အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label ပါရမီရှင်များ. Show all posts
Showing posts with label ပါရမီရှင်များ. Show all posts

Monday, February 6, 2017

ချစ်စရာ ၄ နှစ် သမီးလေးနှင့် ဖခင်တို့၏ ကြည်နူးဘွယ် သီချင်းသီဆိုမှု




အမေရိကန် နိုင်ငံမှ ၄ နှစ် အရွယ် သမီးငယ်နဲ့ သူ့ရဲ့ဖခင် ဖြစ်သူတို့ဟာ သီချင်း တပုဒ်ကို အတူတူ သီဆိုခဲ့ပြီး ရုပ်သံ ဗွီဒီယိုဖိုင်ကို လူမှု ကွန်ရက် စာမျက်နှာပေါ်မှ တဆင့် ယူကျု အင်တာနက် စာမျက်နှာပေါ် မျှဝေခဲ့ ချိန်မှာ ဝင်ရောက် ကြည့်ရှုသူ သန်း ၁၅၀ ကျော် ရှိခဲ့ပါတယ်။

ချစ်စရာ ၄ နှစ်သမီးလေး ကလဲရာရိုင် ရန်ခရော့စ်ဘီနဲ့ သူမရဲ့ဖခင် အသက် ၂၈ နှစ်အရွယ် ဒေ့ဗ်ခရော့စ်ဘီတို့နှစ်ဦးဟာ အမေရိကန်နိုင်ငံ၊ အော့တ်ဝါပြည်နယ်မှဖြစ်ပြီး “You’ve got a friend in me” ဆိုတဲ့ သီချင်းကို သီဆိုခဲ့ကြတာပါ။

သူတို့သားအဖ ၂ ဦးရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာတွေပေါ် ပျံ့နှံ့ခဲ့ပြီးနောက်မှာတော့ အမေရိကန် နာမည်ကြီး အယ်လန်ရှိုးပွဲက သူတို့ကို ဖျော်ဖြေပေးဖို့ ဖိတ်ခေါ်ခဲ့ရပါတယ်။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သူတို့သားအဖ ၂ ဦးရဲ့ မူလသီဆိုဖျော်ဖြေခဲ့တဲ့အတိုင်း အယ်လန်ရှိုးပွဲမှာ ထပ်မံသီဆိုခဲ့ကြချိန် ပရိသတ်တွေဟာ သြဘာပေးခဲ့ကြပြီး အယ်လန်က ဆုချီးမြှင့်ခဲ့တာတွေကို တွေ့မြင်ရမှာပါ။

အယ်လန်က ‘သိပ်ကောင်းတဲ့ သီဆိုမှုပါပဲ’ လို့ ပြောတဲ့အချိန် ကလဲရာက ‘ကျေးဇူးတင်ပါတယ်’ လို့ တုံ့ပြန်ပြောဆိုခဲ့တာကို တွေ့ရပါတယ်။

အယ်လန်က “ကလဲရာ၊ မင်းဟာ ဒစ္စနေးရုပ်ရှင်တွေ ကြိုက်တဲ့အတွက် ဒစ္စနေး လန်းဒ်ကို သွားချင်မယ်ဆိုတာ ငါသိပါတယ်။ ရှပ်တာဖလိုင်းကုမ္ပဏီကလည်း ကျမတို့နဲ့ လာရောက်ပူးပေါင်းပါတယ်။

ရှင်တို့မိသားစုတစုလုံး ဒစ္စနေးလန်းဒ်ကို သွားဖို့ ရှပ်တာဖလိုင်းကုမ္ပဏီက လက်မှတ်တွေ လက်ဆောင်ပေးပါမယ်။ ပြီးတော့ ကျမကလည်း ကလဲရာအတွက် ဒစ္စနေးလန်းဒ်က ထုတ်တဲ့ အရုပ်တွေ အများကြီး လက်ဆောင်ပေးပါမယ်” လို့ပြောခဲ့ပြီး လက်ဆောင်တွေ ချီးမြှင့်ခဲ့တာပါ။

ကလဲရာတို့ သားအဖ ၂ ဦး သီဆိုသွားတဲ့ “You’ve got a friend in me” ဆိုတဲ့ သီချင်းကို အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့မှာ
မွေးဖွားခဲ့တဲ့ အဆိုတော်၊ သီချင်းရေးဆရာနဲ့ စန္ဒယားပညာရှင် ရန်ဒီနယူးမန်းက ရေးသားသီဆိုခဲ့တာ ဖြစ်ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/187810

Read More »

