အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, December 17, 2016

သေပြီးဆယ်မိနစ် အကြာမှာ အသက်ပြန်ရှင်လာတဲ့ အဖိုးအို




အမေရိကန် နယူးဂျာစီ ပြည်နယ်မှာ နေထိုင်တဲ့ အသက် 91 အရွယ် Joseph Leifkin အမည်ရ အဖိုးအိုဟာ သေပြီးလို့ ဆယ်မိနစ် အကြာမှာ ဆေးပညာ ရှင်တွေရဲ့ အကူ အညီနဲ့ အသက်ပြန် ရှင်နိုင် ခဲ့ပါတယ်။ သူဟာ အဆိုပါအချိန်တုန်းက နှလုံးခုန်မှု ရပ်နားသွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဇနီးဖြစ် Majorie က 911 ကို ခေါ်ခဲ့လို့ ဆေးပညာ ရှင်တွေ အမြန်ရောက်လာပြီး ကုပေးခဲ့ပါတယ်။



Joseph က ဒီမတိုင်ခင်မှာ သူ့ဇနီး Majorie ကို သူ့မွေးနေ့မှာ ညစာအတူတူစားဖို့ ကတိပေးခဲ့တယ်လို့ ဆိုပါတယ်။ အခုလို ဆေးပညာရှင်တွေက ပြန်ကယ်ခဲ့တဲ့အတွက် Joseph က ၀မ်းသာနေပြီး ” ကျွန်တော် သွားဖို့ အဆင်သင့်မဖြစ်သေးပါဘူး “လို့ ဆိုခဲ့ပါတယ်။

Joseph ဟာ အိပ်မက်ဆိုးကြီးတစ်ခုမက်ခဲ့ပြီး ချွေးအိုင်ထဲကနေ နိုးထခဲ့ရတဲ့ နေ့ကတည်းက သူရဲ့နောက်ဆုံး နေ့ရက်ကို
ကြိုသိနေကြောင်း၊ အဲဒီရက်က အခု မဟုတ်သေးကြောင်း ဆိုပါတယ်။ ဒီအတွက် သူ့ကို ဒုတိယအခွင့်အရေးပေးခဲ့တဲ့ ဆေးဝါးကျွမ်းကျင်အဖွဲ့ကို သူက အထူးကျေးဇူးတင်ကြောင်း၊ ဇနီးကို ပေးခဲ့တဲ့ ကတိ တည်နိုင်တော့မည်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။



Kevin Duffy နဲ့ Sarah Crelin တို့ပါဝင်တဲ့ ဆေးအဖွဲ့ဟာ Majorie ဖုန်းကို လက်ခံရရှိပြီးနောက် ချက်ချင်းရောက်သွားခဲ့
ပါတယ်။ ဆေးရုံကိုသွားတဲ့ လမ်းမှာပဲ အဖိုးကြီး Joseph ဟာ နှလုံးခုန် ရပ်တန့်သွားပါတယ်။ ဒီမတိုင်ခင်မှာတုန်းက သူ့ကို ကယ်ပေးဖို့အကြောင်း၊ သူက သေဖို့အချိန်မဟုတ်သေးကြောင်း လုပ်စရာတွေ ရှိနေသေးကြောင်း ဆိုခဲ့တယ်လို့ ဆေးမှူး
နှစ်ယောက်က အတည်ပြုခဲ့ပါတယ်။



နောက်ပိုင်းမှတော့ ဆေးမှူးနှစ်ယောက်ဟာ လက်နဲ့ရပ်တန့်သွားတဲ့ နှလုံးကို ဖိပြီး၊ ပြန်နှိုးကြည့်ကြပါတယ်။ ပြီးတော့ ပါး
စပ်ထဲကို လေမှုတ်သွင်းခဲ့ကြပါတယ်။ ကံကောင်းထောက်မစွာပဲ Joseph ဟာ ပြန်လည်နိုးထလာခဲ့ပါတယ်။ အခုအခါမှာ
ဇနီးကို ပေးထားတဲ့ ကတိကို တည်နိုင်တော့မှာမို့ Joseph က ပျော်နေပါတယ်။



သူက ဆေးမှူးများအား ရည်ညွှန်းပြီး ” သူတို့က ကျွန်ုပ်၏ ကယ်တင်ရှင်များဖြစ်ပါတယ် … အို အဖ ဘုရားသခင် … ကျွန်ုပ်၏ လေးစားရိုကျိုးမှုကို ခံယူတော်မူပါ … အလွန့်အလွန်ကို ကြည်ညိုလေးစားမိပါတယ် … အဖဘုရားသခင်က ကျွန်ုပ်ရဲ့ ဒုတိယဘ၀ကို ဆက်ပြီး ဖန်ဆင်းပေးခဲ့ပါတယ် “လို့ ၀မ်းသာအားရ ပြောခဲ့ပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

From : SHWEMOM by netsetaw

Originally published at - http://www.shwemom.com

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...