အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, November 3, 2015

ကလေး ၃ယောက်ကို ပုရွက်ဆိတ်သတ်ဆေးနဲ့ သတ်ဖို့လုပ်တဲ့ မိခင် အဖမ်းခံရ




အမျိုးသမီးတစ်ယောက်ဟာ သူ့ရဲ့ ကလေး ၃ယောက်ကို ပုရွက်ဆိတ် သတ်ဆေး ကျွေးပြီး သတ်ဖို့ ကြိုးစား ခဲ့တယ် ဆိုတဲ့ သံသယမှုနဲ့ အဖမ်းခံ ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန် ခဲ့ပါတယ်။

အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ Paw Eh မှာ အသက် ၄နှစ်နဲ့ ၇နှစ်အရွယ် သားနှစ်ယောက်နဲ့ အသက် ၁၂နှစ်အရွယ် သမီးတစ်ယောက်ရှိပါတယ်။ သူတို့ကို သတ်ဖို့ကြိုးစားခဲ့တဲ့အတွက် သေဒဏ်ထိုက်တဲ့ လူသတ်မှုကို ကြိုးပမ်းမှုနဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။

Paw Eh ဟာ ပုရွက်ဆိတ်သတ်ဆေး အဆိပ်တစ်ဇွန်းကို ရေနဲ့ဖျော်ပြီး သားအငယ်ဆုံးကို အတင်းသောက်ခိုင်းခဲ့တာကို သမီးအကြီးဆုံးက မြင်တွေ့နေခဲ့ရကြောင်း Dallas ရဲတပ်ဖွဲ့ကို ပြောပြခဲ့ပါတယ်။

သူတို့ကို မိခင်ဖြစ်သူက အဲ့ဒီ့ အဆိပ်ကိုပဲအတင်းမြိုခိုင်းတဲ့အတွက် သမီးအကြီးနဲ့ သားကြီးဟာ ထွက်ပြေးပြီး အကူအညီတောင်းခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ Eh က သူ့ကိုယ်သူနဲ့ ကလေးတွေကို သတ်မယ်လို့ ကလေးတွေကို အရင်ကပြောခဲ့ဖူးကြောင်း သတင်းထုတ်ပြန်ပါတယ်။

အသက် ၄နှစ်အရွယ် သားငယ်ကိုတော့ ဒီအဖြစ်အပျက်ပြီးတဲ့နောက်မှာ ဒေသဆေးရုံကို ပို့ခဲ့ရကြောင်း သိရပါတယ်။

Ref: Mirror

Original link - http://knowledge.thithtoolwin.com/2015/11/blog-post_75.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...