အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, December 19, 2015

ဗြိတိန် နိုင်ငံ ရဲ့ နှာဗူးအထဆုံး ကျောင်းသားတွေရှိတဲ့ မြို့ 




သင်ဟာ ကျောင်းသား တစ်ယောက် ဖြစ်ပြီး နှာဗူးထ ချင်တယ်ဆိုရင်တော့ ဗြိတိန် နိုင်ငံ က နော့တင်ဟမ် မြို့ ကိုသွားပါ။

နော့တင်ဟမ် မြို့ ဟာ ဗြိတိန်နိုင်ငံမှာ တဏှာစိတ် အပြင်းထန်ဆုံး တက္ကသိုလ် တွေရှိတဲ့ မြို့  ဖြစ်တယ်လို့ ShagAtUni.com ကဖော်ပြလိုက်ပါတယ်။



လိင်မှု ကိစ္စတွေကို ရေးသား aဖ်ာပြတဲ့ ၀က်ဘ်ဆိုက် တစ်ခုဟာ သူတို့ ၀က်ဘ်ဆိုက်ကို နေ့စဉ် လူဝင်တဲ့ နေရာတွေကို လေ့လာ ခဲ့ရာမှာ နော့တင်ဟမ်မြို့  ကျောင်းသားပေါင်း ၁၄၇၇ ယောက် နဲ့ ထိပ်ဆုံး က ဦးဆောင်နေ တာကို တွေ့ရပါတယ်။

ထို ၀က်ဘ်ဆိုက်ကို တည်ထောင်ခဲ့တာကတော့ အသက် ၂၂ နှစ်အရွယ် Tom Thurlow ဖြစ်ပြီး သူကတော့ နော့တင်ဟမ် မြို့ ထိပ်ဆုံးမှာရောက်နေတာကို မအံ့သြခဲ့မိဘူးလို့ ဆိုပါတယ်။ လိဒ် မြို့ ကတော့ ဒုတိယ နေရာမှာ ရပ်တည်နေပြီး တတိယ ကတော့ ထူးဆန်းစွာနဲ့ Oxford ဖြစ်နေခဲ့ပါတယ်။

Thurlow ဟာ ၂၀၁၂ခုနှစ်မှာ ShagAtUni ဆိုတဲ့ ၀က်ဘ်ဆိုက် ကို တည်ထောင်ခဲ့ပြီး ကျောင်းသားတွေအတွက် လိင်မှု ဆိုင်ရာ အကြောင်းအရာတွေကို ရေးသားဖော်ပြခဲ့ပြီး လုံခြုံပြီး အန္တရာယ် မရှိတဲ့ လိင်ဆက်ဆံ မှုတွေဖြစ်စေဖို့လည်း အသိပညာပေးဖော်ပြတဲ့ ၀က်ဘ်ဆိုက်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

Ref : Metro

Original link - http://knowledge.thithtoolwin.com/2015/12/blog-post_59.html


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...