
တစ်နေ့ သ၌ သူတော်စင် တစ်ပါးနှင့် တပည့်ယောဂီ တစ်စု တို့သည် မြစ်ဆိပ်သို့ ရေချိုးရန် ထွက်လာ ကြသည်။
မြစ်ဆိပ်သို့ ရောက်သော် တစ်ယောက်ကို တစ်ယောက် ဒေါသ တကြီးနှင့် အော်နေကြသော မိသားစု တစ်စုကို တွေ့မြင် ရလေ၏။
ဤတွင် သူတော်စင်သည် တပည့်တို့ဖက်သို့ လှည့်၍ အပြုံးဖြင့် မေး၏။
“တပည့်တို့… လူတွေဟာ ဘာအတွက်ကြောင့် ဒေါသထွက်ရင် တစ်ယောက် နဲ့ တစ်ယောက် အော်ပြော ကြလဲ သိကြ သလား?”
ယောဂီတွေဟာ ခေတ္တမျှ စဉ်းစားကြပြီးတော့ တစ်ယောက် သော ယောဂီက ထပြောတယ်။
“တပည့်တော် ထင်တာတော့…တည်ငြိမ် ရင့်ကျက် မှုဟာ ဒေါသဖြစ်စဉ် ခဏမှာ ပျောက် သွားတဲ့ အတွက်ကြောင့် လူတွေ အော်ရတယ် ထင်ပါတယ်”
ဒီအခါမှာ သူတော်စင်က ပြန်မေး ပြန်တယ်!
“ဒါပေမယ့် လို့ မိမိ ဒေါသ ထွက်နေတဲ့ လူဟာ မိမိ အနားမှာ ရှိနေ ခဲ့တယ် ဆိုရင် အကျယ်ကြီး ပြောလို့ အကျိုးများလာ ပါ့မလားကွယ်. . .တိုးတိုး ညင်သာစွာ နားလည်အောင်ပြော တာဟာ လူတစ်ယောက်ကို ပိုပြီး နားဝင်စေမယ် မဟုတ်လား”
အခြား တပည့်တို့ ကလဲ အဖြေမျိုးစုံ ဝိုင်းပေး ကြတယ်။ ဒါပေမယ့် အဖြေ တစ်ခုမှ စိတ်တိုင်း ကျဖွယ် မရှိခဲ့ဘူး။ ဒါနဲ့ နောက်ဆုံး သူတော်စင်က ရှင်းပြ ပါတယ်။
“တပည့်တို့… သေချာ မှတ်ထားပါ။ လူနှစ်ဦး တစ်ယောက်ကို တစ်ယောက် ဒေါသ ထွက်တဲ့ အခါ သူတို့ရဲ့ နှလုံးသားဟာ ဝေးကွာသွားလေ့ ရှိသတဲ့။
ဒီလို ကွာခြား သွားရတဲ့ အကွာ အဝေး အလိုက် သူတို့ရဲ့စကားသံ ဟာလဲ တစ်ဖက်သား ကြားရအောင် ကျယ်လာလေ့ ရှိတယ်။
ဒေါသ ထွက်ရလေလေ… ဒီဒေါသ ကြောင့်ဝေးသွားတဲ့ တစ်ဖက်နှလုံးသား ကြားနိုင်အောင် အသံကို ပို၍ ပို၍ ကျယ်ရ လေလေပါပဲ”
“ဒီလိုပဲ… လူနှစ်ဦး မေတ္တာမျှ လာပြီ ဆိုရင်လည်း..နှလုံးသားချင်း တဖြည်းဖြည်းနဲ့ နီးကပ် လာတဲ့ အတွက်ကြောင့် အသံဟာ တိုးသထက် တိုးလာတယ်။
မေတ္တာ မျှနေသူ နှစ်ဦး အတွက် အကွာ အဝေး ဆိုတာ မရှိသလောက်ကို နီးသွားတဲ့ အထိ တစ်ယောက်ကိုယ် တစ်ယောက် ဆွဲခေါ်လေ့ ရှိတယ်။”
ဆက်လက်ပြီး သူတော်စင်က ရှင်းပြတယ်။
“ဒီလို တိုးသထက် တိုးလာ၊ တစ်ယောက်နဲ့ တစ်ယောက် နီးသထက် နီးလာရာ ကနေ အချစ် အကြီးဆုံး ဆိုတဲ့ အချိန်မှာ စကား အနေနဲ့တောင် မပြောကြတော့ ဘူးကွဲ့ . . .
တစ်ယောက်နဲ့ တစ်ယောက် တီးတိုး ရွတ်ရုံ လောက်နဲ့ သူတို့နှစ်ဦး လောကဟာ လှပနေ တတ်တယ်။
နောက်ဆုံး အချစ်တတ်ဆုံး ဆိုတဲ့ အချိန်မှာ တီးတိုး ရွတ်ဖို့တောင် မလိုတော့ လောက်အောင် အကြည့် တစ်ချက်နဲ့ တစ်ယောက် ကိုတစ်ယောက် နားလည် နေကြတယ်”
စကား အဆုံးမှာ သူတော်စင်ဟာ တပည့် အားလုံးကို ကြည့်လိုက်ပြီး-
“ဒါ့ကြောင့် တပည့်တို့ သင်ခန်းစာ အနေနဲ့ မှတ်ပါ…မိမိ ချစ်ရတဲ့ မိသားစုဝင် တွေ တပည့်တို့ဆီမှာ ရှိကြတယ် မဟုတ်လား…
တစ်ခါ တစ်လေ စိတ်အခန့် မသင့်လို့ ဒေါသများ ထွက်ခဲ့မိရင် စကားတတ်နိုင်သလောက် ကျယ်ကျယ် မပြောပါနဲ့…နှလုံးသားချင်း မဝေးစေအောင်
တတ်နိုင်သလောက် ထိန်းကြပါ…
အကယ်၍ ပြောမိ ဆိုမိရင်.. တစ်ခါ… နှစ်ခါ မသိသာပေမယ့်.. တစ်ချိန်ချိန်မှာ နှလုံးသားချင်း အဝေးဆုံးကို ရောက်မှန်း မသိ ရောက်သွားတဲ့ အခါ
ဘယ်တော့မှပြန်နီးနိုင်မှာ မဟုတ်တော့…ပါဘူး။”
ပျော်ရွှင်ဖွယ် မိသားစု ဘဝကို ပိုင်ဆိုင်နိုင် ကြပါစေ။
Lashio Wi-Fi
Ref: why do people shout in anger
Credit; ဇင်းနစ်အတွေးရသစာစုများ။
From : လွင်ပြင်
Originally published at - http://www.lwinpyin.com/2017/01/fmaily-tyape.html

No comments: