
အခု လာမယ့် နှစ်သစ်ကို တရုတ်ရိုးရာ ယုံကြည်မှု အရ ကြက်နှစ်လို့ သတ်မှတ် ထားကြတာပါ။
အဲဒီ အထိမ်း အမှတ် အဖြစ် ဆိုင်တွေ၊ ဈေးတွေ၊ နေအိမ်တွေ အနှံ့ ကမ္ဘာ တလွှားမှ တရုတ် လူမျိုးတွေဟာ ကြက်ပုံ သင်္ကေတ တွေနဲ့ အလှ ဆင်ယင်ပြီး ကြိုဆိုဖို့ ပြင်ဆင်နေ ကြတာကို တွေ့ရ ပါတယ်။
ဒီရုပ်သံ ဗွီဒီယိုဖိုင် ကတော့ တရုတ် စစ်ဝတ်စုံ တွေနဲ့ ရိုးရာ ကြက်နှစ်ကို ကြိုဆို ကြမယ့် အမျိုးသား အကအဖွဲ့ရဲ့ မြူးကြွတဲ့ ကကွက်တွေကို ရိုက်ယူ ထားခဲ့ပြီး Shanghaiist သတင်း တပုဒ်မှာ ဖော်ပြခဲ့ တာပါ။
သူတို့ ကပြသရုပ်ဖော်ခဲ့တဲ့ သီချင်းကတော့ အသက် ၃၈ နှစ်အရွယ် တရုတ်အဆိုတော် အမျိုးသမီး ရိုလင်းဝမ်ရဲ့ Chick Chick လို့ အမည်ရတဲ့ သီချင်း တပုဒ်ရဲ့ နောက်ခံတီးလုံးကို ယူထား ခဲ့တာပါ။
ဒီသီချင်းဟာ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့ တာဖြစ်ပြီး ကိုရီးယား နာမည်ကျော် သီချင်းတပုဒ်ဖြစ်တဲ့ ဂန်းနန်းစတိုင်သီချင်းလိုပဲ နာမည်ကျော်ကြားခဲ့တာပါ။
သီချင်းထဲ မှာတော့ အဆိုတော် အမျိုးသမီးနဲ့ အဖွဲ့ဟာ ကြက်ပုံ သဏ္ဌာန် အသံ၊ ဟန်ပန်နဲ့ ဝတ်စား ဆင်ယင် သရုပ်ပြမှု တွေကြောင့် လူသိများ ထင်ရှား ခဲ့ပါတယ်။
ဒီရုပ်သံဗွီဒီယို ဖိုင်ထဲမှာတော့ တရုတ် စစ်သားတွေရဲ့ သရုပ်ပြ တင်ဆက်မှု တွေက ထူးထူး ခြားခြား ဖြစ်နေ ခဲ့ပါတယ်။
Video From : https://www.facebook.com/shanghaiist/videos/10155402888331030/
Post From : DVB
Originally published at - http://burmese.dvb.no/archives/186379

No comments: