အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, November 3, 2015

နှာညှစ်လွန်၍ မျက်စိကန်းလုနီးပါးဖြစ်ခဲ့တဲ့ အမျိုးသမီး




အမျိုးသမီးတစ်ဦးဟာ နှာညှစ်တာ အားပြင်းပြင်းနဲ့ ညှစ်လိုက်လို့ မျက်စိ ကန်းလုနီးပါး ဖြစ်ခဲ့တယ်လို့ သတင်း ရရှိပါတယ်။

ဒီအဖြစ်အပျက်ကတော့ ဗြိတိန်မှာ ဖြစ်ခဲ့တာပါ။ သူဟာ ဖြစ်ဖြစ်ချင်း Leicester Royal Infirmary ( နိုင်ငံတော် ကျန်းမာရေး ဝန်ဆောင်မှု ဆေးရုံ) ကို သွားရောက် ပြသခဲ့ပါတယ်။ အဲ့ဒီ့အချိန်မှာ သူမရဲ့မျက်လုံးက ပိတ်နေပြီး ဘာကိုမှ မမြင်ရ ခဲ့ပါဘူး။

သူဟာ ဆေးရုံမရောက်ခင် ၄နာရီက အားပြင်းပြင်းနဲ့ နှာညှစ်လိုက်တာဟာ မျက်လုံးပိတ်ပြီး ဂေါက်သီးလောက်အရွယ်ရှိတဲ့ မျက်အိမ်ကြီးဖြစ်လာပါတယ်။ ဒါကို မကုသဘဲထားမယ်ဆိုရင် မျက်လုံးကို သက်ရောက်ခဲ့တဲ့ ဖိအားကြောင့် မျက်လုံးအာရုံကြောတွေ ထိခိုက်ပျက်စီးသွားကာ မျက်မမြင်ဘဝနဲ့ အဆုံးသတ်သွားလိမ့်မယ်လို့ ဆိုပါတယ်။ နှာခေါင်းတော့ ထိခိုက်မှုရှိလားဆိုတာကို မသိရသေးပါဘူး။

ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုတွေအရ သူ့ရဲ့ အခြေအနေကို “Orbital emphysema” လို့ ခေါ်ပါတယ်။ မျက်လုံးတစ်ဝိုကင်က တစ်သျှူးပျော့တွေနေရာမှာ လေတည်သွားပြီး ဖောင်းလာကာ မျက်လုံးပိတ်သွားတာပါ။
သူ့ရဲ့ အံ့ဖွယ်ဖြစ်ရပ်ကို ဗြိတိန်ဆေးဂျာနယ် (BMJ) မှာ မှတ်တမ်းတင်ထားပါတယ်။

Ref: Mirror

Original link - http://knowledge.thithtoolwin.com/2015/11/blog-post_44.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...