အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, May 21, 2016

ပလူတိုဂြိုဟ်၏ အနောက်တွင် ပဟေဠိဆန်သော ကမ္ဘာသစ် တစ်ခုကို NASA တွေ့ရှိ


The New Horizons spacecraft has now obtained 2 views of 1994 JR1, as it heads outward in our solar system. It obtained the newest image with the spacecraft’s Long Range Reconnaissance Imager (LORRI) on April 7-8 from a distance of about 69 million miles (111 million km).

ဝါရှင်တန် ၊ ၂၁-၅-၂၀၁၆

NASA ၏ အာကာသ အတွင်းရှိ ဂြိုဟ်များ လေ့လာရေး အာကာသယာဉ် ဖြစ်သည့် New Horizons သည် ခိုင်ဘာ ခါးပတ်ကွင်း အတွင်းရှိ ပလူတိုဂြိုဟ် ၏ အနောက် ဘက်တွင် ပဟေဠိ ဆန်သော ကမ္ဘာသစ် သို့မဟုတ် အာကာသ ကျောက်တုံး ကြီးကို ရှာဖွေတွေ့ရှိ ခဲ့ကြောင်း သိရသည်။

1994 JR1 ဟု NASA က အမည်ပေး ထားသည့် ၁၄၅ ကီလိုမီတာ အကျယ်ရှိသော အဆိုပါ အာကာသ ကျောက်တုံးကြီး သည် နေမှ ကီလိုမီတာ ၅ ဘီလီယံကျော် ကွာဝေးသော ခိုင်ဘာ ခါးပတ်ကွင်း အတွင်း လှည့်ပတ် နေခြင်းဖြစ်သည်။

New Horizons အာကာသယာဉ် သည် ယင်း ပဟေဠိဆန်သော အာကာသ ကျောက်တုံးကြီးကို ကီလိုမီတာ သန်း ၂၈ဝ အကွာမှ စတင်တွေ့ရှိ ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ၄င်းအနီးသို့ သွားရောက်ကာ ကီလိုမီတာ ၁၁၁ သန်း အကွာမှနေ၍ ဓာတ်ပုံများကို ရိုက်ကူး နိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဓာတ်ပုံများကို ကြည့်ရှု သုံးသပ်ချက် အရ ယင်း 1994 JR 1 သည် သိပ္ပံပညာရှင်များ ယခင်တွေးထင် ထားသည့် ပလူတိုဂြိုဟ် ကဲ့သို့ ဆင်တူသော ဂြိုဟ်တစ်ခု မဟုတ်ကြောင်း အနောက်တောင် သုတေသန အဖွဲ့မှ သိပ္ပံပညာ ရှင်များက ပြောကြား ထားသည်ဟု NASA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ယင်းဓာတ်ပုံ များကို ကြည့်ခြင်းအားဖြင့် ၄င်း ကျောက်တုံး၏ တည်နေရာနှင့် လှည့်ပတ်မှု ကြာမြင့်ချိန် များကို သိရှိနိုင် ခဲ့ကြောင်း နှင့် ယင်း 1994 JR 1 သည် တစ်ရက်ပြည့်ရန် အတွက် ၅ ဒသမ ၄ နာရီသာ ကြာမြင့် ကြောင်း သုတေသီ များက ပြောကြားသည်။

by ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/05/nasa.html

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...