အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, October 29, 2015

Halloween’s Day ဆိုတာ




လူငယ်တွေ အနေနဲ့ အောက်တိုဘာလ ၃၁ ရက်ညမှာ ကျရောက် လာမယ့် Halloween’ s day အတွက် ကြိုတင်ပြင်ဆင် မှုတွေ ရှိနေလောက်ပါပြီ။ အဲဒီနေ့မှာ လူငယ်ယောက်ျားလေး၊ မိန်းကလေးတွေဟာ သရဲတွေလို ပြင်ဆင်ပြီး Halloween’s night party တွေ လုပ်ကြ ပါတယ်။ ဟိုအရင် ကတော့ သိပ်ပြီးခေတ်စားတဲ့ ပွဲတပွဲ မဟုတ် ခဲ့ပေမယ့် နောက်ပိုင်း မှာတော့ ပြောင်းလဲလာတဲ့ ခေတ်ရေစီးနဲ့ အညီ လူငယ်တွေ စိတ်ဝင်စားတဲ့ ပွဲတခု ဖြစ်လာ ခဲ့ပါတယ်။

Halloween ဆိုတဲ့စကားဟာ Hallowed evening ဆိုတဲ့ စကားရဲ့ အတိုကောက်ဖြစ်ပါတယ်။ အဲဒီစကားလုံးကို 1556 ခုနှစ် London ရဲ့ Nichols’ ပြည်နယ်မှာ စတင် အသုံးပြု ခဲ့ပါတယ်။

Celtic ပြက္ခဒိန်ရဲ့ နှစ်ဟောင်းကုန်၊ နှစ်သစ် ကူးချိန်ဖြစ်ပြီး နိုဝင်ဘာလ ၁ ရက်နေ့ဟာ နှစ်သစ်ကူးနေ့ ဖြစ်ပါတယ်။ နှစ်ဟောင်း တနှစ်ရဲ့ နောက်ဆုံးည ဟာ စုန်း၊ ကဝေညလို့ ယူဆကြ သလို၊ သူတော်စင်တွေရဲ့ အကြိုည လို့လည်း ဆိုပါတယ်။ ဒါ့အပြင် သူတော်ကောင်း တရားနဲ့ မကောင်းမှုများ အားပြိုင် ကြတဲ့နေ့ လို့လည်း ဆိုပါတယ်။

ဒီနေရာမှာ Halloween နဲ့ ပတ်သက်တဲ့ ဖရုံသီး အကြောင်းလည်း ပြောဖို့ လိုပါလိမ့်မယ်။ Jack ရဲ့ မီးအိမ်ဆိုတဲ့ အယူအဆဟာ အိုင်ယာလန် ပြည်နယ်ကနေ အမေရိကားကို ယူဆောင် လာခဲ့ခြင်း jဖစ်ပါတယ်။

ဒါပေမယ့် အမှန်စင်စစ် အဲဒီ မီးအိမ်ဟာ ဖရုံသီး တလုံး မဟုတ်ပါဘူး။ ကပ်စေးနည်း လွန်းတဲ့ Jack ဆိုတဲ့ လူတယောက်ဟာ သူသေရင် သူ့ရဲ့စိတ်ဝိညာဉ်ကို မယူရဘူးလို့ နတ်ဆိုး တကောင်နဲ့ ကတိပြု ထားခဲ့ပါတယ်။ သူသေသွားတဲ့ တနေ့မှာတော့ စိန့်ပီတာက သူဟာ လူ့ဘဝတုန်းက ကပ်စေးနည်း ခဲ့တဲ့ အတွက် သူ့ကို နိဗ္ဗာန်ဘုံ တံခါးဝကို ဝင်ခွင့် မပေးဘဲ ငရဲကို သွားခိုင်းပါတယ်။

သူငရဲပြည် တံခါးဝကို ရောက်သွား ချိန်မှာတော့ သူနဲ့ ကတိပြု ခဲ့ဖူးတဲ့ နတ်ဆိုးက သူ့ကို ကယ်တင် ထားပြီး နိဗ္ဗာန်နဲ့ ငရဲကြားက အမှောင်နေရာ တခုမှာ သူ့ကို ထားခဲ့ ပါတယ်။ ဒါပေမယ့် သူက အမှောင်ထဲက ထွက်နိုင်မယ့် နည်းလမ်းကို နတ်ဆိုးကို မေးတဲ့ အတွက် နတ်ဆိုးက ငရဲမီး တခဲ ပေးလိုက် ပါတယ်။ Jack ဟာ အဲဒီ မီးခဲကို သူ့အကြိုက်ဆုံး တွေထဲက တခုဖြစ်တဲ့ အခေါင်းပါ မုန်လာဥဖြူ တဥ ထဲမှာ ထည့်ပြီး သူသွားလေရာ ယူသွား တတ်ပါတယ်။ အဲဒါ ကတော့ Jack O’ lantern ဆိုတဲ့ ဂျက်ရဲ့မီးအိမ်ပါပဲ။

သူတော်စင် အကြိုည များမှာ မုန်လာဥဖြူ၊ ဘူးသီး၊ အာလူး၊ သကြားမုန်လာ စတာတွေရဲ့ အထဲမှာ အလင်းရောင်ကို ထည့်သွင်းပြီး သရဲတစ္ဆေ မကောင်း ဆိုးဝါး များကို ထွက်သွားစေဖို့ Jack က လုပ်ပေး ရပါတယ်။ အဲဒါက ဂျက်ရဲ့ မီးအိမ် အစစ်ပါပဲ။

နောက်ပိုင်းမှာတော့ အမေရိကားကို ပြောင်းရွှေ့နေထိုင်လာကြတဲ့ Irish လူမျိုးများက ဖရုံသီးဟာ တခြား အသီးတွေထက် ထွင်းထုဖို့ ပိုပြီး လွယ်ကူ တာကို ရှာဖွေတွေ့ရှိ သွားကြပါတယ်။ အဲဒီနောက်မှာတော့ ဖရုံသီးကိုပဲ ဂျက်ရဲ့ မီးအိမ် Jack O’ lantern အဖြစ် အသုံးပြု လာကြ ပါတယ်။

ဒီညမှာ လူငယ်တွေဟာ သူ့ထက်ငါ ထူးခြားတဲ့ အပြင် အဆင်တွေနဲ့ ပါဝင်ဆင်နွှဲတတ် ကြပါတယ်။ မိတ်ကပ်၊ အဝတ်အစား စတာတွေနဲ့ ပုံစံ အမျိုးမျိုး ပြင်ဆင်ပြီး Halloween party ကို ကျင်းပ ကြပါတယ်။

ဒီပွဲဟာ လူငယ်အများစု စိတ်ဝင် တစားနဲ့ ပါဝင်ကြတဲ့ ပွဲ တပွဲဖြစ် တာမို့ လူငယ်တော်တော် များများဟာ ပါတီ လုပ်ဖို့၊ မိတ်ကပ်ပြင်ဆင်ဖို့၊ အဝတ်အစား ဒီဇိုင်း ထွင်ဖို့ စတာတွေနဲ့ စိတ်လှုပ်ရှား ကြတဲ့ ပွဲတပွဲ အဖြစ် ဖော်ပြပေး လိုက်ပါတယ်။

ထက်ဦးဝေ

The Irrawaddy's Blog by thae thae

Original link - http://blog.irrawaddy.org/2015/10/halloweens-day.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...