
အိုခြင်း ဆိုတဲ့ ဇရာနဲ့ လူ့ သက်တမ်းကို ဆွဲဆန့် ထားနိုင်တဲ့ နည်းလမ်းကို တွေ့ပြီလို့ သိပ္ပံပညာရှင် တွေက အခိုင် အမာပြော လိုက်ပါပြီ။
ဆဲလ်တွေကို ပြန်လည် အစီအစဉ်ချ ဖွဲ့စည်းခြင်းဟာ လူသက်တန်းကို ဆွဲဆန့် ထားနိုင်မှာ ဖြစ်သလို၊ ဇရာ ကိုလည်း (ဥပမာ-အသားအရေ တွဲတာ၊ ဆံပင်ဖြူတာ..)
တွေကို အံတုနိုင်မယ်လို့ လေ့လာ တွေ့ရှိချက် တစ်ရပ်က အခိုင်အမာ ပြောလိုက် တာပါ။
ဒီနည်းလမ်းကိုသုံးပြီး လက်ရှိ ဗြိတိန်နိုင်ငံရဲ့ ပျှမ်းမျှ လူ့သက်တမ်း (၈၁)နှစ်ကို နောက်ပိုင်း မှာတော့ (၁၀၈)နှစ် အထိ ဆွဲဆန့်လို့ ရလာနိုင် ပါတယ်။

ကယ်လီဖိုးနီးယားမှာရှိတဲ့ Salk တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ဇရာကိုအံတုနိုင်တဲ့ ပြောင်းလဲမှုမရှိတည်ငြိမ်တဲ့ ဗီဇ (genes)တွေကို တွေ့ခဲ့ပါတယ်။
အဲ့ဒီ genes တွေဟာ အသက်အရွယ်ကြီးရင့်မှုကြောင့် ဖြစ်ပေါ်လာတဲ့အရာတွေကို အချိန်ဆွဲပေးထားနိုင်ပါတယ်။ထူးခြားတာတော့ လူသားတွေရဲ့အရေပြားဆဲလ်တွေကို ချက်ချင်းလက်၎င်း တစ်ဖန် ပြန်လည်နုပျိုလာအောင် ပြုလုပ်ပေးနိုင်စွမ်း ရှိပါတယ်။

ကြွက်တွေနဲ့ စမ်းသပ်ကြည့်တဲ့ အခါမှာတော့ အရွယ် မတိုင်မှီ အိုမင်း ရင့်ရော်မှုတွေ၊ လက္ခဏာတွေနဲ့ သက်တမ်းကို (၃၀) ရာခိုင်နှုန်းလောက် ဆွဲဆန့်ပေးနိုင် တာကို တွေ့ခဲ့ ပါတယ်။
ဒါပေမယ့်လည်း ဒီတွေ့ရှိချက်ကို နောက်ထပ် (၁၀)နှစ်လောက် အချိန်ယူစမ်း သပ် စစ်ဆေးမှုတွေ လုပ်ပေးဖို့ လိုအုံးမယ်လို့ သိရပါတယ်။
Ref;Daily Mirror
From : SHWEMOM by nilarwai
Originally published at - http://www.shwemom.com

No comments: