
ဒီနေ့ခတ် လူပုံ အလယ်မှာ အမျိုးသားက အမျိုးသမီး တွေကို လက်ထပ်ခွင့် တောင်းခံတာတွေ ခေတ်စား လာပေမယ့် တရုတ်နိုင်ငံ မှာတော့ အမျိုးသမီးက မော်တော် ဆိုင်ကယ် အသစ်၊ တိုက်ခန်းကို ပူးတွဲ ပိုင်ဆိုင်ခွင့်နဲ့ အမျိုးသားကို လက်ထပ်ခွင့် တောင်းခံ ခဲ့ပါတယ်။
အမျိုးသားက ဘယ်လို ပြန်ဖြေ ခဲ့သလဲ ဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။


သြဂုတ် ၂၄ ရက် ညနေပိုင်းမှာ တရုတ်နိုင်ငံ အနောက် တောင်ပိုင်း ချန်ဒူးမြို့က ဈေးဝယ် စင်တာတခုမှာ ဟာလေဒေးဗစ်ဆင် ဆိုင်ကယ်နဲ့ မင်္ဂလာ ၀တ်စုံကို ဆင်မြန်း ထားတဲ့ အမျိုးသမီး တဦးကို တွေ့ရ တယ်လို့ တရုတ် လူထုနေ့စဉ် အွန်လိုင်း သတင်းက ရေးပါတယ်။
ဒီနောက် ရည်းစားကို လက်ထပ်ခွင့် တောင်းပြီး လက်ထပ် ခဲ့ရင် သူပိုင်တဲ့ တိုက်ခန်း လိုင်စင်မှာလည်း အမျိုးသား နာမည်ကို ထည့်သွင်း ပေးမယ်ဆိုပြီး ပြောဆို ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခန်း လိုင်စင် မိတ္တူ တစောင်ကို အမျိုးသမီးက ယူလာ ခဲ့ပါတယ်။ နောက်ဆုံး မှာတော့ အမျိုးသားက အမျိုးသမီးရဲ့ လက်ထပ်ခွင့် တောင်းဆိုချက်ကို လက်ခံ ခဲ့ပါတယ်။
သတင်းဓာတ်ပုံ –People’s Daily, China
by DVB
Originally published at - http://burmese.dvb.no/archives/165750

No comments: