အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, November 3, 2015

အမေရိကန်နိုင်ငံသား ၅ ဦးမှာ ၁ဦးနှုန်း သရဲမြင်ဖူးတယ်လို့ဆို




သရဲကြီးများနေ့မှာ အမေရိကန်နဲ့ နေရာတော်တော်များများမှာ သကြားလုံးတွေ ကြောက်စရာဝတ်စုံတွေနဲ့ ပျော်ရွှင်နေကြချိန်ဖြစ်ပါတယ်။ ဒါပေမယ့် Pew Research Center နဲ့ စစ်တမ်းကောက်ယူချက်အရ အမေရိကန်နိုင်ငံသားတော်တော်များများဟာ ၀ိဥာဉ်တွေနဲ့ တွေ့ဖူးတယ်ဆိုတဲ့ အတွေ့အကြုံတွေရှိတယ်လို့ သိရပါသတဲ့။

၂၀၀၉ ခုနှစ်က ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ အမေရိကန်တွေရဲ့ ၁၈ရာခိုင်နှုန်းဟာ သရဲနဲ့ မျက်နှာချင်းဆိုင်တွေ့ဖူးတယ်လို့ ဆိုပါတယ်။ ဒီအရေအတွက်ဟာ လွန်ခဲ့တဲ့ ၁၃နှစ်က မေးမြန်းထားမှုရဲ့ နှစ်ဆဖြစ်နေပါတယ်။ ၁၉၉၆ခုနှစ်က မေးမြန်းချက်တွေအရ အမေရိကန်နိုင်ငံသားတွေရဲ့ ၉ရာခိုင်နှုန်းကသာ သရဲမြင်ဖူးတယ်လို့ ဆိုတာကြောင့်ဖြစ်ပါတယ်။

Goldsmiths University မှ Dr. Alice Gregory ကတော့ ခုလိုမြင်တွေ့ဖူးတယ် ဒါမှမဟုတ် ကြုံဖူးတယ်ဆိုတာတွေအတွက် ရှင်းလင်းချက်တစ်ခု ပေးထားပါတယ်။ အိပ်စက်ခြင်း - အထူးသဖြင့် မလှုပ်ရှားနိုင်လောက်အောင် အင်အားနည်းသွားပြီး အိပ်ပျော်တဲ့ အခြေအနေမျိုးဟာ လူတစ်ဦးကို သရဲလိုအရတွေမြင်ရတယ်လို့ ယုံကြည်သွားစေနိုင်ကြောင်း သူက ရှင်းပြပါတယ်။

နောက်တစ်ချက်ကတော့ လူတစ်ဦးရဲ့ ယုံကြည်မှုတွေဟာ သူတို့ရဲ့ ဘာသာရေးအရ ယုံကြည်မှုတွေကနေတစ်ဆင့် ဖြစ်ပေါ်လာတွေဖြစ်ပါသတဲ့။ University of California, Berkley မှ ပါမောက္ခ Claude Fischer က “ ၂၁ ရာစုရှိ အရွယ်ရောက်ပြီး အမေရိကန်နိုင်ငံသားတော်တော်များများဟာ သေလွန်ပြီးဘ၀နဲ့ မကောင်းဆိုးဝါးတွေကို ယုံကြည်တယ်လို့ ဆိုကြတယ်” ဟု ၂၀၁၃ ခုနှစ်က ဘလော့ဂ်တစ်ခုမှာ ရေးသားဖော်ပြခဲ့ပါတယ်။

အစီရင်ခံစာအဆိုအရ အရွယ်ရောက်ပြီးသူ ၆၅ရာခိုင်နှုန်းက သဘာဝလွန်ဖြစ်ရပ်တွေနဲ့ သရဲတွေကိုမြင်တွေ့ရတယ်ဆိုတဲ့ အကြောင်းအတွေကို ယုံကြည်ကြပါသတဲ့။ ဒီစစ်တမ်းကို တယ်လီဖုန်းအမေးအဖြေ တစ်ထောင်အပေါ်မူတည်ပြီး Princeton Survey Research Associates International က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Ref: Upi

Original link - http://knowledge.thithtoolwin.com/2015/11/blog-post_3.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...