် စိတ်ကျ ရောဂါ ဝင်လာ တတ်ပါတယ်။

ဒီလိုမျိုး မဖြစ်ရအောင် စိတ်ကျ ရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်း အရာ အချက် အလက် တစ်ချို့ ကို ဖော်ပြ လိုက်ပါတယ်။ ဆင်ခြင် ပြုပြင်ပြီး ဘ၀ကို ခွန်အား ရှိရှိနဲ့ ရှေ့ဆက် ကြပါစို့ ...

၁။ လေ့ကျင့်ခန်းမလုပ်ခြင်း

နေ့စဉ် ပြုမူဆောင်ရွက်မှုတွေဟာ စိတ်နဲ့ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်စေပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။ ကိုယ်ကာယလေ့ကျင့်ခန်းဖြစ်တဲ့ ပြေးတာ၊ စက်ဘီးစီးတာ၊ ကိုယ်လက်လှုပ်ရှားတာ၊ လမ်းလျှောက်တာ၊ ကြက်တောင်ရိုက်တာ စတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ပါ။ ပြီးတော့ စိတ်လေ့ကျင့်ခန်းလဲ လုပ်ပေးပါဦး။ စိတ်ကို အနားယူပါ။ အသက်ရှုလေ့ကျင့်ခန်းတွေ လုပ်ပါ။

၂။ မှားယွင်းတဲ့ ကိုယ်အလေးချိန်လျှော့ချမှု

အစားအသောက်ကို မှန်ကန်စွာ စားသုံးခြင်းဟာ ခန္ဓာကိုယ်ကို ကျန်းမာစေရုံသာမကဘဲ စိတ်ကိုပါ ကျန်းမာစေနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးများတဲ့ ကိုယ်အလေး ချိန်လျှော့ချမှု နည်းလမ်းဆိုးတွေဟာ စိတ်ကျရောဂါဖြစ်စေနိုင်ပါတယ်။ အစား လုံးဝမစားဘဲ နေခြင်းထက် အစားကို သင့်တင့်မျှတအောင် မှန်ကန်အောင် စားသုံး တာကသာလျှင် ကိုယ်နဲ့စိတ်ကို ကျန်းမာစေပါလိမ့်မယ်။

၃။ ပုံမှန်မဟုတ်သော အိပ်စက်မှုနှင့် စိတ်ဖိစီးမှု

လူတစ်ယောက်ရဲ့  အိပ်ချိန်ဟာ တစ်နေ့ကို အနည်းဆုံး ၆ နာရီလောက်တော့ ရှိသင့်ပါတယ်။ အိပ်ရေးမ၀ခြင်းဟာ ဦးနှောက်ဆဲလ်တွေကို ပျက်စီးစေနိုင်လို့ အိပ်ရေးဝဖို့ အရေးကြီးပါတယ်။ အိပ်တဲ့အခါ တောက်လျှောက် အိပ်စက်တာမျိုးပဲ ဖြစ်သင့်ပါတယ်။ အိပ်ချိန်ကို ခွဲပြီး အိပ်စက်တာမျိုး (ဥပမာ ၂နာရီအိပ် လေးနာရီအလုပ်လုပ် ၂နာရီ ပြန်အိပ်တာမျိုး)ဟာ အလွန်အန္တရာယ်များပါတယ်။ စိတ်ဖိစီးမှုတွေကို ဆုပ်ကိုင်မထားပါနဲ့။ လျှော့ချပါ။ ဖြေရှင်းပါ။ ဒီလိုမှမဟုတ်ရင် လွှတ်ချပစ်လိုက်ပါ။

၎။ တစ်ယောက်တည်းနေခြင်း

လူဆိုတာ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းနဲ့ နေတာပါ။ ကိုယ့်ပတ်ဝန်းကျင်ကို မကြိုက်ဘူးဆိုရင် ပြောင်းလဲပစ်လိုက်ပါ။ မပြောင်းလဲနိုင်ဘူးဆိုရင် လိုက်လျော ညီထွေဖြစ်အောင် နေပါ။ တစ်ကိုယ်တည်း အခန်းတံခါးပိတ်နေတတ်ခြင်းဟာ အကျင့်ကောင်းတစ်ခု မဟုတ်ပါဘူး။ ပူးပေါင်းလုပ်ဆောင်မှုတွေဟာ သင့်ကို သွက်လက်တက်ကြွစေပြီး စိတ်ခွန်အားပေးနိုင်ပါတယ်။ တစ်ယောက်တည်းမနေပါနဲ့။ အထူးသဖြင့် စိတ်ဓါတ်ကျနေချိန်မှာ ပိုပြီးတော့မနေပါနဲ့။ သူငယ်ချင်းတွေနဲ့ တွေ့ဆုံပါ။ စကားပြောပါ။

