အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, November 15, 2015

ခန္ဓာကိုယ်ကို ချိုးခေါက်ပြသည့် အသက် ၆၈ နှစ်အရွယ် ထူးဆန်း အဘိုးအို (ရုပ်သံ)




တခြားသော အသက် ၆၈ နှစ် အရွယ် အဖိုးအိုတွေ လိုပဲ မာဘီဂျန်ဟာ ခန္ဒာကိုယ် တွေ ကိုင်းနေ ပါပြီ။ ဒါပေမယ့် သူတို့နဲ့ ကွဲပြားခြားနား နေတာကတော့ သူဟာ ခန္ဓာကိုယ်ကို တွန့်ကွေး ပြနိုင်စွမ်း ရှိသူ ဖြစ်နေ တာပါပဲ။

ဘီဂျန်ဟာဟာ ကြက်ကင် တကောင်နဲ့ ပုံသဏ္ဌာန် တူအောင် သူ့ရဲ့ခြေထောက် တွေကို ကွေးနိုင်စွမ်း ရှိပြီး ခန္ဓာကိုယ် တခုလုံးကို တွန့်ကွေးပြနိုင်တဲ့ စွမ်းရည်တွေကြောင့် အင်ဒိုနီးရှားမှာ ကျော် ကြား လာခဲ့ တယ်လို့ ဘားကရော့ဖ်တ် ရုပ်သံဌာနက ဆိုပါတယ်။

သူဟာ ၁၉ ဒဿမ ၅ မီတာ အကျယ်ရှိတဲ့ ပိုက်ထဲကို ခန္ဓာကိုယ်ကို ကျုံ့ပြီးချိုး ခေါက်ဝင်ပြနိုင်တဲ့ အပြင် ခြေထောက်တွေကို ၁၈၀ ဒီဂရီပြန် ချိုးကာ နောက်ကျောနဲ့ ကပ် ပြီး အစွမ်းပြနိုင် ပါသေးတယ်။

ဘီဂျန်ဟာ ဒီစွမ်းရည်တွေကို သူ့အသက် ၁၁ နှစ်သားမှာ စတင်တွေ့ခဲ့ တာဖြစ်ပြီး သူ့ခြေထောက်မှာ စူးနေတဲ့ ဆူးကို ဖယ်ထုတ်ဖို့ မျက်နှာနားကို အနီးကပ် ဆွဲယူကွေးနိုင် ခဲ့တယ်လို့ ဒေးလီးမေရာ သတင်းမှာ ဖော်ပြပါတယ်။

ခုလိုစွမ်းရည်ပြ သနေတဲ့ ဘီဂျန်ကို ကြည့်ပြီး ပရိသတ်တွေက မျက်နှာရှုတ်မဲ့ နေကြပေမယ့် သူကတော့ ခြေထောက်တွေ နာကျင် ခံစားရမှုတစုံတရာ မရှိဘူးလို့ ဆိုပါတယ်။


Original link - http://burmese.dvb.no/archives/122622

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...