
မြစ်ပြင် ရေစီး ကြမ်းကြမ်း ထဲကို မျောပါ တော့မယ့် ဆဲဆဲ ဖြစ်နေ ခဲ့တဲ့ ခွေးကလေးရဲ့ အသက်ကို သက်စွန့် ဆံဖျား ကယ်တင် ခဲ့တဲ့ အဖော် ခွေး ကလေး တကောင်ရဲ့ ရုပ်သံ ဗွီဒီယို ဖိုင်ဟာ လတ်တလော အင်တာနက် စာမျက်နှာတွေ ပေါ်မှာ ရေပန်း စားနေ ခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ အာဂျင်တီးနားနိုင်ငံ၊ ကော်ဒိုဗာမြို့မှ ရေစီးသန်တဲ့ မြစ်တခု အနီးမှာ ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
အနက်ရောင် လက်ဘရေဒေါ (Labrador) အမျိုးအစား ခွေးကလေးဟာ သခင်ဖြစ်သူ အမျိုးသားတဦးနဲ့အတူ မြစ်ကမ်းဘေးမှာ ရှိနေခဲ့တာဖြစ်ပြီး သခင်က တုတ်တချောင်းကို လွှဲပစ်လိုက်ချိန်မှာ သူက လိုက်ဖမ်းဖို့ ကြိုးစားခဲ့တာပါ။
သူဟာ ရေထဲကျသွားတဲ့တုတ်ကို ဖမ်းမိခဲ့ပေမယ့် ကံမကောင်းစွာပဲ မြစ်ရေစီးကြောင်းကြားထဲကို ပြုတ်ကျခဲ့ပြီး မျောပါတော့မလို ဖြစ်ခဲ့တာပါ။
အဲဒီအချိန်မှာ ကမ်းပေါ်မှ သူ့ရဲ့အဖော် အ၀ါရောင်ခွေးကလေးက သူ့ကို ကယ်တင်နိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့တာကို တွေ့ရပါတယ်။
သူဟာ ရေထဲက ခွေးကလေးဆီမှ ကိုက်ချီထားတဲ့ တုတ်ချောင်းကို ပါးစပ်နဲ့ လှမ်းကိုက်ဆွဲယူပြီး ကမ်းပေါ်ကို ဆွဲတင်နိုင်ခဲ့တာပါ။
ဒီရုပ်သံဗွီဒီယိုဖိုင်ကို ရာဖဲလ် ဖရန့်ဆီယူလီ အမည်ရသူက ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့မှာ ယူကျုအင်တာနက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ ချိန်မှာတော့ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သောင်း ၅ ထောင် ၉ ရာကျော် ရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြ ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/186213

No comments: