အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, January 5, 2017

အသက် ၁၀၅ နှစ်အရွယ် ပြင်သစ် စက်ဘီးသမား ကမ္ဘာ့ စံချိန်ချိုး


အသက် အသက် ၁၀၅ နှစ် ပြင်သစ် စက်ဘီးသမား (ဓာတ်ပုံ - အင်တာနက်)


ပဲရစ်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

အသက် ၁၀၅ နှစ် အရွယ် ပြင်သစ် စက်ဘီးသမား ရောဘတ် မာချန့် (Robert Marchand) သည် စက်ဘီး ပြိုင်ပွဲ ၌ စံချိန်ချိုး ခဲ့ကြောင်း ဒေသခံ သတင်း အရ သိရသည်။

မာချန့်သည် ပဲရစ်မြို့ အပြင်ဘက်ရှိ စက်ဘီးစီး လမ်းကြောင်း ဖြစ်သည့် Saint-Quentin-en-Yvelines ၌ ၂၂.၅၄၇ ကီလိုမီတာ စီးနင်းခဲ့ပြီး စံချိန် ချိုးခဲ့ကြောင်း သိရသည်။

“ကျွန်တော် အဆင်ပြေ ပါတယ်၊ ကျွန်တော့်ရဲ့ ခြေထောက်တွေ မနာပေမဲ့ ဒူလာရောဂါ ရှိတဲ့ အတွက် လက်မောင်း တွေတော့ နာကျင်နေတယ်” ဟု မာချန့်က BFMTV သတင်း ချန်နယ်သို့ ပြောကြား လိုက်သည်။

နောက်ဆုံး ၁၀ မိနစ်လို့ သတိပေးတဲ့ ဆိုင်းဘုတ်ကို ကျွန်တော် မမြင်လိုက်ရဘူး၊ မဟုတ်ရင် ဒီထက် မြန်မြန် ကျွန်တော် နင်းနိုင်မှာပါ” ဟု ၎င်းက ဖြည့်စွက် ပြောကြားလိုက်သည်။

အဆိုပါ ပြင်သစ် စက်ဘီးသမားသည် အသက် ၁၀၀ နှစ် ပြည့်ပြီးနောက်ပိုင်း ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၄ ခုနှစ်တွင် တစ်ကြိမ် စုစုပေါင်း စံချိန် နှစ်ခါချိုးခဲ့ဖူးကြောင်း သိရသည်။

From : ရှင်းဝှာ-မြန်မာ

Originally published at - http://xinhuamyanmar.com/world/europe/8397-2017-01-05-05-28-28.html


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...