၅။ မှားယွင်းတဲ့အတွေးတွေ

စိတ်မကောင်းစရာတွေကို ခနခန ပြန်တွေးမနေပါနဲ့။ အပျက်သဘောဆန်တဲ့ အတွေးတွေဟာ စိတ်ကျရောဂါဖြစ်စေနိုင်တဲ့ အဓိကအချက်ပါပဲ။ ဖြစ်ပြီးခဲ့တာတွေကို အချိန်ကာလတစ်ခုစာပဲ ၀မ်းနည်းလိုက်ပါ။ ငိုစရာရှိရင် အားရအောင်ငိုလိုက်ပါ။ ပြီးရင်တော့ လုပ်စရာရှိတာတွေ ဆက်လုပ်ပါတော့။ မကောင်းတာတွေတွေးတွေးပြီး ကိုယ့်ကိုယ်ကို စိတ်ညစ်မခံပါနဲ့။ ဘ၀ထဲက ဆိုးရွားမှုတွေကို ဖယ်ထုတ်ပစ်လိုက်ပါ။

လူတိုင်းမှာ စိတ်ပင်ပန်းစရာတွေ ရှိနေတတ်ပါတယ်။ ဒီကမ္ဘာကြီးမှာ မဖြေရှင်းနိုင်တဲ့ ဒုက္ခတွေ တစ်ပုံကြီးပါ။ အဲ့တာတွေကို ထပ်တလဲလဲတွေးမနေဖို့ လိုပါတယ်။ ကိုယ့်အနားမှာရှိတဲ့လူတွေနဲ့ အချိန်ကို တန်ဖိုးရှိရှိအသုံးချပါ။ သူတို့က သင့်စိတ်ကို သက်တောင့်သက်သာဖြစ်အောင် လုပ်ပေးနိုင်ပါလိမ့်မယ်။ သင်က ပြဿနာတွေ ဒုက္ခတွေ စိတ်ပင်ပန်းမှုတွေကို မလိုချင်ဘူးဆိုရင် ဆုပ်ကိုင်မထားပါနဲ့။ သင်ကိုယ်တိုင်ကမှ မပြုံးချင်ဘူးဆိုရင် ပျော်စရာတွေက သင့်ဆီ ဘယ်လိုလုပ်လာနိုင်ပါတော့မလဲ။

From : Duwun by Felicity

Originally published at - http://www.duwun.com.mm/lifestyle/relationships/-id6464755.html


Read More »

Wednesday, September 28, 2016

ပျော်ရွှင်မှုကို တိုးစေမယ့် အရိုးရှင်းဆုံး နည်းလမ်းများ




“ကိုယ့်ကိုယ်ကိုယ် ပျော်အောင်နေခြင်းက သာလျှင် ပျော်ရွှင်မှု အစစ် အမှန် ဖြစ်တယ်” လို့ ၂၀ ရာစုနှစ်ရဲ့ ဗြိတိန် စာရေး ဆရာနဲ့ နိုင်ငံရေး သမားကြီး ဂျိုးဇက် အက်ဒီဆင်က ပြောခဲ့ ဖူးပါတယ်။

သူများတွေက ကိုယ့်ကို ပျော်အောင် လုပ်ပေး ပေမယ့်လည်း ကိုယ်တိုင် စိတ်ဓာတ် ကျစရာ စိတ်ညစ် စရာတွေ တွေးနေမယ် ဆိုရင် ပျော်ရွှင်မှု ဆိုတာ ကိုယ်နဲ့ ခပ်ဝေးဝေး မှာပဲရှိနေ ဦးမှာပါ။

ဒါကြောင့် ကိုယ်ကိုယ့်ကိုယ် ပျော်အောင် ဘယ်လိုနေမလဲ၊ ကိုယ့်ရဲ့ ပျော်ရွှ့င်မှုတွေကို တိုးပွား လာစေမယ့် အရိုးရှင်းဆုံးနည်း လမ်းလေးတွေကို ပရိသတ်ကြီး အတွက် မျှဝေပေး လိုက်ပါတယ်။

အိပ်ရေး ၀၀အိပ်ပါ

အိပ်ရေး၀၀ အိပ်ပြီး နိုးထလာခြင်းက တကယ့်ကို အံ့သြစရာ ကောင်းလောက်အောင် လန်းဆန်း တက်ကြွ နေမှာပါ။ အဲဒီလို လန်းဆန်း တက်ကြွမှုတွေ ကနေ အသိပညာ ဗဟုသုတတွေကို ပိုမိုအာရုံစိုက် ရှာဖွေနိုင် ခြင်းကြောင့် ဒီနှစ်ခုဟာ ဆက်စပ်နေ တယ်ဆိုတာပြောနိုင်ခြင်း ဖြစ်ပါတယ်။

ဒါကြောင့်အိပ်ရေး ၀၀အိပ်ပါ။

သဘာဝကို ခံစားပါ



ကိုယ်တိုင် ပျော်ရွှင်မှုကို ခံစားချင်တယ် ဆိုရင်တော့ သဘာဝ တရားကို အပြည့်အ၀ ခံစားနိုင် ဖို့လည်း အရေးကြီး ပါတယ်။

