အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, December 10, 2016

တရုတ်တွင် ကမ္ဘာ့အကြီးဆုံး အသည်းပုံ သဘာဝမြေကျွံ ဂလိုင်ပေါက်ကြီး တွေ့ရှိ




တရုတ်နိုင်ငံ အနောက် မြောက်ပိုင်း ရှန်ဇီခရိုင် အတွင်းရှိ ဟန်ဇွန်းမြို့မှာ ကမ္ဘာ့ အကြီးဆုံး သဘာဝ ဂလိုင်ပေါက် အစု အဝေးကို ရှာဖွေ တွေ့ရှိ ခဲ့တယ်လို့ ဒီဇင်ဘာ ၉ ရက်နေ့ စီစီတီဗွီ သတင်းမှာ ဖော်ပြ ထားပါတယ်။

ဒီသဘာဝမြေကျွံဂလိုင်ပေါက်ကြီးတွေရဲ့ စုစုပေါင်း အရေအတွက်က ၄၉ ခုရှိပြီး ကမ္ဘာ့အကြီးဆုံး သဘာဝမြေကျွံဂလိုင်ပေါက် အရေအတွက်လည်း ဖြစ်ပုံရတယ်လို့ ဆိုပါတယ်။

ဒီသဘာဝဂလိုင်ပေါက်ကြီး ၄၉ ခုထဲက အံ့သြစရာအကောင်းဆုံးတစ်ခုကတော့ ၁၃၀ မီတာကျော် အနက်ရှိတဲ့ အသည်းပုံဂလိုင်ပေါက်ကြီးပါ။ ဒီဂလိုင်ပေါက်ကြီးကို တီရန်ဇူရန်လို့ အမည်ပေးထားပြီး ဂလိုင်ပေါက်ထဲကို ကျောက်ခဲပစ်ချမယ်ဆိုရင် ၇ စက္ကန့်ကြာတဲ့အခါမှ ဂလိုင်ရဲ့အောက်ခြေကို ကျောက်ခဲထိတဲ့ အသံကြားရတယ်လို့ ဆိုထားပါတယ်။

မြေပြင်အထက်မှ လေယာဉ်အနိမ့်ပျံသန်းပြီး ရိုက်ကူးထားတဲ့ ဗွီဒီယိုရုပ်သံမှာ ဂလိုင်ပေါက်ကို အသည်း ပုံစံတွေ့မြင် ရမှာပါ။

ဒီလိုရှားပါးလှတဲ့ သဘာဝပထဝီ ပုံပန်းသွင်ပြင်မျိုးဟာ နှစ်ပေါင်း ၅ သိန်းလောက်ကြာမှ ဖြစ်ပေါ်လာတာလို့လည်း သိရပါတယ်။ ဒီရှားပါးလှတဲ့ သဘာဝ အသည်းပုံမြေကျွံ ဂလိုင်ပေါက်ကို ရုပ်သံထဲမှာ တွေ့မြင်ရမှာပါ။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/179285

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...