အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, May 20, 2016

ဦးချိုပါ ဒိုင်နိုဆောမျိုးစိတ်သစ် ၏ ကျောက်ဖြစ်ရုပ်ကြွင်း များကို အမေရိကန်တွင် ရှာဖွေတွေ့ရှိ




ဝါရှင်တန် ၊ ၂၀-၅-၂၀၁၆

သိပ္ပံပညာရှင် များသည် နှစ်ပေါင်း ၇၇ သန်းခန့် သက်တမ်းရှိသည့် ဦးချိုပါ ဒိုင်နိုဆော မျိုးစိတ်သစ်၏ ကျောက်ဖြစ် ရုပ်ကြွင်း များကို အမေရိကန် ပြည်ထောင်စု တွင် ရှာဖွေတွေ့ရှိ ခဲ့ကြောင်း သိရသည်။

Machairoceratops cronusi ဟုအမည် ပေးထားသည့် အဆိုပါ Centrosaurine ဒိုင်နိုဆော မျိုးစိတ်သစ် သည် ခန္ဓာကိုယ် အရွယ်အစား ကြီးမားသည့် ဦးချိုပါ Ceratopsians ဒိုင်နိုဆော မျိုးစိတ်ဝင် တစ်ခု ဖြစ်သည်။



သိပ္ပံပညာရှင် များသည် အဆိုပါ ဒိုင်နိုဆော အုပ်စု၏ ကျောက်ဖြစ် ရုပ်ကြွင်းများကို မြောက် အမေရိက တိုက်တွင် ရှာဖွေတွေ့ရှိ ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကျောက်ဖြစ်ရုပ် ကြွင်းများကို Cretaceous ခေတ်က အဲလက်စကာ၊ အယ်လ်ဘားတား၊ မွန်တာနာ နှင့် ဆစ်စကတ်ချီဝန် ပြည်နယ်တို့ တည်ရှိရာ Laramidia ကျွန်း မြောက်ဘက်တွင် အများဆုံး တွေ့ရှိရပြီး ယူတာ၊ ကော်လိုရာဒို၊ နယူးမက္ကဆီကို၊ တက္ကဆက် ပြည်နယ်နှင့် မက္ကဆီကို နိုင်ငံတို့ တည်ရှိရာ တောင်ဘက်ပိုင်း တွင်မူ အနည်းငယ်သာ တွေ့ရှိရကြောင်း သိရသည်။

ယခုအခါ အိုဟိုင်းအိုး တက္ကသိုလ်နှင့် ယူတာ အမျိုးသား သဘာဝသမိုင်း ပြတိုက်မှ သုတေသီများသည် ၄င်းဒိုင်နိုဆော ၏ ဦးချိုပိုင်းနှင့် အခြား ဦးခေါင်းခွံပိုင်း တို့ကို ယူတာ ပြည်နယ်ရှိ Grand Staircase-Escalante အမျိုးသား အထိမ်းအမှတ် အဆောက်အအုံ တွင် ခင်းကျင်းပြသ ထားသည်။

Machairoceratops ဒိုင်နိုဆော များ၏ ရုပ်ကြွင်းများအား ယခုကဲ့သို့ ရှာဖွေ တွေ့ရှိမှု သည် Laramidia ကျွန်းတောင်ဘက်မှ Ceratopsians ဒိုင်နိုဆော မျိုးစိတ် အမျိုးမျိုး၏ ကွဲပြားပုံကို ပိုမိုလေ့လာ သိရှိနိုင်ရုံ သာမက နှစ်လေးသန်း ခန့်က Diabloceratops မျိုးစိတ် များနှင့် Nasutoceratops မျိုးစိတ်အကြား ဆင့်ကဲပြောင်းလဲ ပုံကိုလည်း သိရှိနိုင်ရန် အထောက်အပံ့ ဖြစ်စေကြောင်း သိရသည်။

by ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/05/blog-post_95.html

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...