Tuesday, December 15, 2015

IS ဂျီဟတ် ၅ ယောက်ကို ကျည်ဆံ ၃ တောင့်ထဲနဲ့ ပစ်သတ်ခဲ့တဲ့ ဗြိတိန် စနိုက်ပါသမား




ဗြိတိန် အထူးလေတပ် (SAS) မှ စနိုက်ပါ တပ်သား တစ်ဦးဟာ အသေခံ ဗုံးဖောက်ခွဲမှု ပြုလုပ်ဖို့ စီစဉ်နေတဲ့ IS ဂျီဟတ် ၅ ယောက်ကို ကျည်ဆံ ၃ တောင့်ထဲနဲ့ ပစ်သတ် ခဲ့တယ်လို့ သိရပါတယ်။

ထို စနိုက်ပါ တပ်သားဟာ အီရတ်မှာ ရှိတဲ့ ISIS အဖွဲ့ရဲ့ အခြေစိုက် စခန်းတစ်ခု ဖြစ်တဲ့ Mosul အနီးမှာ ရှိတဲ့ ဗုံးထုတ်လုပ်ရေး စက်ရုံ အတွင်းက ထွက်လာတဲ့ အစွန်းရောက် တပ်သား ၃ ယောက်ကို မီတာ ၈၀၀ အကွာ အဝေးကနေ ကျည်ဆံ ၃ တောင့်တည်းနဲ့ ရှင်းလင်း သုတ်သင် ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထို သေဆုံး သွားတဲ့ အစွန်းရောက် တပ်သား ၃ ဦးဟာ ပူပြင်းတဲ့ ရာသီဥတု အတွင်း အနွေးထည် အကြီးကြီးတွေ ၀တ်ဆင် ထားတာကို တွေ့ရတဲ့ အတွက် သူတို့ဟာ ဖောက်ခွဲရေး ၀တ်စုံကို ၀တ်ဆင် ထားတဲ့ လက္ခဏာ မျိုး ဖြစ်နေ တယ်လို့ မှတ်ယူပြီး ပစ်ခတ် ခဲ့တာပါ။

ပထမဆုံး သူဟာ ဂျီဟတ် တစ်ယောက်ရဲ့ ရင်ဘတ်မှာ ချိတ်ဆွဲထားတဲ့ ဗုံးကို ပစ်ခတ်လိုက်တဲ့ အတွက် ထို ဂျီဟတ်နဲ့ အခြား ISIS အစောင့် တပ်သား ၂ယောက်တို့ ကိုပါ သေဆုံးစေ ခဲ့ပါတယ်။ ဒုတိယ ကျည်ဆံ ကိုတော့ နောက်ထပ် ဂျီဟတ် ၁ ယောက်ရဲ့ ခေါင်းတည့်တည့်ကို ပစ်ခတ်နိုင် ခဲ့ပါတယ်။ တတိယ တစ်ယောက်ကိုတော့ ထိချက် မှန်မှန် ပစ်ခတ်နိုင် ခဲ့ပေမယ့် အသက်ပြင်းတဲ့ ဂျီဟတ် တပ်သားဟာ ဗုံးစက်ရုံထဲ ပြေးဝင် တိမ်းရှောင် သွားခဲ့ တယ်လို့ သိရပါတယ်။

ဗြိတိန် စစ်တပ်ရဲ့ စနိုက်ပါ သမားတွေ ISIS တိုက်ခိုက် မှုကို အထူး ပါဝင်လာတာ ပထမဆုံး အကြိမ်တော့ မဟုတ်တော့ပါဘူး။

သြဂုတ်လတုန်း ကလည်း ဗြိတိန် စနိုက်ပါ သမား တစ်ယောက်ဟာ ISIS အဖွဲ့ရဲ့ ဖမ်းဆီးခြင်း ခံထားရတဲ့ အမျိုးသား တစ်ဦးနဲ့ ၈ နှစ် အရွယ် ကလေးငယ် တို့ကို ကယ်တင် ခဲ့ဖူးပါတယ်။

အဲဒီတုန်းကလည်း စနိုက်ပါသမား ဟာ ထို ဖမ်းဆီးခံ ထားရတဲ့ သားအဖ ကို ကွပ်မျက်မယ့် အစွန်းရောက်ကို မီတာ ၁၀၀၀ အကွာ ကနေ ခေါင်း တည့်တည့်ကို ချိန်ရွယ် ပစ်ခတ်ခဲ့ တာဖြစ်ပြီး အခြား အစွန်းရောက် ၃ ယောက်ကိုလည်း ချက်ချင်း ဆိုသလို ပစ်ခတ်ခဲ့ ပါသေးတယ်။

Ref : Mirror

Original link - http://knowledge.thithtoolwin.com/2015/12/isis_14.html


Read More »

Related Posts

Related Posts Plugin for WordPress, Blogger...