အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, October 29, 2015

အမျိုးသမီးတွေ သစ္စာရှိ၊ မရှိကို ရာသီဥတုအပူချိန် ကြည့်၍ ဆုံးဖြတ်နိုင်




ပူနွေး ရာသီဥတုရှိ ဒေသ တွေမှာနေတဲ့ အမျိုးသမီးတွေဟာ တစ်လင် တစ်မယားစနစ်ကို ပိုကျင့်သုံးတယ်လို့ သိပ္ပံပညာရှင်တွေက အခိုင်အမာ ဆိုခဲ့ပါတယ်။

တချို့ အမျိုးသမီးတွေဟာ တစ်လင် တစ်မယား စနစ်ကို ကျင့်သုံးဖို့ အတွက် မျိုးရိုးဗီဇကို ပါလာပါတယ်။ အကယ်၍ ပူနွေးတဲ့ ဒေသပတ်ဝန်းကျင်မှာ နေထိုင် ခဲ့မယ်ဆိုရင် သူတို့ကို ပိုးပန်း လာတဲ့ ယောကျာ်းနေတွေကို လစ်လျူရှု တတ်ပါတယ်။ ရာသီဥတုက အေးနေရင်တော့ ပွေရှုပ်ကြတယ်လို့ လေ့လာမှုသစ် တစ်ရပ်အရ သိရပါတယ်။

တချို့အမျိုးသမီးတွေဟာ ဆက်ဆံဖော် တစ်ယောက်တည်း ရလိုပြီး တချို့အမျိုးသမီးတွေက ဘယ်လို ရာသီဥတုပဲ ဖြစ်ဖြစ် များနိုင်သလောက် များများ ယောကျာ်းတွေနဲ့ လိင်ဆက်ဆံဖို့ အတွက်ကို အလို ရှိနေကြတယ်လို့ သိပ္ပံပညာရှင်တွေက ဖော်ပြ ခဲ့ပါတယ်။

ဒီလေ့လာတွေ့ရှိချက်ကို Behavioral Ecology ဂျာနယ်မှာ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ နေရာဒေသနဲ့ အပူချိန်ဟာ လိင်ပိုင်းဆိုင်ရာ အမူအကျင့်တွေကို လွှမ်းမိုးမှု အချို့ရှိတဲ့ အကြောင်း တင်ပြခဲ့ပါတယ်။

Ref: Mirror

Original link - http://knowledge.thithtoolwin.com/2015/10/blog-post_93.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...