အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, November 14, 2015

အပျော်စီး သဘောင်္ပေါ်က အလိုအလျောက် တံခါးနဲ့ ထိခိုက်မိပြီး ပေါင် ၁၄ သန်း လျော်ကြေး ရခဲ့သူ




Holland America သဘောင်္လိုင်းဟာ James Hausman ဆိုတဲ့ ခရီးသည်ကို တရားရုံးမှာ ကိုးရက်ကြာ အမှုရင်ဆိုင်ပြီးနောက် အလွန်တရာ များပြားတဲ့ နစ်နာကြေး ပေးဆောင် ခဲ့ရပါတယ်။

စီးပွားရေး သမားဖြစ်သူ James Hausman ဟာ MS Amsterdam သဘောင်္ပေါ်မှာ ဇနီးသည်၊သမီးနဲ့ သူ့ ရဲ့ သီးသန့် နည်းပြဆရာတို့ နဲ့ အတူ လိုက်ပါ စီးနင်းခဲ့တာဖြစ်ပြီး သဘောင်္ပေါ်က ဆွဲတံခါးကြောင့် အသေးစား ဦးနှောက်ထိခိုက်မှု ရခဲ့ပါတယ်။

တရားရုံးရဲ့ကြားနာစစ်ဆေးချက်အရ အသက် ၆၁ နှစ်အရွယ် Mr Hausman ဟာ အဆိုပါ ထိခိုက်မှုကြောင့် ယခုအချိန်ထိ မှတ်ဥာဏ် ဆုံးရှုံးမှု၊ ခေါင်းနောက်မူးဝေမှုနဲ့ လေသင်တုန်းဖြတ်မှုတို့ ကို ခံစားနေရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Mr Hausman ဟာ ရက်ပေါင်း ၂၈၀ ကြာတဲ့ ကမ္ဘာလှည့်အပျော်စီး သဘောင်္ခရီးစဉ်ကိုတော့ အဆုံးထိလိုက်ပါခဲ့ပါတယ်။

Holland America သဘောင်္လိုင်း သဘောင်္တွေက အလိုအလျောက်ဆွဲတံခါးရဲ့ အာရုံခံစနစ်ချို့ ယွင်းမှုကြောင့် အလားတူထိခိုက်မှုမျိုးတွေ တခြားခရီးသည်အများအပြားလည်း ခံစားခဲ့ရကြောင်း တရားရုံးမှာ သက်သေ ပြနိုင်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ်က အမေရိကန်နိုင်ငံ၊ ဆီယက်တယ်မြို့ က စတင်ထွက်ခွာလာတဲ့ အဆိုပါသဘော်ဟမာ ရုရှား၊ တရုတ်နဲ့ အရှေ့ တောင်အာရှနိုင်ငံအများအပြား၊ တောင်ပစိဖိတ်ဒေသတို့ ကို လှည့်လည်သွားလာခဲ့ပါတယ်။ နိုဝင်ဘာ ၂၆ ရက်နေ့ ၊ ဟိုနိုလူလူကျွန်းကို အသွားလမ်းမှာ၊ Mr Hausman တစ်ယောက် တခြားခရီးသည်တွေ နောက်ကနေ ဆွဲတံခါးကိုအဖြတ်မှာ တံခါးက ပိတ်သွားပြီး Mr Hausman ရဲ့ မျက်နှာနဲ့ ခေါင်းဘေးဘက်ကို ရိုက်မိခဲ့တာ ဖြစ်ပါတယ်။

Mr Hausman ဟာ သဘောင်္ပေါ်က ဆရာဝန်နဲ့ ပြသခဲ့ရာမှာ ဦးခေါင်းပိုင်း အတွင်းကြေ ဒဏ်ရာနဲ့ သွားတစ်ချောင်းပဲ့ခဲ့ကြောင်း တွေ့ ရှိခဲ့ရပါတယ်။ ဒါပေမယ့် နောက်ပိုင်း ဦးနှောက်နှင့်အာရုံကြောစမ်းသပ်စစ်ဆေးမှုတွေအရ Mr Hausman ဟာ အသေးစား ဦးနှောက်ထိခိုက်မှုဒဏ်ရာရရှိခဲ့ကာ အမြဲတမ်း ခေါင်းမူးဝေမှုကို ခံစားနေရကြောင်း တွေ့ ရှိခဲ့တာဖြစ်ပါတယ်။

Mr Hausman ဟာ စက္ကန့် အနည်းငယ်နဲ့ မိနစ်အနည်းငယ်တွေ သူဘာတွေပြောခဲ့လဲဆိုတာကို မမှတ်မိတော့ဘဲ ထပ်ခါထပ်ခါပြောနေတတ်တယ်လို ရှေ့ နေဖြစ်သူ Mr Friedman က တရားရုံးကို တင်ပြခဲ့ပါတယ်။

တရားရုံးဂျူရီလူကြီးတွေဟာ Mr Hausman ကို နစ်နာကြေးအဖြစ် ဒေါ်လာ ၂၁.၅ သန်းပေးဆောင်ဖို့ သဘောင်္ လိုင်းကို အမိန့် ချခဲ့ပါတယ်။ Holland America Line ကတော့ ဒီပမာဏဟာ များလွန်းပြီး အယူခံဝင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref : Mirror

Original link - http://knowledge.thithtoolwin.com/2015/11/blog-post_15.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...