ဥပမာ တောင်တက်ခြင်း၊ သစ်တော သစ်ပင် ခပ်အုပ်အုပ် ပတ်ဝန်းကျင် ရှိရာ နေရာမှာ လမ်းလျှောက်ခြင်း ကျေးငှက် တိရစ္ဆာန် တို့ရဲ့သာယာဖွယ် သီချင်း ဆိုသံလေးတွေကို နားထောင်ရင်း သဘာဝရဲ့အလှတရားကို ခံစားလာနိုင် မယ်။ စိတ်အေးချမ်း တည်ငြိမ်မှု တို့ကြောင့် သင့်စိတ်က ဘယ်ဟာကို လက်ခံနိုင် ဆုံးလဲ ဆိုတာ ရှာဖွေ တွေ့ရှိ လာမှာပါ။

အားရပါးရ အသက်ရှူပါ

ဒီလို လုပ်ခြင်းဖြင့် သင့်ရဲ့စိတ်ဖိစီးမှု တွေကြောင့် ရုတ်တရက် ဆုံးဖြတ်ရ ခက်တဲ့ အခြေအနေတွေ အတွက် အဖြေရှာ တွေ့လာ မှာပါ။
ဒီလို အသက်ရှူ လေ့ကျင့် ခန်းဟာ သင့်ရဲ့ စွမ်းဆောင်ရည် တိုးတက်ဖို့ အတွက် အထောက်အကူ ဖြစ်စေတဲ့နည်း လည်း ဖြစ်ပါတယ်။ အဆုတ်ရဲ့လုပ်ဆောင်ချက် ပိုမို အားကောင်း လာလေ သင့်ရဲ့ လုပ်ဆောင်ချက်တွေ အတွက် အထောက် အကူ ဖြစ်လေပါပဲ။

ပင်လယ်လေကို ရှူရှိုက်ပါ



ပင်လယ်ကို မျက်နှာမူပြီး ပင်လယ်ပြင် ကျယ်ကို ဖြတ်တိုက် လာတဲ့ လေကို ရှူရှိုက်ပါ။ ပင်လယ် လေအေးက သင့်မျက်နှာပြင်ကို လာရောက် ထိတွေ့တဲ့ အခါ လန်းဆန်း တက်ကြွမှု၊ စိတ်ပင်ပန်း မှုတွေ ပြေလျော့ တာကို ခံစား ရမှာပါ။

ဒါ့အပြင်ပင်လယ်လေနဲ့ ပင်လယ်ရေဟာ ကျန်းမာရေး အတွက်လည်း ထိရောက်တဲ့ အကျိုး ကျေးဇူးတွေ ဖြစ်စေ တယ်လို့လည်း သုတေသန တွေက ဆိုထား ပါသေးတယ်။

အားရ ပါးရ ရယ်ပါ

ရယ်မောခြင်းကြောင့် ဦးနှောက်ရဲ့အစိတ်အပိုင်း တွေကို လှုံ့ဆော်မှု ဖြစ်စေပြီး ပျော်ရွှင်တဲ့ ခံစား မှုကို ဖြစ်စေ ပါတယ်။ သူငယ်ချင်းတွေနဲ့ ဆုံတဲ့ အခါ အားရ ပါးရ ရယ်မော ခြင်းက ကိုယ့်ကိုယ်ကိုယ် စိတ်ကျေနပ်မှု ပျော်ရွှင်မှု ဖြစ်စေမှာပါ။

ရေချိုးပါ



စိတ်ညစ်ရင် ရေချိုးပါ။သိပ်ပြီး ဆက်စပ်မှု မရှိသလိုပဲလို့ ထင်ရပေမယ့် တကယ် အံ့သြဖွယ် ကောင်းစွာ အကျိုးကျေးဇူးတွေ ခံစား ရမှာပါ။
စိတ်ညစ်နေချိန် ရေချိုး လိုက်ခြင်းကြောင့် သင့်ကိုယ်သင် ဂရုစိုက်မိ သလိုဖြစ်ပြီး စိတ်ပိုင်း ဆိုင်ရာ အားအင်ဖြစ်မှု ကိုလည်း ခံစား ရမှာပါ။
ရေအေးနဲ့ပဲ ဖြစ်ဖြစ်၊ ရေကြက်သီးနွေးနဲ့ပဲ ဖြစ်ဖြစ် ငါးမိနစ်၊ ဆယ်မိနစ်ခန့် စိမ်ချိုး လိုက်ခြင်းဖြင့် စိတ်ပင် ပန်းမှုတွေ လျော့ကျ သွားစေမှာပါ။

ခြူးသစ်နွယ်@ChoChoThan (Shwemom)

ref:lifehack.org

From : Shwemom - By : Cho Cho Than

Originally published at - http://www.shwemom.com/simple-ways-to-boost-your-happiness/

Read More »

Related Posts

Related Posts Plugin for WordPress, Blogger...