အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, November 14, 2015

အမျိုးသား ဟန်ဆောင်၍ လိင်တံအတုနှင့် စော်ကားသူ ထောင် ၈နှစ်ကျ




အသက် ၂၅နှစ် အရွယ် မိန်းကလေး တစ်ယောက်ဟာ အမျိုးသား လိင်တံ အတုကို ဝတ်ဆင်ကာ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု သုံးခု ကျူးလွန်ခဲ့တဲ့ အတွက် တရားသူကြီး ကနေ ထောင်ဒဏ် ၈နှစ် ချမှတ် ခဲ့တယ်လို့ သတင်းရ ရှိပါတယ်။

ဒီမိန်းကလေးရဲ့ နာမည်ကတော့ Gayle Newlandပါ။ သူဟာ သူ့ရုပ်နှင့်အသံကို ဖျက်ကာ တခြားမိန်းကလေးတစ်ဦးကို မျက်လုံစည်းအုပ်ပြီး စွဲဆောင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

၁၀ ကြိမ်လောက် လိင်ဆက်ဆံပြီးတဲ့အခါ တရားလိုက သူ့ရဲ့ မျက်နှာဖုံးကိုဆွဲဖယ် ကြည့်လိုက်ချိန်မှာတော့ အမျိုးသားလိင်အင်္ဂါတံအတုကို ခါးမှာပတ်ပြီး လိင်စောင်ကားနေတာကို မယုံကြည်နိုင်ဖွယ် တွေ့ရှိခဲ့ရပါတယ်။

Newland ကို တရားရုံးတင် စစ်ဆေးပြီးတဲ့နောက်မှာ လိင်တိုက်ခိုက်မှု ၃ခု ကျုးလွန်ထားကြောင်း တွေ့ရှိခဲ့ရပါတယ်။

ဒီနေ့ သူ့ကို နှစ်ရှည် ထောင်ဒဏ်ချမှတ်လိုက်တဲ့အခါမှာတော့ သူ့မိဘတွေဟာ အလွန်ပဲ ဒေါသတကြီးနဲ့ တုန့်ပြန်ခဲ့ပါတယ်။ Newland ကို ထောင်ထဲ ခေါ်သွားတဲ့အခါမှာတော့ ဆို့နင့်ကြေကွဲသံနဲ့ "ငါ ကြောက်တယ်။" ဆိုပြီး အော်နေခဲ့ပါတော့တယ်။

"ထောင်ဒဏ် ၈နှစ်ဆိုတာကြီးကတော့ ထိတ်လန့်ဖွယ်ကောင်းပါတယ်။ ဒီလိုချမှတ်ဖို့ဆိုတာ အကြီးမားဆုံး ပြစ်ဒဏ်ပါ။ အရင်က လိင်တံအတုနဲ့စော်ကားတဲ့ ဖြစ်ရပ်တွေမှာ တစ်ယောက်က ထောင် ၃နှစ်ကျပြီး နောက်တစ်ယောက်က ၂နှစ်ခွဲ ကျခဲ့တာပဲရှိတယ်။" လို့ အမျိုးသမီးလိင်တူချစ်သူ၊ အမျိုးသားလိင်တူချစ်တူ၊ လိင်နှစ်ခွချစ်သူ၊ လိင်ပြောင်းသူ အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူဖြစ်တဲ့ Keele တက္ကသိုလ် ပါမောက္ခ Alex Sharpe ကပြောခဲ့ပါတယ်။

Ref: Mirror

Original link - http://knowledge.thithtoolwin.com/2015/11/blog-post_84.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...