အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, April 15, 2016

နယ်သာလန်နိုင်ငံက ရာဇဝတ်သားရှားပါးမှုကြောင့် ထောင်တွေပိတ်ပစ်နေရ




နယ်သာလန် နိုင်ငံမှာတော့ ရာဇဝတ်မှု ကျူးလွန်မှု အနည်းဆုံး ညွှန်းကိန်းကို ရောက်ရှိလျက် ရှိနေတယ်လို့ သိရ ပါတယ်။ ဒါ့ကြောင့် နယ်သာလန် နိုင်ငံက ထောင်တွေမှာ ထောင်သားတွေ မရှိသလောက် ရှားပါးနေပြီး ထောင်တွေကို ပိတ်ပစ်နေ ရတယ်လို့ သိရပါတယ်။

ဒတ်ခ်ျအစိုးရရဲ့ ထုတ်ပြန်ချက်အရတော့ ရာဇဝတ်မှုဖြစ်ပွားနှုန်းဟာ လာမယ့် ငါးနှစ်အတွင်းမှာ တစ်နှစ်ကို ၀.၉ ရာနှုန်း ကျဆင်းလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ထောင်အခန်းပေါင်း ၁၃၅၀၀ ဟာဆိုရင်တော့ အသုံးပြုမှုမရှိတော့ဘဲ ထောင်ကြီးငါးခုကို ပိတ်သိမ်းရနိုင်တယ်လို့ သိပါတယ်။ ဒါဟာဆိုရင်တော့ ထောင်လုပ်သားတွေအတွက်တော့ ကောင်းတဲ့လက္ခဏာမဟုတ်ဘဲ ထောင်လုပ်သား ၁၉၀၀ မှာ လူ ၇၀၀ လောက်ဟာ အလုပ်လက်မဲ့ဖြစ်သွားနိုင်ပြီး အလုပ်ပြောင်းရွှေ့မှုတွေ ပြုလုပ်ပေးရတော့မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုမျိုး ပြည်သူပြည်သားတွေရဲ့ စည်းကမ်းလိုက်နာမှုတွေကြောင့် ထောင်တွေပိတ်ရတော့မှာဖြစ်ပြီး နယ်သာလန်နိုင်ငံကတော့ သူတို့ရဲ့ ထောင်တွေကို အနီးအနားနိုင်ငံတွေဖြစ်တဲ့ ဘယ်လ်ဂျီယံနဲ့ နော်ဝေတို့ကို ငှားရမ်းဖို့ စီစဉ်နေလျက်ရှိပါတယ်။

ဘယ်လ်ဂျီယံက ထောင်သား ၃၀၀ လောက်ဟာ ဆိုရင်တော့ နယ်သာလန်ထောင်တစ်ခုဖြစ်တဲ့ တေးလ်ဘက်ဂ်ထောင်မှာ ကျခံသွားစေတော့မှာဖြစ်ပြီး နော်ဝေထောင်သား ၂၄၀ လောက်ဟာလည်း နယ်သာလန်က ဒရန်သီထောင်မှာပဲကျခံသွားရတော့မှာပါ။

နယ်သာလန်နိုင်ငံကတော့ ပိုလျှံနေတဲ့ ထောင်တွေကို ငှားရမ်းဖို့အတွက် နော်ဝေနိုင်ငံနဲ့ သုံးနှစ်စာချုပ်ချုပ်ထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီလိုမျိုး ရာဇဝတ်မှုကျဆင်းတာကတော့ နယ်သာလန်နိုင်ငံအတွက်တော့ ဂုဏ်ယူစရာဖြစ်လို့ နေပါတယ်။

Ref : Telelgraph

Originally published at - http://knowledge.thithtoolwin.com/2016/03/blog-post_54.html

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...