အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, April 19, 2016

ဝေလငါးအန်ဖတ် ဒေါ်လာခြောက်သောင်းကျော် တန်သတဲ့


ဆိုင်မွန်(ဗဟုသုတများ)
ဝေလငါးအန်ဖတ်

ကမ်းခြေမှာ လမ်းလျှောက် သွားရင် ညှီနံ့ ထွက်နေတဲ့ အဝါရောင် ကျောက်တုံးဆန်ဆန် ခပ်မာမာ အရာ တစ်ခုကို ခလုတ် တိုက်မိ ရင်တော့ သေချာအောင် နောက် တစ်ခေါက်လောက် ပြန်ကြည့် ပါဦးနော်။

ဆိုင်မွန်(ဗဟုသုတများ)
ဝေလငါးအန်ဖတ်ကို ကောက်ရခဲ့သူ၈ နှစ်အရွယ် ဗြိတိန်ကောင်လေး

တချို့က ဝေလငါး အန်ဖတ်လို့ ခေါ်တတ် ကြပြီးတော့ အင်္ဂလိပ် လိုတော့ Ambergris လို့ ခေါ်ပါတယ်။

ရှားပါးတဲ့ ဒီပစ္စည်းကို ရေမွှေးတွေ လူ့ အသားပေါ်မှာ ရေရှည် ခံအောင် ပြုလုပ်ရာမှာ ထည့်သွင်းတာ ဖြစ်ပါတယ်။

အဆိုပါ ပစ္စည်းဟာ တကယ်တော့ အန်ဖတ် မဟုတ်ကြောင်း သုတေသန ပြုလုပ်ခဲ့သူ ခရစ္စတိုဖာကမ့်ပ် က ပြောကြား ပါတယ်။

ဝေလငါးအချို့ကသာ ရံဖန်ရံခါ အဆိုပါ ဇီဝဘေးထွက်ပစ္စည်းကို ထုတ်လေ့ရှိပြီး အစာမကြေသော အခြေအနေရောက်မှ ထိုကဲ့သို့ ထုတ်တာ ဖြစ်ပါတယ်တဲ့။

ဖယောင်းခဲကြီးလို ဖြစ်နေတဲ့ ဒီ ဝေလငါးအန်ဖတ်ဟာ အနံ့ပေါင်းစုံထွက်နေပါတယ်လို့ မစ္စတာ ကမ့်ပ် က ဆိုပါတယ်။

မျောနေတဲ့ရွှေ လို့လည်း ပြောကြတဲ့ ဒီအရာဝတ္ထုဟာ ဆယ်စုနှစ်ပေါင်းများစွာ ပင်လယ်ပြင် ပေါ်မှာ မျောနေ နိုင်ပါတယ်။

နောက်ဆုံး ကမ်းခြေတစ်ခုခုကို ကပ်ရင်တော့ ကုသိုလ်ထူးတဲ့ ဖိုးကံကောင်း၊ မယ်ကံကောင်း တွေက ကောက်ရပြီး သူဌေးဖြစ်ကြပါပြီ။

ငါးကြီးအန်ဖတ် ဆိုတဲ့ ထိုအရာဟာ ရှားလွန်းလို့ လူတိုင်း ပေါပေါများများ တွေ့ရတာမဟုတ်လို့ အတုလည်း မိနိုင်ပါသတဲ့။

၂၀၁၂ တုန်းက ၈ နှစ်အရွယ် ဗြိတိန်ကောင်လေးတစ်ယောက်က ၁ဒသမ၃ ပေါင်အလေးချိန်ရှိတဲ့ ဝေလငါးအန်ဖတ်ကို ကောက်ရခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၃၀၀၀ ရရှိသွားခဲ့ပါတယ်။

(Ref: UPI)

The Voice Weekly

Originally published at - https://www.facebook.com/thevoiceweekly

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...